၂ ရာ 23:3 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးလူမျိုး၏ဘုရားသခင်တည်းဟူသော အစ္စရေးလူမျိုး၏ကျောက်ဆောင်က ငါ့အား ‘ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောသူ၊ လူကို ဖြောင့်မှန်စွာ အုပ်စိုးသောသူသည် Common Language Bible ဣသရေလအမျိုးသားတို့၏ကွယ်ကာရာ အရှင် ဣသရေလအမျိုးသားတို့၏ဘုရားသခင်သည် ငါ့အားဤသို့မိန့်တော်မူ၏။ ``ဘုရားသခင်ကိုကြောက်ရွံ့ရိုသေလျက် တရားမျှတစွာအုပ်စိုးသောမင်းသည်၊ Garrad Bible ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင်၊ ဣ သ ရေ လ လူ မျိုး ၏ ကျောက် တောင် တော် က လည်း၊ ငါ ဘု ရား ကို ခန့် ညား လျက် လူ တို့ အ ပေါ် တွင် ဖြောင့် မတ် စွာ အုပ် စိုး စီ ရင် သူ သည် Judson Bible ဣသရေလအမျိုး၏ဘုရားသခင်၊ ဣသရေလအမျိုး၏ ကျောက်သည် ငါ့အားဖြင့် မိန့်မြွက်တော်မူသည်ကား၊ လူတို့ကို အုပ်စိုးသောသူသည် တရားသဖြင့်စီရင်၍ ဘုရားသခင်ကို ကြောက်ရွံ့လျက် အုပ်စိုးရမည်။ |
အကြောင်းမူကား ထာဝရဘုရားမှတစ်ပါး မည်သူသည် ဘုရားသခင်ဖြစ်သနည်း။ ငါတို့၏ဘုရားသခင်မှတစ်ပါး မည်သူသည် ကျောက်ဆောင်ဖြစ်သနည်း။
ဒါဝိဒ်မင်းကြီးသည် အစ္စရေးတစ်မျိုးလုံးကို အုပ်စိုး၍ ပြည်သူပြည်သားအပေါင်းတို့ကို တရားမျှတစွာ၊ ဖြောင့်မတ်စွာ အုပ်ချုပ်၏။
မင်းကြီးကိုနှစ်သက်မြတ်နိုး၍ အစ္စရေးရာဇပလ္လင်တွင် စံမြန်းစေတော်မူသော မင်းကြီး၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိစေသတည်း။ ထာဝရဘုရားသည် အစ္စရေးလူမျိုးကို ထာဝရချစ်တော်မူသည်ဖြစ်၍ သူတို့ကို တရားမျှတစွာ၊ ဖြောင့်မတ်စွာစီရင်အုပ်ချုပ်ရန် မင်းကြီးကို ရှင်ဘုရင်အဖြစ် ခန့်ထားတော်မူပြီ”ဟု ဆိုလေ၏။
အာတဇေရဇ်မင်းကြီး နန်းစံအနှစ်နှစ်ဆယ်မှ သုံးဆယ့်နှစ်နှစ်အထိ တစ်ဆယ့်နှစ်နှစ်တိုင်တိုင် ငါသည် ယုဒပြည်၌ ဘုရင်ခံအဖြစ် ခန့်အပ်ခံရသောအချိန်တွင်လည်း ငါနှင့်ငါ့ညီအစ်ကိုတို့သည် ဘုရင်ခံရိက္ခာကို မစားပေ။
တရားမျှတမှုကိုမုန်းသောသူက အုပ်ချုပ်ရမည်လော။ ဖြောင့်မတ်သောအရှင်၊ တန်ခိုးကြီးသောအရှင်ကို သင်ပြစ်တင်ရှုတ်ချမည်လော။
ထာဝရဘုရားသည် သင်၏တန်ခိုးကြီးသော ရာဇလှံတံကို ဇိအုန်မှစေလွှတ်တော်မူလိမ့်မည်။ သင်၏ရန်သူများအလယ်၌ အုပ်စိုးလော့။
ငါ၏ကျောက်ဖြစ်တော်မူသောဘုရားသခင်အား “အကျွန်ုပ်ကို အဘယ်ကြောင့် မေ့လျော့တော်မူသနည်း။ အကျွန်ုပ်သည် အဘယ်ကြောင့် ရန်သူတို့၏ဖိနှိပ်မှုထဲ၌ ဝမ်းနည်းပူဆွေးလျက်သွားလာရပါသနည်း”ဟု ငါလျှောက်၏။
