၂ ရာ 21:12 - မြန်မာ့စံမီသမ္မာကျမ်း
ထိုအခါ ဒါဝိဒ်မင်းကြီးသည် ယာဗက်ဂိလဒ်မြို့သားတို့ထံမှ ရှောလုမင်းကြီးနှင့်သားတော်ယောနသန်တို့၏အရိုးကို သွားယူလာခဲ့၏။ ရှောလုမင်းကြီးကိုဂိလဗောတောင်ပေါ်တွင် ဖိလိတ္တိလူမျိုးတို့သတ်သောနေ့၌ ဗက်ရှန်မြို့ လမ်းဆုံလမ်းခွတွင် သူတို့အား ချိတ်ဆွဲထားသည်ကို ယာဗက်ဂိလဒ်မြို့သားတို့ ခိုးယူခဲ့ကြခြင်းဖြစ်၏။
အခန်းကိုကြည့်ပါ။
ဒါဝိဒ်သည်ဂိလဒ်ပြည်သို့သွား၍ယာဗက်မြို့ သားတို့ထံမှ ရှောလုနှင့်ယောနသန်၏အရိုး တို့ကိုဆောင်ယူတော်မူ၏။ (ယာဗက်မြို့သား တို့သည်ထိုအရိုးတို့ကိုဗက်ရှန်မြို့ရင်ပြင်မှ လျှို့ဝှက်စွာဆောင်ယူခဲ့ကြ၏။ ဖိလိတ္တိအမျိုး သားတို့သည်ဂိလဗောတောင်ပေါ်တွင် ရှောလု ကိုသတ်ပြီးနောက်သူ၏အလောင်းနှင့်ယော နသန်၏အလောင်းကိုဗက်ရှန်မြို့ရင်ပြင် တွင်ဆွဲထားကြသည်။-)
အခန်းကိုကြည့်ပါ။
ဂိ လ ဗော တောင် ရိုး၌ ရှော လု မင်း ကို လုပ် ကြံ သူ ဖိ လိ တ္တိ တပ် သား တို့ ဆွဲ ထား ကြ သည့် အ လောင်း တော် များ ကို ဗက် ရှန် လမ်း ဆုံ မှ လျှို့ တစ် ဝှက် ဆောင် ယူ သော ဂိ လဒ် နယ်၊ ယာ ဗက် မြို့ သား တို့ ထံ ချီ ထွက် ၍
အခန်းကိုကြည့်ပါ။
ဖိလိတ္တိလူတို့သည် ဂိလဗောတောင်၌ ရှောလုကိုသတ်၍၊ အလောင်းတော်ကိုဆွဲထားရာ ဗက်ရှမ်လမ်းမှ ခိုးသွားသော ဂိလဒ်ပြည် ယာဗက်မြို့သူမြို့သားတို့ရှိရာသို့ ရှင်ဘုရင်သွား၍၊ ရှောလုအရိုးနှင့် သားတော်ယောနသန်အရိုးတို့ကိုယူ၍၊
အခန်းကိုကြည့်ပါ။