၁ ရာ 31:1 - မြန်မာ့စံမီသမ္မာကျမ်း1 တစ်ချိန်တွင် ဖိလိတ္တိလူမျိုးတို့နှင့် အစ္စရေးလူမျိုးတို့ တိုက်ခိုက်ကြရာ အစ္စရေးလူမျိုးတို့သည် ဖိလိတ္တိလူမျိုးတို့ထံမှ ထွက်ပြေးကြရပြီး ဂိလဗောတောင်ပေါ်တွင် လဲကျသေဆုံးကြရ၏။ အခန်းကိုကြည့်ပါ။Common Language Bible1 ဂိလဗောတောင်ပေါ်တွင်ဖိလိတ္တိအမျိုးသား တို့နှင့် ဣသရေလအမျိုးသားတို့တိုက်ပွဲ ဖြစ်ရာ ဣသရေလအမျိုးသားအများ အပြားကျဆုံးကြ၏။ ကျန်သောသူတို့ သည်ထွက်ပြေးကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible1 ဣ သ ရေ လူ မျိုး နှင့် ဖိ လိ တ္တိ လူ မျိုး စစ် တိုက် ရာ ဣ သ ရေ လ တပ် ဆုတ် ပြေး ရ၍ ဂိ လ ဗော တောင် ရိုး တစ် လျှောက် ကျ ဆုံး ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible1 ဖိလိတ္တိလူတို့သည် ဣသရေလလူတို့ကို စစ်တိုက်၍၊ ဣသရေလလူတို့သည် ရန်သူရှေ့မှာပြေးသဖြင့်၊ ဂိလဗောတောင်ပေါ်မှာ အထိအခိုက်နှင့် လဲ၍သေကြ၏။ အခန်းကိုကြည့်ပါ။ |
ဂိလဗောတောင်များပေါ်တွင် နှင်းမကျပါစေနှင့်။ မိုးလည်း မရွာပါစေနှင့်။ လယ်မြေတို့တွင်လည်း လှူဖွယ်ကောက်နှံတို့ မဖြစ်ထွန်းပါစေနှင့်။ အကြောင်းမှာ ထိုအရပ်တွင် သူရဲကောင်းတို့၏ဒိုင်းလွှားများ ရှုံးနိမ့်ရလေပြီ။ ရှောလုမင်းကြီး၏ဒိုင်းလွှားသည်လည်း ဆီသထားခြင်း မရှိတော့ပြီ။
ရှမွေလကလည်း ရှောလုမင်းကြီးအား “အဘယ်ကြောင့် ငါ့ကိုခေါ်ပြီးနှောင့်ယှက်နေသနည်း”ဟု မေးလျှင် ရှောလုမင်းကြီးက “အကျွန်ုပ် အလွန်ဒုက္ခရောက်နေပါ၏။ ဖိလိတ္တိလူမျိုးတို့သည် အကျွန်ုပ်ကို လာတိုက်ပါ၏။ ဘုရားသခင်လည်း အကျွန်ုပ်ကို စွန့်ပစ်ပါပြီ။ ပရောဖက်အားဖြင့်ဖြစ်စေ၊ အိပ်မက်အားဖြင့်ဖြစ်စေ အကျွန်ုပ်ကို မထူးတော့ပါ။ အကျွန်ုပ် မည်သို့ပြုရမည်ကို ပြောပြပေးရန်အတွက် အရှင့်ကို ခေါ်ရခြင်းဖြစ်ပါ၏”ဟု ဆို၏။
ရှောလုမင်းကြီး၏သား ယောနသန်၌ ခြေမသန်သောသားတစ်ဦးရှိ၏။ ယေဇရေလမြို့မှ ရှောလုမင်းကြီးနှင့်ယောနသန်၏သတင်းရောက်လာချိန်၌ ထိုသားသည် အသက်ငါးနှစ်သာရှိသေး၏။ ထိုသတင်းကြောင့် သူ့အထိန်းတော်သည် သူ့ကိုပွေ့ချီလျက် အလန့်တကြားထွက်ပြေးရာမှ ထိုကလေးပြုတ်ကျပြီး ခြေမသန်ဖြစ်ရခြင်းဖြစ်၏။ ထိုကလေး၏အမည်မှာ မေဖိဗောရှက်ဖြစ်၏။