ယာကုပ်သည် မိမိအားဘုရားသခင်မိန့်မြွက်တော်မူသောအရပ်၌ ကျောက်တိုင်တစ်တိုင်ကို စိုက်ထူလေ၏။ သူသည် ၎င်းအပေါ်၌ သွန်းလောင်းရာပူဇော်သက္ကာကိုသွန်းလောင်း၍ ဆီကိုလည်းလောင်း၏။
၂ ရာ 23:16 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူရဲကောင်းသုံးဦးသည် ဖိလိတ္တိတပ်စခန်းကို ထိုးဖောက်ပြီး ဗက်လင်မြို့တံခါးအနီးရှိရေတွင်းမှ ရေကိုခပ်ယူကာ ဒါဝိဒ်မင်းကြီးထံ ယူဆောင်လာပေး၏။ သို့သော် ဒါဝိဒ်မင်းကြီးသည် ထိုရေကိုမသောက်ဘဲ ထာဝရဘုရားရှေ့တော်တွင် သွန်းလျက် Common Language Bible နာမည်ကျော်ရဲဘော်သုံးယောက်တို့သည် ဖိလိတ္တိတပ်စခန်းကိုထိုးဖောက်ပြီးနောက် ရေတွင်းမှရေကိုခပ်ယူ၍ဒါဝိဒ်ထံသို့ ယူဆောင်ခဲ့ကြ၏။ သို့ရာတွင်မင်းကြီးသည် ထိုရေကိုသောက်တော်မမူဘဲထာဝရ ဘုရားအားပူဇော်သည့်အနေဖြင့်သွန်း လောင်းလျက်၊- Garrad Bible ဖိ လိ တ္တိ တပ် ကို ဖောက် ထွင်း ပြီး လျှင် ဗက် လင် မြို့ တံ ခါး အ နီး ရှိ တွင်း ရေ ကို ခပ် ယူ လျက် ဒါ ဝိဒ် အား ပေး ကြ သော် ဒါ ဝိဒ် က၊ အို ထာ ဝ ရ ဘု ရား ကိုယ့် အ သက် ကို စွန့် စား ၍ သွား ခပ် သော ထို သူ တို့ အ သွေး ကို သောက် ခြင်း အ မှု သည် အ ကျွန်ုပ် နှင့် ကင်း ဝေး ပါ စေ သော ဟု ဆို လျက် မ သောက် ဘဲ ထာ ဝ ရ ဘု ရား ရှေ့ တော်၌ သွန်း လောင်း လေ၏။ ဆို ခဲ့ သော ရဲ ဗိုလ် သုံး ယောက် တို့ သည် ထို အ မှု များ ကို ပြု ကြ သ တည်း။ Judson Bible ထိုသူရဲသုံးယောက်တို့သည် ဖိလိတ္တိတပ်ကိုဖျက်၍ ဗက်လင်မြို့ တံခါးနားမှာရှိသော ရေတွင်းထဲကရေကိုခပ်ယူပြီးလျှင် ဒါဝိဒ်ထံတော်သို့ ဆောင်ခဲ့ကြ၏။ သို့သော်လည်း၊ ဒါဝိဒ်သည်မသောက်ဘဲ ထာဝရဘုရားရှေ့တော်၌သွန်းလျက်၊ |
ယာကုပ်သည် မိမိအားဘုရားသခင်မိန့်မြွက်တော်မူသောအရပ်၌ ကျောက်တိုင်တစ်တိုင်ကို စိုက်ထူလေ၏။ သူသည် ၎င်းအပေါ်၌ သွန်းလောင်းရာပူဇော်သက္ကာကိုသွန်းလောင်း၍ ဆီကိုလည်းလောင်း၏။
သူရဲကောင်း နောက်တစ်ဦးမှာ အဟောဟိ၏မြေး၊ ဒေါဒေါ၏သား ဧလာဇာ ဖြစ်၏။ စစ်တိုက်ရန် ချီလာသောဖိလိတ္တိလူမျိုးတို့ကို ဒါဝိဒ်မင်းကြီးနှင့်အတူစိန်ခေါ်ခဲ့သူ သူရဲကောင်းသုံးဦးတွင် သူလည်း အပါအဝင်ဖြစ်၏။ အစ္စရေးအမျိုးသားတို့ ဆုတ်ခွာသွားသောအခါ
ထိုသူရဲကောင်းသုံးဦးသည် ဖိလိတ္တိတပ်စခန်းကို ထိုးဖောက်ပြီး ဗက်လင်မြို့တံခါးအနီးရှိရေတွင်းမှ ရေကိုခပ်ယူကာ ဒါဝိဒ်မင်းကြီးထံ ယူဆောင်လာပေး၏။ သို့သော် ဒါဝိဒ်မင်းကြီးသည် ထိုရေကိုမသောက်ဘဲ ထာဝရဘုရားရှေ့တော်တွင် သွန်းလျက်
