ဇေရုယာသား ယွာဘနှင့် ဒါဝိဒ်မင်းကြီး၏အမှုထမ်းတို့လည်း ထွက်လာ၍ ဂိဗောင်ရေကန်နား၌ တစ်ဖွဲ့နှင့်တစ်ဖွဲ့ဆုံကြ၏။ တစ်ဖွဲ့သည် ရေကန်၏တစ်ဖက်တွင်နေရာယူ၍ အခြားတစ်ဖွဲ့သည် ရေကန်၏အခြားတစ်ဖက်တွင် နေရာယူကြ၏။
၂ ရာ 20:8 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ဂိဗောင်မြို့ရှိ ကျောက်တုံးကြီးနားသို့ ရောက်သောအခါ အာမသသည် သူတို့ကို လာရောက်တွေ့ဆုံ၏။ ယွာဘသည် စစ်ဝတ်တန်ဆာများကို ဝတ်ဆင်၍ ခါးပန်းလည်း စည်းထား၏။ ဓားကိုလည်း ဓားအိမ်ထဲထည့်၍ ခါးပန်းကြိုးတွင် ချိတ်ထားရာ ရှေ့သို့လှမ်းသွားစဉ်တွင် လျှောကျလာ၏။ Common Language Bible ဂိဗောင်မြို့ရှိကျောက်တုံးကြီးသို့ရောက် သောအခါ သူတို့သည်အာမသနှင့်တွေ့ ဆုံမိကြ၏။ ယွာဘသည်စစ်ပွဲဝင်ရန် အဝတ်တန်ဆာများကိုဝတ်ဆင်ကာ ဋ္ဌား ကိုဋ္ဌားအိမ်တွင်ထည့်၍ခါးပတ်တွင်ချိတ် ထား၏။ သူသည်ရှေ့သို့တိုးလိုက်ရာဋ္ဌား အိမ်မှလျှောကျလာ၏။- Garrad Bible ဂိ ဗောင် မြို့ နယ် ကျောက် တော် သို့ ရောက်၍ အာ မ သ နှင့် တွေ့ ဆုံ ရာ ယွာ ဘ သည် ဆင် ယင် သော ချပ် ဝတ် တန် ဆာ ပေါ် တွင် အိမ် နှင့် တ ကွ ဓား တစ် စင်း ကို ခါး ၌ ညှပ် စည်း လျက် သွား စဉ် အိမ် မှ ဓား ကျွတ် ၍ ကျ ၏။ Judson Bible ဂိဗောင်မြို့၌ရှိသော ကျောက်ကြီးသို့ ရောက်ကြသောအခါ၊ အာမသသည် သူတို့ရှေ့သို့ ချီသွားလေ၏။ ယွာဘသည် မိမိဝတ်သောအဝတ်ကို ခါး၌စည်းလျက်၊ ထိုခါးစည်းပေါ်မှာလည်း ဓားကိုအိမ်နှင့်တကွ ဆွဲလျက်ထား၏။ သွားစဉ်တွင် ဓားသည် လျှော၍ကျ၏။ |
ဇေရုယာသား ယွာဘနှင့် ဒါဝိဒ်မင်းကြီး၏အမှုထမ်းတို့လည်း ထွက်လာ၍ ဂိဗောင်ရေကန်နား၌ တစ်ဖွဲ့နှင့်တစ်ဖွဲ့ဆုံကြ၏။ တစ်ဖွဲ့သည် ရေကန်၏တစ်ဖက်တွင်နေရာယူ၍ အခြားတစ်ဖွဲ့သည် ရေကန်၏အခြားတစ်ဖက်တွင် နေရာယူကြ၏။
ယွာဘနှင့် သူ့ညီအဘိရှဲတို့သည် အာဗနာကိုသတ်လေ၏။ အကြောင်းမူကား ဂိဗောင်တိုက်ပွဲတွင် အာဗနာသည် သူတို့၏ညီ အာသဟေလကို သတ်သောကြောင့်ဖြစ်၏။
ယောဟန်သည် ကုလားအုတ်အမွေးဖြင့်လုပ်ထားသောအဝတ်ကိုဝတ်၍ ခါး၌သားရေခါးပန်းကိုစည်းထား၏။ သူ၏အစားအစာမူကား ကျိုင်းကောင်နှင့်တောပျားရည်တို့ဖြစ်ကြ၏။
ဧဟုဒသည် အသွားနှစ်ဖက်ပါ၍ အလျားတစ်တောင်ခန့်ရှည်သောသန်လျက်ကို ပြုလုပ်ပြီးလျှင် ယာဘက်ပေါင်၊ အဝတ်အောက်တွင် ဝှက်ထား၍