ငါ့အစ်ကိုယောနသန်၊ သင့်အဖို့ ငါကြေကွဲရပါပြီတကား။ သင်သည် ငါ့အဖို့ အလွန်နှစ်သက်ဖွယ်ကောင်းသောသူ ဖြစ်ခဲ့ပါ၏။ သင် ငါ့ကိုချစ်သောအချစ်မှာလည်း အံ့ဖွယ်ဖြစ်ပါ၏။ မိန်းမတို့ ချစ်သောအချစ်ထက် သာလွန်ပါ၏။
၂ ရာ 19:30 - မြန်မာ့စံမီသမ္မာကျမ်း မေဖိဗောရှက်က ရှင်ဘုရင်အား “အကျွန်ုပ်၏သခင်အရှင်မင်းကြီးသည် နန်းတော်သို့ ဘေးကင်းစွာပြန်ရောက်ပြီဖြစ်၍ သူသည် ဤမြေအားလုံးကို ယူပါစေ”ဟု လျှောက်တင်လေ၏။ Common Language Bible မေဖိဗောရှက်ကလည်း``အားလုံးသူ့ကိုပင် ပေးတော်မူပါ။ အရှင်မင်းကြီးကောင်းမွန် ချောမောစွာပြန်လည်ရောက်ရှိခြင်းနှင့်ပင် လျှင်အကျွန်ုပ်ကျေနပ်လျက်နေပါ၏'' ဟု လျှောက်၏။ Garrad Bible မေ ဗိ ဗော ရှက် က အ ရှင် မင်း မြတ် သည် ဘေး လွတ် စွာ နန်း တော် သို့ ပြန် တော် မူ ရ ပြီ ဖြစ်၍၊ အား လုံး ကို ပင် သူ ယူ ပါ စေ တော့ ဟု တင် လျှောက် လေ ၏။ Judson Bible မေဖိဗောရှက်ကလည်း၊ အရှင်မင်းကြီးသည် နန်းတော်သို့တစ်ဖန် ငြိမ်ဝပ်စွာရောက်တော်မူသောကြောင့်၊ သူသည်အလုံးစုံတို့ကိုပင်ယူပါစေဟု လျှောက်လေ၏။ |
ငါ့အစ်ကိုယောနသန်၊ သင့်အဖို့ ငါကြေကွဲရပါပြီတကား။ သင်သည် ငါ့အဖို့ အလွန်နှစ်သက်ဖွယ်ကောင်းသောသူ ဖြစ်ခဲ့ပါ၏။ သင် ငါ့ကိုချစ်သောအချစ်မှာလည်း အံ့ဖွယ်ဖြစ်ပါ၏။ မိန်းမတို့ ချစ်သောအချစ်ထက် သာလွန်ပါ၏။
သူတို့သည် ရှင်ဘုရင်နှင့် နန်းတွင်းသူနန်းတွင်းသားတို့ကို တစ်ဖက်ကမ်းသို့ ပို့ပေးရန်နှင့် ရှင်ဘုရင်အလိုရှိသည်ကို လုပ်ဆောင်ပေးရန် ကူးတို့ဆိပ်မှ ကူးလာကြ၏။ ဂျော်ဒန်မြစ်ကို ရှင်ဘုရင်ဖြတ်ကူးသောအခါ ဂေရ၏သား ရှိမိသည် ရှင်ဘုရင်ရှေ့၌ ပျပ်ဝပ်လျက်
ထိုအခါ ရှင်ဘုရင်က သူ့အား “သင် အဘယ်ကြောင့် ဤစကားကို ထပ်ပြောနေရသနည်း။ ‘မြေကို သင်နှင့် ဇိဘ ခွဲဝေယူရမည်’ဟု ငါဆိုခဲ့ပြီ”ဟု မိန့်ဆိုလျှင်
ဂိလဒ်ပြည်သား ဗာဇိလဲသည်လည်း ရှင်ဘုရင်ကို ဂျော်ဒန်မြစ်တစ်ဖက်ကမ်းသို့ ပို့ဆောင်ရန် ရောဂေလိမ်မြို့မှ ဂျော်ဒန်မြစ်သို့ ဆင်းလာ၏။
ထို့နောက် ဒါဝိဒ်မင်းကြီးသည် ရှောလုမင်းကြီး၏အစေအပါး ဇိဘကိုခေါ်ပြီး “ရှောလုမင်းကြီးပိုင်ဆိုင်သမျှ၊ သူ့အမျိုးအနွယ်တို့ပိုင်ဆိုင်သမျှကို သင့်သခင်၏သားအား ငါပြန်အပ်ပေးပြီ။
သို့ရာတွင် ငါသည် မိမိပြေးရမည့်တာကို အဆုံးတိုင်အောင်ပြေး၍ ဘုရားသခင်၏ကျေးဇူးတော်နှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုသက်သေခံရန် သခင်ယေရှုထံမှ ငါရရှိသောအမှုတော်လုပ်ငန်းကို ပြီးမြောက်စေနိုင်ရန်အတွက်ဆိုလျှင် ငါ့အသက်ကိုပင် ငါပဓာနမထားပေ။
ငါသည် မည်သည့်အရာ၌မျှ ရှက်ကြောက်ခြင်းမရှိဘဲ ခါတိုင်းကဲ့သို့ ယခုအခါတွင်လည်း ရဲရင့်ခြင်းအပြည့်အဝရှိလျက် အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ငါ၏ကိုယ်ခန္ဓာအားဖြင့် ခရစ်တော်သည် ချီးမွမ်းခြင်းခံရမည့်အကြောင်း မျှော်လင့်တောင့်တ၏။