ထိုအခါ ရှင်ဘုရင်က အဗရှလုံအား “ငါ့သား၊ ငါတို့အကုန် မသွားသင့်ပါ။ သင့်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လိမ့်မည်”ဟု မိန့်ဆို၏။ အဗရှလုံ မရမကခေါ်သော်လည်း ရှင်ဘုရင်သည် မသွားလို၊ ကောင်းချီးသာပေးလိုက်၏။
၂ ရာ 19:35 - မြန်မာ့စံမီသမ္မာကျမ်း ယခု အကျွန်ုပ်အသက်ရှစ်ဆယ် ရှိပါပြီ။ အကျွန်ုပ်သည် အကောင်း၊ အဆိုး ပိုင်းခြားနိုင်ပါဦးမည်လော။ ကျွန်တော်မျိုးသည် အစားအသောက်များကို အရသာခံနိုင်ပါဦးမည်လော။ သီချင်းသည်ယောက်ျားမိန်းမတို့၏သီချင်းသံကိုလည်း နားဆင်နိုင်ပါဦးမည်လော။ အကျွန်ုပ်၏သခင် အရှင်မင်းကြီးကို ကျွန်တော်မျိုး အဘယ်ကြောင့် ဝန်ထုပ်ဝန်ပိုး ဖြစ်စေရပါမည်နည်း။ Common Language Bible အကျွန်ုပ်သည်အသက်ရှစ်ဆယ်ရှိပါပြီ။ အဘယ်အမှုတွင်မျှပျော်မွေ့နှစ်သက် ခြင်းမရှိတော့ပါ။ စားသောက်သည့်အစား အစာ၏အရသာကိုလည်းမသိနိုင်တော့ ပါ။ သီချင်းသံကိုလည်းမကြားနိုင်ပါ။ အ ကျွန်ုပ်သည်အရှင်မင်းကြီးအတွက်ဝန်လေး မည်သာဖြစ်ပါ၏။- Garrad Bible ယ နေ့ ပင် အ သက် ရှစ် ဆယ် ပြည့် လျက် ကျွန် တော် မျိုး သည် အ ဆိုး အ ကောင်း ကို ပိုင်း ခြား ၍ အ စား အ သောက် အ ရ သာ ကို ခံ စား လျက် အ ငြိမ့် သည် အ ငြိမ့် သား တို့ သီ ဆို သံ ကို အာ ရုံ ပြု နိုင် ပါ မည် လော။ ကျွန် တော် မျိုး အ တွက် အ ရှင် မင်း မြတ် အ ပေါ် တွင် အ ဘယ် ကြောင့် ဝန် ပို ဖြစ် စေ ရ ပါ မည် နည်း။ Judson Bible ယနေ့ကျွန်တော်အသက် ရှစ်ဆယ်ရှိပါပြီ။ ကောင်းမကောင်းကို ကျွန်တော်ပိုင်းခြား၍ သိနိုင်ပါမည်လော။ ကိုယ်တော်ကျွန်သည် အစားအသောက် အရသာကို မြည်းနိုင်ပါမည်လော။ သီချင်းသည်ယောက်ျား၊ သီချင်းသည်မိန်းမ ဆိုသောအသံကို ကြားနိုင်ပါမည်လော။ ကိုယ်တော်ကျွန်သည် အရှင်မင်းကြီးကို အဘယ်ကြောင့် နှောင့်ယှက်ရပါမည်နည်း။ |
ထိုအခါ ရှင်ဘုရင်က အဗရှလုံအား “ငါ့သား၊ ငါတို့အကုန် မသွားသင့်ပါ။ သင့်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လိမ့်မည်”ဟု မိန့်ဆို၏။ အဗရှလုံ မရမကခေါ်သော်လည်း ရှင်ဘုရင်သည် မသွားလို၊ ကောင်းချီးသာပေးလိုက်၏။
