မာခါသိလူမျိုး အဟသဘဲ၏သား ဧလိဖလက်၊ ဂိလောနိလူမျိုး အဟိသောဖေလ၏သား ဧလျံ၊
မာ ခါ မြို့ နေ အ ဟ သ ဘဲ သား ဧ လိ ဖ လက် ဂိ လော မြို့ နေ
မာခါသိအမျိုး အဟသဘဲ၏သား ဧလိဖလက်၊ ဂိလောနိအမျိုး အဟိသောဖေလ၏သား ဧလျံ၊
သူတို့အား ဒါဝိဒ်မင်းကြီးစက်ဆုပ်ရွံရှာသွားကြောင်းကို အမ္မုန်အမျိုးသားတို့သိသောအခါ အမ္မုန်အမျိုးသားတို့သည် လူလွှတ်၍ ဗက်ရဟောဘမြို့နှင့် ဇောဘမြို့မှဆီးရီးယားလူမျိုး ခြေလျင်တပ်သား အယောက်နှစ်သောင်း၊ မာခါဘုရင်ထံမှ လူတစ်ထောင်၊ တောဘမြို့မှ လူတစ်သောင်းနှစ်ထောင်တို့ကိုငှားရမ်းလေ၏။
အမ္မုန်အမျိုးသားတို့လည်း ချီလာပြီး မြို့တံခါးဝတွင် စစ်ခင်းကျင်းကြ၏။ ဇောဘမြို့နှင့် ရဟောဘမြို့မှဆီးရီးယားလူမျိုး၊ တောဘနှင့် မာခါအမျိုးသားတို့မူကား မြို့ပြင်တွင် အသီးသီးစစ်ခင်းကျင်းကြ၏။
ထိုအခါ ဒါဝိဒ်မင်းကြီးသည် လူလွှတ်၍ ထိုမိန်းမအကြောင်းကို မေးမြန်းစေရာ “သူသည် ဧလျံ၏သမီး၊ ဟိတ္တိလူမျိုး ဥရိယ၏မယား ဗာသရှေဘ ဖြစ်ပါ၏”ဟု ပြန်လျှောက်ကြ၏။
အဗရှလုံသည် ယဇ်ပူဇော်စဉ်တွင် ဒါဝိဒ်မင်းကြီး၏အကြံပေးဖြစ်သူ ဂိလောမြို့သား အဟိသောဖေလထံသို့ လူလွှတ်၍ သူ့နေရင်းမြို့ဖြစ်သောဂိလောမြို့မှ ခေါ်လာစေ၏။ အဗရှလုံထံ၌ လူအင်အားတိုးပွားလာပြီး လျှို့ဝှက်ကြံစည်မှုသည်လည်း အားကြီးလာလေ၏။
တစ်စုံတစ်ယောက်က ဒါဝိဒ်မင်းကြီးအား “အဗရှလုံနှင့်အတူ ပူးပေါင်းကြံစည်သူတို့ထဲတွင် အဟိသောဖေလလည်း ပါသည်”ဟု ကြားပြော၏။ ထိုအခါ ဒါဝိဒ်မင်းကြီးက “အို ထာဝရဘုရား၊ အဟိသောဖေလ၏အကြံကို မိုက်မဲသောအကြံဖြစ်စေတော်မူပါ”ဟု ဆုတောင်းလေ၏။
အဟိသောဖေလသည် မိမိပေးသောအကြံအတိုင်း မလုပ်သည်ကို သိမြင်လျှင် မြည်းကို ကုန်းနှီးတင်ပြီး နေရင်းမြို့ရှိ မိမိအိမ်သို့ ပြန်ကာ အိမ်သားတို့အား မှာစရာရှိသည်ကို မှာကြားပြီး မိမိကိုယ်ကို ကြိုးဆွဲချသေလေ၏။ သူ့ကို ဘိုးဘေးတို့၏သင်္ချိုင်းတွင် သင်္ဂြိုဟ်ကြ၏။
ရှေဘသည် အစ္စရေးအမျိုးအနွယ်အပေါင်းတို့ရှိရာသို့သွား၏။ အာဗေလမြို့၊ ဗက်မာခမြို့နှင့် ဗေရိမြို့သားအပေါင်းတို့ထံသို့လည်း ရောက်၏။ ထိုသူတို့သည် စုရုံးကြပြီး ရှေဘနောက်သို့လိုက်ကြ၏။
မနာရှေအမျိုး ယာဣရသည် ဂေရှုရိလူမျိုးနှင့်မာခါသိလူမျိုးတို့၏နယ်နိမိတ်တိုင်အောင် အာဂေါဘနယ်မြေတစ်ဝန်းလုံးဖြစ်သော ဗာရှန်ပြည်ကိုသိမ်းယူ၍ မိမိ၏အမည်ဖြင့် ဟာဝုတ်ယာဣရ ဟုယနေ့တိုင်အောင် မှည့်ခေါ်လေ၏။)
ဒါဝိဒ်သည် ဟိတ္တိလူမျိုး အဟိမလက်နှင့် ဇေရုယာ၏သား၊ ယွာဘ၏ညီ အဘိရှဲတို့အား “ရှောလုတပ်စခန်းသို့ဆင်းသွားလျှင် ငါနှင့် မည်သူလိုက်မည်နည်း”ဟု မေးရာ အဘိရှဲက “အကျွန်ုပ် လိုက်ပါမည်”ဟု ဆို၏။