တစ်စုံတစ်ဦးသည် သူတို့တစ်ဦးဦးကိုအနိုင်ယူလျှင်လည်း နှစ်ဦးအားဖြင့် ထိုသူကိုတောင့်ခံနိုင်၏။ သုံးလွန်းတင်သောကြိုးသည် အလွယ်တကူမပြတ်နိုင်။
ညဥ့်ဦးယံ၌ ထ၍အော်ဟစ်လော့။ ရေကိုသွန်ချသကဲ့သို့ သင့်စိတ်နှလုံးကို ဘုရားရှင်၏ရှေ့တော်၌ ဖွင့်ချလော့။ သင့်ကလေးသူငယ်များ၏အသက်အတွက် ကိုယ်တော့်ထံတော်သို့ သင်၏လက်ကို မြှောက်လော့။ သူတို့သည် ငတ်မွတ်၍ လမ်းဆုံလမ်းခွတိုင်း၌ လဲကျကြလေပြီ။
သွန်းလောင်းရာပူဇော်သက္ကာအတွက် သိုးသငယ်တစ်ကောင်နှင့်အတူ စပျစ်ဝိုင်တစ်ဟိန်၏လေးပုံတစ်ပုံကို သွန်းလောင်းရာပူဇော်သက္ကာအဖြစ် ထာဝရဘုရားအဖို့ သန့်ရှင်းရာဌာန၌ သွန်းလောင်းရမည်။
သို့ရာတွင် ငါသည် မိမိပြေးရမည့်တာကို အဆုံးတိုင်အောင်ပြေး၍ ဘုရားသခင်၏ကျေးဇူးတော်နှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုသက်သေခံရန် သခင်ယေရှုထံမှ ငါရရှိသောအမှုတော်လုပ်ငန်းကို ပြီးမြောက်စေနိုင်ရန်အတွက်ဆိုလျှင် ငါ့အသက်ကိုပင် ငါပဓာနမထားပေ။
အကြောင်းမှာ ဖြောင့်မတ်သောသူအတွက် အသေခံမည့်သူရှိခဲ၏။ သူတော်ကောင်းအတွက်ကား အသေခံဝံ့သူရှိကောင်းရှိလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်သည် ငါတို့ကိုလွှမ်းမိုးလျက်ရှိ၏။ ငါတို့သည် ဤသို့ယူဆကြ၏။ တစ်ယောက်သောသူသည် လူအပေါင်းတို့အတွက် အသေခံသည်ဖြစ်၍ လူအပေါင်းတို့သည် သေဆုံးခဲ့ကြပြီ။
ထိုမျှမက သင်တို့၏ယုံကြည်ခြင်းနှင့်ဆိုင်သော ဝတ်ပြုခြင်းနှင့်ယဇ်ပူဇော်ခြင်းတို့အပေါ်၌ ငါသွန်းလောင်းပူဇော်ခြင်းခံရမည်ဆိုလျှင်လည်း ငါဝမ်းမြောက်၏။ သင်တို့အားလုံးနှင့်အတူ ငါဝမ်းမြောက်၏။
သူသည် အသက်ကိုရင်းပြီး ဖိလိတ္တိလူမျိုးတို့ကို တိုက်ခိုက်ခဲ့၏။ ထာဝရဘုရားသည် အစ္စရေးလူမျိုးအပေါင်းတို့အတွက် အောင်ပွဲကြီးကို ဆောင်ကြဉ်းပေးခဲ့သည်ကိုလည်း အရှင်မင်းကြီးမြင်၍ ဝမ်းမြောက်ခဲ့ပါ၏။ သို့ဖြစ်လျက် ဒါဝိဒ်ကို အကြောင်းမရှိဘဲ သတ်ဖြတ်ပြီး အပြစ်မဲ့သောသူကို အဘယ်ကြောင့် ပြစ်မှားရမည်နည်း”ဟု ဆို၏။
အစ္စရေးအမျိုးသားတို့သည်လည်း မိဇပါမြို့၌စုဝေးကြ၏။ ရေကိုခပ်ပြီး ထာဝရဘုရားရှေ့တော်၌သွန်းလောင်းကြ၏။ ထိုနေ့၌ အစာရှောင်ကြပြီး သူတို့က “အကျွန်ုပ်တို့သည် ထာဝရဘုရားကိုပြစ်မှားခဲ့ကြပြီ”ဟု ဝန်ခံကြ၏။ ဤသို့ဖြင့် ရှမွေလသည် မိဇပါမြို့၌ အစ္စရေးအမျိုးသားတို့ကို စီရင်အုပ်ချုပ်လေ၏။