ဒါဝိဒ်မင်းကြီးက သူ့အား “သင်သည် ငါနှင့်အတူလိုက်လျှင် ငါ့အဖို့ ဝန်ထုပ်ဝန်ပိုး ဖြစ်လိမ့်မည်။
အရှင်မင်းကြီး အဘယ်ကြောင့် ကျွန်တော်မျိုးအား ဤဆုလာဘ်ကို ပေးသနားတော်မူရပါမည်နည်း။ အရှင်မင်းကြီးနှင့်အတူ ဂျော်ဒန်မြစ်ကို အနည်းငယ် လိုက်ကူးပြီးလျှင်
ထို့ပြင် သူတို့၏ကျွန်ယောက်ျား၊ ကျွန်မိန်းမ စုစုပေါင်း ခုနစ်ထောင့်သုံးရာသုံးဆယ့်ခုနစ်ယောက်နှင့် သီချင်းသည်ယောက်ျား၊ သီချင်းသည်မိန်းမ စုစုပေါင်း အယောက်နှစ်ရာတို့လည်း ပါ၏။
ထို့ပြင် သူတို့၏ကျွန်ယောက်ျား၊ ကျွန်မိန်းမ စုစုပေါင်း ခုနစ်ထောင့်သုံးရာသုံးဆယ့်ခုနစ်ယောက်နှင့် သီချင်းသည်ယောက်ျား၊ သီချင်းသည်မိန်းမ စုစုပေါင်း နှစ်ရာလေးဆယ့်ငါးယောက်တို့လည်း ပါ၏။
လျှာသည် အစားအစာ၏အရသာကို ခံစားတတ်သကဲ့သို့ နားသည်လည်း စကားတို့ကို ဆန်းစစ်တတ်သည်မဟုတ်လော။
ငါ့လျှာ၌ မတရားမှုရှိသလော။ ငါ့ခံတွင်းသည် ပျက်စီးခြင်းကို မသိဘဲနေလိမ့်မည်လော။
အကျွန်ုပ်တို့၏အသက်တာနှစ်ကာလသည် အနှစ်ခုနစ်ဆယ်ဖြစ်ပါ၏။ ကျန်းမာသန်စွမ်းလျှင် အနှစ်ရှစ်ဆယ်ဖြစ်နိုင်ပါ၏။ သို့သော် ထိုနှစ်ကာလတို့၏အကောင်းဆုံးအချိန်မှာပင် အခက်အခဲပြဿနာနှင့် ဆင်းရဲဒုက္ခမျှသာဖြစ်ပါ၏။ အကယ်စင်စစ် အချိန်တို့သည် လျင်မြန်စွာကုန်လွန်၍ အကျွန်ုပ်တို့သည် အဝေးသို့ပျံသန်းသွားကြပါ၏။
အကယ်၍ မိသားစုနည်းသဖြင့် သိုးသငယ်တစ်ကောင်ကို စားမကုန်လျှင် သူသည် အနီးဆုံးအိမ်နီးချင်းနှင့်ပေါင်း၍ လူဦးရေအလိုက် မိမိတို့အသီးသီးစားနိုင်သည့်ပမာဏနှင့်အညီ သိုးသငယ်တစ်ကောင်ကို ချိန်ဆပြီးယူရမည်။
ဖာရောမင်းကြီး၏သမီးတော်ကလည်း “သွားခေါ်လော့”ဟု ဆိုသဖြင့် မိန်းမငယ်သည် သွား၍ သူငယ်၏မိခင်ကို ခေါ်လာ၏။
ရွှေနှင့်ငွေတို့ကိုလည်းကောင်း၊ ရှင်ဘုရင်များနှင့်တိုင်းပြည်တို့၏ဘဏ္ဍာကိုလည်းကောင်း ငါစုဆောင်း၏။ အမျိုးသားသီချင်းသည်နှင့် အမျိုးသမီးသီချင်းသည်တို့ကိုလည်းကောင်း၊ လူသားတို့ပျော်မွေ့ရာဖြစ်သောမောင်းမမိဿံများကိုလည်းကောင်း ငါခေါ်ယူ၏။
မာသောအစာမူကား အကောင်းအဆိုးကိုပိုင်းခြား၍သိရှိနိုင်သောထိုးထွင်းဉာဏ်ကို အတွေ့အကြုံအားဖြင့်လေ့ကျင့်ထားသည့်စုံလင်ရင့်ကျက်သောသူများအတွက်ဖြစ်၏။