ဒါဝိဒ်မင်းကြီးသည် ဟေဗြုန်မြို့တွင် ယုဒအမျိုးအနွယ်တို့ကို ခုနစ်နှစ်နှင့် ခြောက်လတိုင်အောင် အချိန်ကြာကြာအုပ်ချုပ်ခဲ့၏။
၂ ရာ 2:10 - မြန်မာ့စံမီသမ္မာကျမ်း ရှောလုမင်းကြီး၏သားဣရှဗောရှက်သည် အစ္စရေးဘုရင်ဖြစ်လာချိန်တွင် သက်တော်လေးဆယ်ရှိ၍ တိုင်းပြည်ကို နှစ်နှစ် အုပ်စိုး၏။ ယုဒအမျိုးအနွယ်တို့မူကား ဒါဝိဒ်မင်းကြီးနောက်သို့လိုက်ကြ၏။ Common Language Bible ဣရှဗောရှက်သည်ဣသရေလဘုရင်ဖြစ်လာ သောအခါ အသက်လေးဆယ်ရှိ၍နှစ်နှစ်မျှ နန်းစံရ၏။ သို့ရာတွင်ယုဒအနွယ်ဝင်တို့မူကားဒါဝိဒ် အားကျေးဇူးသစ္စာစောင့်ကြ၏။- Garrad Bible ရှော လု မင်း သား တော် ဣ ရှ ဗော ရှက် မင်း သည် အိမ် နိမ့် လေး ဆယ် ရှိ သော်၊ ဣ သ ရေ လ နိုင် ငံ၌ နန်း တက်၍ နှစ် နှစ် စိုး စံ လေ၏။ ယု ဒ အ နွယ် သား တို့ မှာ မူ ဒါ ဝိဒ် မင်း ဘက် ပါ ဖြစ် ကြ၏။ Judson Bible ရှောလု၏သားဣရှဗောရှက်သည် အသက်လေးဆယ်ရှိသော်၊ ဣသရေလနိုင်ငံကို အစိုးရ၍ နှစ်နှစ်စိုးစံလေ၏။ ယုဒအမျိုးမူကား ဒါဝိဒ်နောက်သို့လိုက်ကြ၏။ |
ဒါဝိဒ်မင်းကြီးသည် ဟေဗြုန်မြို့တွင် ယုဒအမျိုးအနွယ်တို့ကို ခုနစ်နှစ်နှင့် ခြောက်လတိုင်အောင် အချိန်ကြာကြာအုပ်ချုပ်ခဲ့၏။
ရှောလုမင်းကြီး၏စစ်သူကြီး၊ နေရ၏သား အာဗနာကား ရှောလုမင်းကြီး၏သား ဣရှဗောရှက်ကိုခေါ်၍ မဟာနိမ်မြို့သို့ သူ့ကို ဆောင်သွားလေ၏။
ဣရှဗောရှက်ကို ဂိလဒ်အမျိုး၊ အာရှာအမျိုး၊ ယေဇရေလအမျိုး၊ ဧဖရိမ်အမျိုး၊ ဗင်္ယာမိန်အမျိုးမှစ၍ အစ္စရေးတစ်မျိုးလုံး၏ဘုရင်အဖြစ် တင်မြှောက်လေ၏။
ဒါဝိဒ်မင်းကြီးသည် ရှောလုမင်းကြီး၏သား ဣရှဗောရှက်မင်းကြီးထံသို့လည်း တမန်ကိုစေလွှတ်၍ “ဖိလိတ္တိလူမျိုးတို့၏အရေဖျားတစ်ရာဖြင့် လဲယူခဲ့ရသော ငါ့မယားမိခါလကို ပြန်ပေးပါ”ဟု မှာလိုက်လေ၏။