Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ 19:18 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 သူ​တို့​သည် ရှင်ဘုရင်​နှင့် နန်းတွင်းသူ​နန်းတွင်းသား​တို့​ကို တစ်ဖက်ကမ်း​သို့ ပို့ပေး​ရန်​နှင့် ရှင်ဘုရင်​အလိုရှိ​သည်​ကို လုပ်ဆောင်​ပေး​ရန် ကူးတို့ဆိပ်​မှ ကူးလာ​ကြ​၏​။ ဂျော်ဒန်​မြစ်​ကို ရှင်ဘုရင်​ဖြတ်ကူး​သောအခါ ဂေရ​၏​သား ရှိမိ​သည် ရှင်ဘုရင်​ရှေ့​၌ ပျပ်ဝပ်​လျက်

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 သူ​တို့​သည်​ဘု​ရင့်​အိမ်​တော်​သား​တို့​ကို မြစ်​တစ်​ဘက်​သို့​ပို့​ဆောင်​ပေး​ရန်​နှင့် မင်း ကြီး​အ​လို​ရှိ​ရာ​ကို​ဆောင်​ရွက်​ပေး​ရန် မြစ်​ကို​ကူး​ကြ​၏။ မင်း​ကြီး​သည်​မြစ်​ကို​ကူး​ရန်​အ​သင့်​ပြင် ဆင်​နေ​စဉ်​ရှိ​မိ​သည်​ရှေ့​တော်​၌​ပျပ်​ဝပ် ပြီး​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 ဘု ရင် မင်း အ လို တော် ရှိ နန်း တော် သား တို့ ကို ခေါက် တုံ့ ခေါက် ပြန် သယ် ပိုး ကြ၏။ ဘု ရင် မင်း ကူး မည့် ရှိ ရာ ဂေ ရ သား ရှိ မိ သည် ပျပ် ဝပ် ရှိ ခိုး လျက်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ကူး​တို့​လှေ​သည် နန်း​တော်​သား​များ​ကို ပို့​ခြင်း​ငှာ​လည်း​ကောင်း၊ အ​လို​တော်​ကို ဆောင်​ခြင်း​ငှာ​လည်း​ကောင်း၊ သွား​လာ​လျက်​ရှိ၏။ ယော်​ဒန်​မြစ်​ကို ကူး​တော်​မူ​သော​အ​ခါ၊ ဂေ​ရ၏​သား ရှိ​မိ​သည် ရှေ့​တော်၌​ပျပ်​ဝပ်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ 19:18
10 ပူးပေါင်းရင်းမြစ်များ  

သူ​နှင့်အတူ ဗင်္ယာမိန်​အမျိုးသား​အယောက်​တစ်ထောင်​၊ ရှောလု​အိမ်သား​၏​အစေခံ ဇိဘ​နှင့်​သား တစ်ဆယ့်​ငါး​ယောက်​၊ အစေအပါး​အယောက်​နှစ်ဆယ်​တို့​လည်း ရှင်ဘုရင်​ရှိ​ရာ ဂျော်ဒန်​မြစ်​သို့ အလျင်အမြန်​ရောက်လာ​ကြ​ပြီး


ရှင်ဘုရင်​အား “​အကျွန်ုပ်​၏​သခင်​၊ အကျွန်ုပ်​ကို အပြစ်​ယူ​တော်​မ​မူ​ပါ​နှင့်​။ အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး ဂျေရုဆလင်​မြို့​မှ​ထွက်ခွာ​သွား​ရ​သော​နေ့​က ကျွန်တော်မျိုး​ပြု​မိ​သော​အမှား​များ​ကို အရှင်မင်းကြီး နှလုံး​သွင်း​ပြီး အောက်မေ့​တော်​မ​မူ​ပါ​နှင့်​။


မေဖိဗောရှက်​က ရှင်ဘုရင်​အား “​အကျွန်ုပ်​၏​သခင်​အရှင်မင်းကြီး​သည် နန်းတော်​သို့ ဘေးကင်း​စွာ​ပြန်ရောက်​ပြီ​ဖြစ်၍ သူ​သည် ဤ​မြေ​အားလုံး​ကို ယူ​ပါစေ​”​ဟု လျှောက်တင်​လေ​၏​။


