ယွာဘသည် အာဗနာကိုလိုက်ရာမှ ပြန်လာပြီးနောက် လူအားလုံးကို စုဝေးစေရာ အာသဟေလနှင့် ဒါဝိဒ်မင်းကြီး၏အစေအပါး တစ်ဆယ့်ကိုးယောက် ပျောက်ဆုံးနေသည်ကို တွေ့ရ၏။
၂ ရာ 2:29 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် အာဗနာနှင့် သူ့လူတို့သည် တစ်ညလုံး အရာဗလွင်ပြင်တစ်လျှောက် ချီတက်သွားပြီး ဂျော်ဒန်မြစ်ကိုဖြတ်ကာ ဗိသရုန်ပြည်တစ်လျှောက်ဖြတ်ပြီးနောက် မဟာနိမ်မြို့သို့ ပြန်ရောက်ကြ၏။ Common Language Bible အာဗနာနှင့်သူ၏လူတို့သည်တစ်ညလုံး ယော်ဒန်ချိုင့်ဝှမ်းကိုဖြတ်၍သွားကြ၏။ သူတို့ သည်ယော်ဒန်မြစ်ကိုကူး၍ နောက်တစ်နေ့တစ် မနက်လုံးခရီးပြုကြပြီးနောက်မဟာနိမ် မြို့သို့ရောက်ကြ၏။ Garrad Bible အာ ဗာ န နှင့် အ ပေါင်း ပါ ရဲ မက် တို့ သည် ယော် ဒန် မြစ် သို့ ညဉ့် ချင်း ရောက်၊ အ ရာ ဗာ ချိုင့် ကို လျှောက် ၍ ကူး သွား ပြီး လျှင် ဗိ သ ရုန် လျှို တစ် လျှောက် ချီ လျက်၊ မ ဟာ နိမ် မြို့ သို့ ပြန် ရောက် ကြ ၏။ Judson Bible အာဗနာနှင့် သူ၏လူတို့သည် တစ်ညလုံး လွင်ပြင်သို့လျှောက်သွား၍ ယော်ဒန်မြစ်ကိုကူးပြီးလျှင်၊ ဗိသရုန်ပြည်ကိုလွန်၍ မဟာနိမ်မြို့သို့ ရောက်ကြ၏။ |
ယွာဘသည် အာဗနာကိုလိုက်ရာမှ ပြန်လာပြီးနောက် လူအားလုံးကို စုဝေးစေရာ အာသဟေလနှင့် ဒါဝိဒ်မင်းကြီး၏အစေအပါး တစ်ဆယ့်ကိုးယောက် ပျောက်ဆုံးနေသည်ကို တွေ့ရ၏။
ရှောလုမင်းကြီး၏စစ်သူကြီး၊ နေရ၏သား အာဗနာကား ရှောလုမင်းကြီး၏သား ဣရှဗောရှက်ကိုခေါ်၍ မဟာနိမ်မြို့သို့ သူ့ကို ဆောင်သွားလေ၏။
သူတို့သည် အိမ်ထဲသို့ ဝင်၍ အိပ်ခန်းထဲရှိ အိပ်ရာပေါ်တွင် ဣရှဗောရှက်မင်းကြီး အိပ်နေစဉ် သူ့ကိုထိုးသတ်ပြီးလျှင် သူ၏ခေါင်းကိုဖြတ်ပြီး ထိုခေါင်းကိုယူ၍ အရာဗလွင်ပြင်လမ်းအတိုင်း တစ်ညလုံးထွက်ပြေးလာခဲ့ကြခြင်းဖြစ်၏။
အကျွန်ုပ်ချစ်သူ၊ နေ့မကျိုးမီ၊ အရိပ်တို့မကွယ်ပျောက်မီ ဗေသာတောင်ပေါ်မှ ဒရယ်ပျိုသဖွယ်၊ သမင်ပျိုသဖွယ် ပြန်လာခဲ့ပါ။