ထို့နောက် ရှင်ဘုရင်က ရှိမိအား “သင် မသေရ”ဟု ကတိသစ္စာပြုလေ၏။
ရှိမိအား``သင်သည်သေဒဏ်ခံရမည်မဟုတ် ကြောင်းငါကတိပြု၏'' ဟုမိန့်တော်မူ၏။
ရှိ မိ အား လည်း သင် သည် သေ ဒဏ် ခံ မည် မ ဟုတ် ဟု သ စ္စာ က တိ ထား လေ ၏။
ရှိမိအားလည်း၊ သင်သည် အသေသတ်ခြင်းကို မခံရဟု ကျိန်ဆိုတော်မူ၏။
သို့သော် ရှင်ဘုရင်က “ဇေရုယာသားတို့၊ သင်တို့နှင့် အဘယ်သို့ဆိုင်သနည်း။ ထာဝရဘုရားက သူ့အား ‘ဒါဝိဒ်ကို ကျိန်ဆဲလော့’ဟု အခွင့်ပြုလျှင် သူကျိန်ဆဲသည်ကို ‘သင် အဘယ်ကြောင့် ကျိန်ဆဲသနည်း’ဟု သူ့ကို မည်သူပြောခွင့်ရှိမည်နည်း”ဟု မိန့်ဆို၏။
ရှောလုမင်းကြီး၏မြေး မေဖိဗောရှက်သည်လည်း ရှင်ဘုရင်ကို ကြိုဆိုရန် ဆင်းလာ၏။ ရှင်ဘုရင်ထွက်သွားသည့်နေ့မှစ၍ ဘေးကင်းစွာပြန်လာသည့်နေ့အထိ သူသည် ကိုယ့်ခြေကို မဆေး၊ နှုတ်ခမ်းမွေးကို မရိတ်၊ အဝတ်ကိုလည်း မလျှော်ဖွပ်ဘဲ နေ၏။
သင်သည် မြို့ပြင်ထွက်၍ ကေဒြုန်ချောင်းကို ဖြတ်သည့်နေ့တွင်ပင် မုချသေရမည်ဟု မှတ်လော့။ သင့်အပြစ်သည် သင့်ခေါင်းပေါ်သို့ ပြန်ရောက်ခြင်းသာဖြစ်၏”ဟု မိန့်ဆို၏။
ထို့နောက် ရှင်ဘုရင်သည် ယောယဒ၏သားဗေနာယကို အမိန့်ပေးသဖြင့် ဗေနာယသည် သွား၍ ရှိမိအားကွပ်မျက်သဖြင့် သူသေလေ၏။ ဤသို့ဖြင့် ရှောလမုန်မင်းကြီးလက်ထက်တွင် နိုင်ငံတော်တည်မြဲလေ၏။
လူတို့သည် မိမိတို့ထက် ကြီးမြတ်သောသူကို တိုင်တည်ပြောဆိုကြပြီး ထိုသို့အတည်ပြုပြောဆိုသောကတိသစ္စာသည် အငြင်းပွားမှုအားလုံးကို ရပ်စဲစေတတ်၏။
သို့သော် ရှောလုက “ယနေ့မှာ အစ္စရေးလူမျိုးတို့ကို ထာဝရဘုရားကယ်တင်တော်မူပြီဖြစ်၍ မည်သူ့ကိုမျှ မသတ်ရ”ဟု ဆို၏။
ထိုအခါ ရှောလုမင်းကြီးက “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ဤအမှုကြောင့် သင့်အပေါ် အပြစ်မရောက်ရ”ဟု ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆို၏။
ဒါဝိဒ်က သူ့အား “ထိုဓားပြတို့ရှိရာသို့ ငါ့ကိုလိုက်ပို့နိုင်သလော”ဟု ဆိုလျှင် သူက “အကျွန်ုပ်ကို မသတ်၊ အကျွန်ုပ်သခင့်လက်သို့လည်း ပြန်မအပ်ပါဟု ဘုရားသခင်ထံကျိန်ဆိုမည်ဆိုလျှင် ထိုဓားပြတို့ရှိရာသို့ လိုက်ပို့ပါမည်”ဟု ဆိုပြီး