သင်​နှင့် သင့်​သားသမီး​များ​၊ သင့်​အစေအပါး​များ​သည် ထို​လယ်ယာ​များ​ကို ထွန်ယက်​စိုက်ပျိုး​ပြီး သင့်​သခင်​၏​သားမြေး​တို့ စားစရာ​အဖို့ ယူဆောင်​လာ​ပေး​ရ​မည်​။ သင့်​သခင်​၏​သား မေဖိဗောရှက်​သည် နေ့စဉ် ငါ့​စားပွဲ​တွင် စား​ရ​မည်​”​ဟု ဆို​၏​။ ဇိဘ​၌ သား​တစ်ဆယ့်​ငါး​ယောက်​နှင့် အစေအပါး အယောက်​နှစ်ဆယ်​ရှိ​၏​။


ရှောလု​မင်းကြီး​၏​အမျိုးအနွယ်​ထဲတွင် ဇိဘ​အမည်​ရှိ​သော​အစေအပါး​တစ်​ဦး​ရှိ​၏​။ ထို​သူ​ကို ဒါဝိဒ်​မင်းကြီး​ထံ​ခေါ်ဆောင်​လာ​ရာ ရှင်ဘုရင်​က သူ့​အား “​သင်​ကား ဇိဘ​မှန်​သလော​”​ဟု မေး​လျှင် သူ​က “​အကျွန်ုပ်​သည် အရှင့်​အစေအပါး မှန်​ပါ​၏​”​ဟု ပြန်လျှောက်​၏​။


ဗာဟုရိမ်​မြို့သား​၊ ဗင်္ယာမိန်​အမျိုးသား ဂေရ​၏​သား​ရှိမိ​သည် မဟာနိမ်​မြို့​သို့ ငါ​သွား​သော​နေ့​တွင် သူ​သည် ငါ့​ကို ခါးသီး​စွာ​ကျိန်ဆဲ​ခဲ့​၏​။ သို့သော် ငါ​ပြန်လာ​သောအခါ သူ​သည် ငါ့​ကို ဂျော်ဒန်​မြစ်​သို့​ဆင်းကြို​၍ ‘​သင့်​ကို ငါ ဓား​ဖြင့်​မ​သတ်​’​ဟု ထာဝရဘုရား​ကို​တိုင်တည်​၍ ငါ​ကျိန်ဆို​ခဲ့​ပြီ​။


“​ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တို့​သည် အံ့ဩ​ဖွယ်​ကောင်း​လှ​ပါ​၏​။ ကိုယ်တော်​၏​အစွမ်းသတ္တိ​ကြီးမားမှု​ကြောင့် ကိုယ်တော်​၏​ရန်သူ​တို့​သည် ကိုယ်တော်​၏​ရှေ့​၌ ခယဝပ်တွား​ကြ​ပါ​လိမ့်မည်​။


ထာဝရဘုရား​ကို မုန်း​သော​သူ​တို့​သည် ရှေ့​တော်​၌ ခယဝပ်တွား​ကြ​သော်လည်း သူ​တို့​အပြစ်ဒဏ်​ခံရ​သော​ကာလ​သည် အစဉ်​ထာဝရ​ဖြစ်​လိမ့်မည်​။


ကြည့်ရှု​လော့။ မိမိတို့ကိုယ်ကို ဂျူး​လူမျိုး​ဖြစ်​သည်​ဟု​ဆို​ကြ​သော်လည်း ဂျူး​လူမျိုး​မ​ဟုတ်​ဘဲ စာတန်​၏​အသင်းဝင်​များ​ဖြစ်​ကြ​သည့် လိမ်လည်​ပြောဆို​သော​သူ​တို့​ကို သင်​၏​ခြေရင်း​၌ လာ​၍​ရှိခိုး​စေ​ကာ ငါ​သည် သင်​တို့​ကို​ချစ်​ကြောင်း သူ​တို့​အား​သိ​စေ​မည်။


သူ့​အတွက် ဘုရားသခင်​ထံ မေးမြန်း​ပေး​သည်​မှာ ဤ​နေ့​မှာ ပထမဆုံး​အကြိမ်​ဖြစ်​သလော​။ အရှင်မင်းကြီး စွပ်စွဲပြောဆို​သော​စကား​များ​သည် အကျွန်ုပ်​နှင့် အကျွန်ုပ်​ဖခင်​၏​အိမ်ထောင်မိသားစု​များ​နှင့် ဝေး​ပါစေသော​။ အရှင့်​အစေအပါး​သည် မည်သည့်​အမှု​ကြီး​ငယ်​ကို​မျှ မ​သိ​ပါ​”​ဟု လျှောက်ဆို​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