၂ ရာ 2:28 - မြန်မာ့စံမီသမ္မာကျမ်း28 ထို့နောက် ယွာဘသည် တံပိုးကိုမှုတ်လိုက်လျှင် လူအပေါင်းတို့လည်း ရပ်တန့်သွားကြပြီး အစ္စရေးလူမျိုးတို့နောက်ကို ဆက်မလိုက်ကြတော့ပေ။ တိုက်ပွဲလည်း ထပ်မဖြစ်တော့ပေ။ အခန်းကိုကြည့်ပါ။Common Language Bible28 ထိုနောက်ယွာဘသည်တံပိုးခရာကိုမှုတ် လိုက်ရာသူ၏လူတို့သည် ဣသရေလအမျိုး သားတို့အားလိုက်လံမှုကိုမပြုကြတော့ ချေ။ သို့ဖြစ်၍တိုက်ခိုက်မှုလည်းရပ်စဲသွား လေသည်။ အခန်းကိုကြည့်ပါ။Garrad Bible28 တံ ပိုး မှုတ် သော အ ခါ၊ ဣ သ ရေ လ လူ မျိုး တို့ ကို မ လိုက် လံ မ တိုက် ခိုက် ဘဲ တစ် တပ် လုံး ရပ် ဆိုင်း ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible28 တံပိုးမှုတ်၍ လူများတို့သည် ဣသရေလအမျိုးသားတို့ကိုမလိုက်၊ စစ်မတိုက်ဘဲ ရပ်နေကြ၏။ အခန်းကိုကြည့်ပါ။ |
ထို့နောက် ထိုမိန်းမသည် အမြော်အမြင်ရှိသူပီပီ မြို့သားတို့ထံသွား၍ကြားပြောရာ သူတို့သည်လည်း ဗိခရိ၏သား ရှေဘ၏ခေါင်းကိုဖြတ်ပြီး ယွာဘထံ ပစ်ချ၏။ ယွာဘသည်လည်း တံပိုးမှုတ်လိုက်လျှင် သူ့လူတို့သည် မြို့မှထွက်ခွာ၍ အသီးသီးကိုယ့်အိမ်သို့ပြန်သွားကြ၏။ ယွာဘမူကား ရှင်ဘုရင်ရှိရာ ဂျေရုဆလင်မြို့သို့ ပြန်သွားလေ၏။