သို့သော် ယွာဘသည် ကုရှိအမျိုးသားတစ်ဦးအား “သင်မြင်ခဲ့သမျှကို ရှင်ဘုရင်ထံ သွားလျှောက်တင်လော့”ဟု ဆိုလျှင် ထိုကုရှိအမျိုးသားသည် ယွာဘကို ဦးညွှတ်၍ ပြေးထွက်သွားလေ၏။
၂ ရာ 18:32 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ရှင်ဘုရင်က ကုရှိအမျိုးသားအား “သားတော်အဗရှလုံ ဘေးကင်းပါ၏လော”ဟု မေးလျှင် သူက “အကျွန်ုပ်၏သခင် အရှင်မင်းကြီး၏ရန်သူများနှင့် အရှင်မင်းကြီးကို ဆန့်ကျင်တိုက်ခိုက်သောသူအားလုံးတို့သည် ထိုသားတော်ကဲ့သို့ဖြစ်ကြပါစေသော”ဟု ပြန်လည်လျှောက်တင်၏။ Common Language Bible မင်းကြီးက``လူငယ်အဗရှလုံဘေးကင်း ပါ၏လော'' ဟုမေးတော်မူသော်ကုရှိအမျိုး သားက``အရှင်၊ အရှင်၏ရန်သူများနှင့်အရှင့် အားပုန်ကန်ကြသူများသည်ထိုသူငယ် ကဲ့သို့ဖြစ်ကြပါစေသော'' ဟုလျှောက်၏။ Garrad Bible သား တော် အ ဗ ရှ လုံ ချမ်း သာ၏ လော ဟု ဘု ရင် မင်း မေး ပြန် သော်၊ ကု ရှ လူ မျိုး က၊ အ ရှင် မင်း မြတ်၏ ရန် သူ တော် မှ စ၍ အ ကျိုး တော် ပျက် ရန် သောင်း ကျန်း သူ အ ပေါင်း တို့ သည် သား တော် ကဲ့ သို့ ဖြစ် ကြ ပါ စေ သော ဟု တင် လျှောက် သည့် ကာ လ Judson Bible ရှင်ဘုရင်က၊ ငါ့သားအဗရှလုံသည် ဘေးလွတ်၏လောဟု မေးတော်မူသော်၊ ကုရှိက အရှင်မင်းကြီး၏ရန်သူများ၊ ကိုယ်တော်ကိုညှဉ်းဆဲခြင်းငှာ ပုန်ကန်သောသူများအပေါင်းတို့သည် ထိုလုလင်ကဲ့သို့ ဖြစ်ကြပါစေသောဟု ပြန်လျှောက်လေ၏။ |
သို့သော် ယွာဘသည် ကုရှိအမျိုးသားတစ်ဦးအား “သင်မြင်ခဲ့သမျှကို ရှင်ဘုရင်ထံ သွားလျှောက်တင်လော့”ဟု ဆိုလျှင် ထိုကုရှိအမျိုးသားသည် ယွာဘကို ဦးညွှတ်၍ ပြေးထွက်သွားလေ၏။
ရှင်ဘုရင်ကလည်း “သားတော်အဗရှလုံ ဘေးကင်းပါ၏လော”ဟု မေးလျှင် အဟိမတ်က “အရှင်မင်းကြီး၏အမှုထမ်းကျွန်တော်မျိုးကို ယွာဘစေလွှတ်စဉ်က အကြီးအကျယ်ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို မြင်သော်လည်း မည်သို့ဖြစ်ပျက်နေသည်ကို အကျွန်ုပ် မသိပါ”ဟု လျှောက်တင်လေ၏။
အကျွန်ုပ်ကိုပြစ်တင်စွပ်စွဲသောသူများနှင့် အကျွန်ုပ်၏စိတ်ဝိညာဉ်ကိုဆန့်ကျင်လျက် မကောင်းပြောဆိုသောသူများသည် ထိုသို့သောအကျိုးကို ထာဝရဘုရားထံမှ ခံကြရပါစေ။
ဗေလတရှာဇာ ခေါ် ဒံယေလလည်း အနည်းငယ်မျှတွေဝေနေ၏။ တွေးပြီး ထိတ်လန့်နေ၏။ ရှင်ဘုရင်ကလည်း “ဗေလတရှာဇာ၊ အိပ်မက်နှင့် အိပ်မက်အနက်အဓိပ္ပာယ် ဖော်ပြရမည်ကို မစိုးရိမ်ပါနှင့်”ဟု မိန့်ဆိုလျှင် ဗေလတရှာဇာက “အရှင်မင်းကြီး၊ ဤအိပ်မက်သည် မင်းကြီးကိုမုန်းသောသူများအတွက်သာ ဖြစ်ပါစေသော၊ အိပ်မက်အနက်အဓိပ္ပာယ်သည်လည်း မင်းကြီး၏ရန်သူများအတွက်သာ ဖြစ်ပါစေသော။
အို ထာဝရဘုရား၊ ကိုယ်တော်၏ရန်သူအလုံးစုံ ပျက်စီးကြပါစေ။ ကိုယ်တော့်ကိုချစ်သောသူတို့မူကား အရှိန်အဝါနှင့်ထွက်လာသောနေမင်းကဲ့သို့ဖြစ်ပါစေ”ဟူ၍ သီဆိုကြ၏။ ထို့နောက်တွင် တိုင်းပြည်သည် အနှစ်လေးဆယ်ပတ်လုံးငြိမ်းချမ်းလေ၏။
ယခုမှာ အကျွန်ုပ်၏သခင်၊ ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ၊ သခင်လည်း အသက်ရှင်သည်နှင့်အညီ ထာဝရဘုရားသည် သခင့်လက်ကို လူသတ်ခြင်းဘေး၊ သခင်ကိုယ်တိုင် လက်စားချေခြင်းဘေးမှ ဆီးတားတော်မူပြီ။ သခင့်ရန်သူ၊ သခင့်ကို အန္တရာယ်ပြုရန် ကြံစည်သောသူတို့သည် နာဗလကဲ့သို့ ဖြစ်ကြပါစေသော။