အို ဘုရားသခင်၊ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့ကို ရှင်ဘုရင်အားလည်းကောင်း၊ ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ရှင်ဘုရင်၏သားတော်အားလည်းကောင်း ပေးတော်မူပါ။
ထိုမင်းသည် ကိုယ်တော်၏လူမျိုးတော်ကို ဖြောင့်မတ်ခြင်းဖြင့်လည်းကောင်း၊ အဖိနှိပ်ခံရသော ကိုယ်တော်၏လူတို့ကို တရားမျှတခြင်းဖြင့်လည်းကောင်း စစ်ကြောစီရင်ပါစေသော။
လူအပေါင်းတို့ထဲမှ အရည်အချင်းရှိသောသူ၊ ဘုရားသခင်ကိုကြောက်ရွံ့သောသူ၊ သစ္စာရှိသောသူ၊ မတရားသောအကျိုးစီးပွားကိုမုန်းသောသူတို့ကို ရွေးချယ်၍ သူတို့ကို လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ်အဖြစ် ခန့်ထားရမည်။
“ငါသည် သင့်ကို ကျွန်ခံရာအိမ်အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော သင်၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
တစ်ဖန် ဘုရားသခင်က မောရှေအား “သင်သည် အစ္စရေးအမျိုးသားတို့အား ‘သင်တို့ဘိုးဘေးတို့၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရားတည်းဟူသော ထာဝရဘုရားသည် ငါ့ကို သင်တို့ထံသို့ စေလွှတ်တော်မူပြီ။ ဤနာမသည် ငါ၏ထာဝရနာမဖြစ်၏။ မျိုးဆက်အစဉ်အဆက် သိမှတ်ရမည့် ငါ၏နာမဖြစ်၏’ဟု ပြောရမည်။
သင်၏နှုတ်ကိုဖွင့်လျက် ဖြောင့်မတ်စွာတရားစီရင်လော့။ အဖိနှိပ်ခံရသောသူနှင့် နွမ်းပါးသောသူ၏အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးလော့။
ကြည့်ရှုလော့။ ရှင်ဘုရင်တစ်ပါးသည် ဖြောင့်မတ်စွာ စိုးစံမည်။ အကြီးအကဲတို့သည်လည်း တရားမျှတစွာ အုပ်ချုပ်မည်။
ထာဝရဘုရားက “ကြည့်ရှုလော့။ အချိန်ကျရောက်ပြီ။ ဖြောင့်မတ်ခြင်းအကိုင်းကို ဒါဝိဒ်အမျိုးမှ ငါပေါ်ထွက်စေမည်။ သူသည် ဘုရင်အဖြစ်အုပ်စိုးမည်။ ပညာသတိရှိလျက် ပြည်တော်၌ တရားမျှတစွာ၊ ဖြောင့်မတ်စွာ စီရင်မည်။
အို ဇိအုန်သမီးပျို၊ အားရရွှင်လန်းလော့။ အို ဂျေရုဆလင်သမီးပျို၊ ဝမ်းမြောက်စွာကြွေးကြော်လော့။ ကြည့်ရှုလော့။ သင်၏ရှင်ဘုရင်သည် သင့်ထံသို့ ကြွလာပြီ။ သူသည် ဖြောင့်မတ်သောအရှင်၊ ကယ်တင်ပိုင်သောအရှင်ဖြစ်တော်မူ၏။ နှိမ့်ချသောအရှင်လည်းဖြစ်တော်မူ၏။ မြည်းမ၏သားငယ် မြည်းကလေးကိုစီး၍ ကြွလာတော်မူ၏။
အို ကျောက်ဆောင်၊ ကိုယ်တော်ပြုတော်မူသောအမှုသည် ပြီးပြည့်စုံပါ၏။ မှန်ပေ၏။ ကိုယ်တော်၏နည်းလမ်းတော်ရှိသမျှတို့သည် တရားမျှတပါ၏။ ကိုယ်တော်သည် မတရားမှုကိုမပြု၊ သစ္စာရှိသောဘုရားဖြစ်တော်မူ၏။ ဖြောင့်မတ်မှန်ကန်သောဘုရားဖြစ်တော်မူ၏။
သို့သော် သားတော်နှင့်ပတ်သက်၍မူကား “အို ဘုရားသခင်၊ ကိုယ်တော်၏ပလ္လင်သည် ကမ္ဘာအဆက်ဆက်တည်၍ ဖြောင့်မှန်သောအုပ်ချုပ်မှုသည် ကိုယ်တော့်နိုင်ငံတော်၏အုပ်ချုပ်မှုဖြစ်ပါ၏။