ယောဘဝတ္တု။ 34:17 - မြန်မာ့စံမီသမ္မာကျမ်း17 တရားမျှတမှုကိုမုန်းသောသူက အုပ်ချုပ်ရမည်လော။ ဖြောင့်မတ်သောအရှင်၊ တန်ခိုးကြီးသောအရှင်ကို သင်ပြစ်တင်ရှုတ်ချမည်လော။ အခန်းကိုကြည့်ပါ။Common Language Bible17 တရားကို မုန်းသောသူသည် အစိုးရရမည်လော။ တရားသဖြင့် စီရင်၍ တန်ခိုးကြီးသောသူကို အပြစ်တင်သင့်သလော။ အခန်းကိုကြည့်ပါ။Garrad Bible17-19 တ ရား ကို မုန်း ထား လျှင်၊ အုပ် စိုး နိုင် သူ ရှိ မည် လော။ ရှင် ဘု ရင် အား ယုတ် မာ သည်။ မှူး မတ် တို့ အား ဆိုး သွမ်း သည် ဟု မိန့် ဆို တော် မူ ထ သော၊ ရှိ သ မျှ တို့ သည် လက် ရုံး တော် အ မှု ဖြစ် ကြ သည့် အ တိုင်း၊ အ ကြီး အ ကဲ တို့ မျက် နှာ ကို မ ထောက်၊ နွမ်း ပါး သူ ထက် သူ ကြွယ် ကို အာ ရုံ ပြု တော် မ မူ ထ သော၊ တန် ခိုး ကြီး၍ ဖြောင့် မတ် သော အ ရှင် ကို အ ပြစ် စီ ရင် ဝံ့ မည် လော။ အခန်းကိုကြည့်ပါ။Judson Bible17 တရားကို မုန်းသောသူသည် အစိုးရရမည်လော။ တရားသဖြင့် စီရင်၍ တန်ခိုးကြီးသောသူကို အပြစ်တင်သင့်သလော။ အခန်းကိုကြည့်ပါ။ |
ဖြောင့်မတ်သောသူကို ဆိုးယုတ်သောသူနှင့်အတူ ကွပ်မျက်သောအမှုမျိုးပြုခြင်းသည် ကိုယ်တော်နှင့်ဝေးပါစေ။ ဖြောင့်မတ်သောသူကို ဆိုးယုတ်သောသူကဲ့သို့ ခံစားစေသောအမှုသည် ကိုယ်တော်နှင့်ဝေးပါစေ။ ကမ္ဘာမြေတစ်ခွင်လုံးကိုတရားစီရင်တော်မူသောအရှင်သည် တရားမျှတစွာပြုတော်မူမည်မဟုတ်လော”ဟု လျှောက်လေ၏။