ထို့နောက် အာဗနာက ယွာဘအား “လုလင်တို့ကိုငါတို့ရှေ့သို့ ထွက်လာပြီး စစ်ထိုးကစားစေမည်”ဟု ဆိုလျှင် ယွာဘက “ထွက်လာကြစေ”ဟု ဆို၏။
၂ ရာ 2:15 - မြန်မာ့စံမီသမ္မာကျမ်း ရှောလုမင်းကြီး၏သား ဣရှဗောရှက်မင်းကြီးဘက်မှ ဗင်္ယာမိန်အမျိုး တစ်ဆယ့်နှစ်ယောက်နှင့် ဒါဝိဒ်မင်းကြီး၏အမှုထမ်းတို့ဘက်မှ တစ်ဆယ့်နှစ်ယောက် ထွက်လာ၍ Common Language Bible သို့ဖြစ်၍ဣရှဗောရှက်နှင့်ဗင်္ယာမိန်လူမျိုးစုကို ကိုယ်စားပြုသူလူတစ်ဆယ့်နှစ်ယောက်တို့သည် ဒါဝိဒ်၏လူတစ်ဆယ့်နှစ်ယောက်နှင့်စစ်ကစား ကြ၏။- Garrad Bible ရှော လု မင်း သား တော် ဣ ရှ ဗော ရှက် မင်း ဘက် ပါ ဗင်္ယာ မိန့် အ နွယ် သား တစ် ကျိပ် နှစ် ယောက် ဒါ ဝိဒ် မင်း သူ ရဲ တစ် ကျိပ် နှစ် ယောက် တို့ သည် အ ညီ အ မျှ ထွက် သွား ဆုံ မိ လျှင် Judson Bible ရှောလုသားဣရှဗောရှက်၏ လူဗင်္ယာမိန်အမျိုးသား တစ်ကျိပ်နှစ်ယောက်နှင့် ဒါဝိဒ်၏ကျွန် တစ်ကျိပ်နှစ်ယောက်တို့သည် ထ၍ ကူးလာကြ၏။ |
ထို့နောက် အာဗနာက ယွာဘအား “လုလင်တို့ကိုငါတို့ရှေ့သို့ ထွက်လာပြီး စစ်ထိုးကစားစေမည်”ဟု ဆိုလျှင် ယွာဘက “ထွက်လာကြစေ”ဟု ဆို၏။
ပြိုင်ဖက်အချင်းချင်း တစ်ဦးနှင့်တစ်ဦး ခေါင်းကိုဖမ်းဆွဲ၍ နံဘေးကို ဓားနှင့်ထိုးကြရာ အားလုံးလဲကျသေဆုံးကြလေ၏။ ထို့ကြောင့် ဂိဗောင်မြို့ရှိ ထိုနေရာကို ဟေလကသဇ္ဇုရိမ် ဟုခေါ်ဆိုကြ၏။
ရှောလုမင်းကြီး၏စစ်သူကြီး၊ နေရ၏သား အာဗနာကား ရှောလုမင်းကြီး၏သား ဣရှဗောရှက်ကိုခေါ်၍ မဟာနိမ်မြို့သို့ သူ့ကို ဆောင်သွားလေ၏။