၂ ရာ 22:9 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်၏နှာခေါင်းတော်ထဲမှ မီးခိုးထွက်၍ ခံတွင်းတော်ထဲမှ မီးတောက်ထွက်လာ၏။ ထိုမီးတောက်ကြောင့် မီးခဲတို့သည် တောက်လောင်ကြ၏။ Common Language Bible နှာခေါင်းတော်ထဲမှမီးခိုးများသည်လည်းကောင်း၊ ခံတွင်းတော်ထဲမှကျွမ်းလောင်စေတတ်သည့် မီးလျှံနှင့်မီးကျီးခဲများသည်လည်းကောင်း ထွက်လေ၏။ Garrad Bible နှာ တော် မှ အ ခိုး ထွက် လျက် နှုတ် တော် မှ မီး လျှံ လည်း ကျွမ်း လောင် လျက် မီး သွေး များ ကို တောက်ညိ စေ ၏။ Judson Bible နှာခေါင်းတော်ထဲက မီးခိုးထွက်၍၊ နှုတ်တော်ထဲက မီးလောင်သောအားဖြင့် မီးခဲတောက်လေ၏။ |
ထာဝရဘုရား၏ဆုံးမခြင်းနှင့် နှာခေါင်းတော်ထဲမှ ရှူထုတ်သောလေကြောင့် ပင်လယ်ကြမ်းပြင်များ ပေါ်လာ၍ ကမ္ဘာကြီး၏အောက်ခြေတို့သည် ဟင်းလင်းပြင်ဖြစ်လေ၏။
ဘုရားသခင်ထံတော်မှ ထွက်သက်လေတစ်ချက်တည်းနှင့် ထိုသူတို့ ပျက်စီးရ၏။ အမျက်တော်အရှိန်နှင့် ထိုသူတို့ ဘဝနိဂုံးချုပ်ရ၏။
အို ထာဝရဘုရား၊ ကိုယ်တော်၏ဆုံးမခြင်းနှင့် နှာခေါင်းတော်ထဲမှ ရှူထုတ်သောလေကြောင့် ပင်လယ်ကြမ်းပြင်များ ပေါ်လာ၍ ကမ္ဘာကြီး၏အောက်ခြေတို့သည် ဟင်းလင်းပြင်ဖြစ်လေ၏။
ကိုယ်တော်၏နှာခေါင်းတော်ထဲမှ မီးခိုးထွက်၍ ခံတွင်းတော်ထဲမှ မီးတောက်ထွက်လာ၏။ ထိုမီးတောက်ကြောင့် မီးခဲတို့သည် တောက်လောင်ကြ၏။
ထာဝရဘုရားသည် သိနာတောင်ပေါ်သို့ မီးဖြင့်ကြွဆင်းတော်မူသောကြောင့် တစ်တောင်လုံးမီးခိုးထွက်လေ၏။ မီးခိုးသည် မီးပြင်းဖို၏မီးခိုးကဲ့သို့တက်၏။ တောင်တစ်တောင်လုံးသည်လည်း ပြင်းထန်စွာတုန်လှုပ်လေ၏။
ထာဝရဘုရား၏ဘုန်းအသရေတော်သည် အစ္စရေးအမျိုးသားတို့မျက်မှောက်တွင် တောင်ထိပ်ပေါ်၌လောင်ကျွမ်းနေသောမီးကဲ့သို့ ထင်ရှား၏။
ကြည့်ရှုလော့။ ထာဝရဘုရား၏နာမတော်သည် တောက်လောင်နေသောအမျက်တော်၊ ထူထပ်သည့်မီးခိုးလုံးတို့ဖြင့် ဝေးလံသောအရပ်မှလာ၏။ ကိုယ်တော်၏နှုတ်သည် အမျက်ဒေါသနှင့်ပြည့်၏။ ကိုယ်တော်၏လျှာသည် တောက်လောင်နေသောမီးကဲ့သို့ဖြစ်၏။
အကယ်စင်စစ် တောဖက်အရပ်ကို ရှေးယခင်ကပင် ပြင်ဆင်ထားလေပြီ။ ထိုအရပ်ကို ရှင်ဘုရင်အတွက် အဆင်သင့်ဖြစ်စေပြီ။ ထိုအရပ်သည် နက်၍ကျယ်ဝန်းပြီး မီးရှို့ရန်ထင်းအမြောက်အမြားပုံထား၏။ ထာဝရဘုရား၏ထွက်သက်လေသည် ကန့်ရည်စီးကြောင်းကဲ့သို့ထွက်လာ၍ ထိုအရပ်ကို မီးစွဲလောင်စေမည်။
တောက်လောင်သောငါ့အမျက်မီးသည် သင်တို့ကိုလောင်ကျွမ်းမည်ဖြစ်၍ သင်မသိသောပြည်သို့ ရန်သူတို့နှင့်အတူ သင်လိုက်ပါသွားရမည်”ဟု မိန့်တော်မူ၏။
သို့ဖြစ်၍ ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်ထာဝရဘုရားက “ထိုသို့ သူတို့ပြောသောကြောင့် ငါ့စကားကို သင့်နှုတ်၌ မီးကဲ့သို့ဖြစ်စေ၍ ဤလူမျိုးကို ထင်းကဲ့သို့ဖြစ်စေမည်။ မီးသည် သူတို့ကို လောင်ကျွမ်းလိမ့်မည်”ဟု မိန့်တော်မူ၏။
ကပ်ရောဂါသည် ကိုယ်တော့်ရှေ့မှသွား၍ ပူလောင်ခြင်းသည် ခြေတော်ရာနောက်မှထက်ကြပ်မကွာလိုက်၏။
ငါ့အမျက်မီးသည် စွဲ၍ မရဏာနိုင်ငံအောက်ဆုံးထိတိုင်အောင် တောက်လောင်လိမ့်မည်။ မြေကြီးနှင့် မြေကြီးအသီးအနှံတို့ကို ဝါးမျို၍ တောင်များ၏အခြေအမြစ်တို့ကို လောင်ကျွမ်းလိမ့်မည်။