“လူသတ်သမား၊ လူယုတ်မာ၊ ထွက်သွား ထွက်သွား၊
ရှိမိက``အသက်ကိုသတ်သောအချင်း ရာဇဝတ်ကောင်၊ ထွက်သွားလော့။ ထွက်သွား လော့။-
ဟယ် လူ သတ် လူ ဆိုး ထွက် သွား လော့။ ထွက် သွား လော့။ ရှော လု မင်း အ ရိုက် အ ရာ၌ မင်း မူ သော သင့် အ ပေါ် တွင် ထို မင်း ၏ ဆွေ တော် မျိုး တော် တို့ အ သွေး ဟူ သ မျှ ကို ထာ ဝ ရ ဘု ရား သင့် ရောက် စေ လျက် သင့် သား အ ဗ ရှ လုံ့ လက် တွင်း သို့ နိုင် ငံ ကို အပ် နှင်း တော် မူ ပြီ။ သင် သည် လူ သတ် ဖြစ် သည့် အ တိုင်း ကိုယ် ပြု သော အ မှု တွင်း သို့ ကျ ဆင်း ရ လေ ပြီ တ ကား ဟု ဆဲ ဆို လေ ၏။
ရှိမိကျိန်ဆဲသောစကားဟူမူကား၊ သွားဟဲ့၊ သွားဟဲ့။ လူအသက်ကို သတ်သောအဓမ္မလူ၊
ယခုမှာ သင်သည် အဘယ်ကြောင့် ထာဝရဘုရား၏စကားတော်ကို မထီမဲ့မြင်ပြုပြီး မျက်မှောက်တော်၌ မကောင်းမှုကို ပြုရသနည်း။ သင်သည် ဟိတ္တိလူမျိုး ဥရိယကို ဓားနှင့်သတ်ပြီး သူ့မယားကို သင့်မိဖုရားအဖြစ် သိမ်းယူပြီ။ သင်သည် သူ့ကို အမ္မုန်အမျိုးသားတို့၏ဓားဖြင့် သတ်လေပြီတကား။
သူသည် ဒါဝိဒ်မင်းကြီးကိုသာမက ဒါဝိဒ်မင်းကြီး၏အမှုထမ်းများ၊ လူများနှင့် မင်းကြီး၏ဝဲဘက်ယာဘက်မှစစ်သူရဲများကို ကျောက်ခဲနှင့် ပေါက်ရင်း
ထိုအခါ ဇေရုယာ၏သား အဘိရှဲက “ရှိမိသည် ထာဝရဘုရား ဘိသိက်ပေးတော်မူသောသူကို ကျိန်ဆဲခဲ့လေပြီ။ ထို့အတွက်ကြောင့် သူအသေသတ်ခြင်းခံရမည် မဟုတ်လော”ဟု ဆိုလျှင်
ဂိလဂါလမြို့တွင် ဗင်္ယာမိန်အမျိုးသား ဗိခရိ၏သားဖြစ်သူ ရှေဘအမည်ရှိသော ဆိုးညစ်သူ တစ်ဦးရှိ၏။ သူသည် တံပိုးကိုမှုတ်၍ “ဒါဝိဒ်၌ ငါတို့ ဝေစုမရှိ။ ယေရှဲ၏သား၌ ငါတို့ အမွေခံစရာမရှိ။ အို အစ္စရေးလူမျိုးတို့၊ ကိုယ့်အိမ်သို့ ကိုယ်ပြန်ကြ”ဟု ဆို၏။
ထိုနေ့တွင် အစ္စရေးလူမျိုးအားလုံးအပါအဝင် လူအပေါင်းတို့သည် နေရ၏သား အာဗနာသေဆုံးခြင်းအမှုမှာ ရှင်ဘုရင်နှင့်မသက်ဆိုင်ကြောင်းကို သိကြလေ၏။
သူနှင့်မျက်နှာချင်းဆိုင်တွင် လူမိုက်နှစ်ယောက်ကိုထိုင်စေ၍ ‘သင်သည် ဘုရားသခင်နှင့်ရှင်ဘုရင်ကို ကျိန်ဆဲလေပြီ’ဟု သက်သေခံစေပြီးလျှင် သူ့ကိုဆွဲထုတ်၍ ကျောက်ခဲနှင့်ပေါက်သတ်စေ”ဟု ရေးထား၏။
ထိုအခါ လူမိုက်နှစ်ဦးက သူနှင့်မျက်နှာချင်းဆိုင်တွင် လာထိုင်၍ “နာဗုတ်သည် ဘုရားသခင်နှင့်ရှင်ဘုရင်ကို ကျိန်ဆဲပါပြီ”ဟု လူတို့ရှေ့တွင် သက်သေခံကြ၏။ ထို့နောက် သူ့ကို မြို့ပြင်သို့ဆွဲထုတ်ပြီး ကျောက်ခဲနှင့်ပေါက်ကြသဖြင့် သူသေလေ၏။
များစွာသောသူတို့က “ဘုရားသခင်သည် သူ့ကိုကယ်တင်မည်မဟုတ်”ဟု အကျွန်ုပ်၏စိတ်ဝိညာဉ်နှင့်ပတ်သက်၍ ပြောဆိုကြပါ၏။(စေလာ)
လိမ်လည်ပြောဆိုသောသူတို့ကိုဖျက်ဆီးတော်မူ၏။ ထာဝရဘုရားသည် လူအသက်ကိုသတ်သောသူနှင့် လိမ်လည်လှည့်ဖြားသောသူတို့ကို စက်ဆုပ်ရွံရှာတော်မူ၏။
အို ဘုရားသခင်၊ အကျွန်ုပ်ကိုကယ်တင်တော်မူသောဘုရားသခင်၊ လူသတ်ခြင်းအပြစ်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ အကျွန်ုပ်၏လျှာသည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ရွှင်လန်းစွာသီချင်းဆိုပါမည်။
ရန်သူ၏အသံနှင့် ဆိုးယုတ်သောသူ၏ဖိစီးမှုကြောင့် စိတ်ရှုပ်ထွေးနေပါ၏။ အကြောင်းမူကား သူတို့သည် အကျွန်ုပ်အပေါ် ဆင်းရဲဒုက္ခကျရောက်စေ၍ အကျွန်ုပ်ကိုအမျက်ထွက်လျက် အငြိုးထားကြပါ၏။
အကျွန်ုပ်၏စိတ်နှလုံးသည် အကျွန်ုပ်အထဲ၌ တုန်လှုပ်လျက်နေပါ၏။ သေခြင်းနှင့်ဆိုင်သော ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာများသည် အကျွန်ုပ်အပေါ်ကျရောက်လာပါ၏။
ဆိုးညစ်သောသူတို့ထကြွပြီး သင်မသိသောအခြားဘုရားများကို ‘ငါတို့သွား၍ ဝတ်ပြုကြစို့’ဟု ဆိုလျက် သူတို့သည် သူတို့မြို့၌နေထိုင်သောသူတို့ကို ဖြားယောင်းသွေးဆောင်နေကြောင်း သင်ကြားလျှင်
ဧလိ၏သားတို့သည် ထာဝရဘုရားနှင့် အကျွမ်းမဝင်၊ ဆိုးညစ်သောသားများဖြစ်ကြ၏။
ယခုမှာ အကျွန်ုပ်တို့သခင်နှင့် အိမ်သူအိမ်သားအားလုံးသည် ဘေးရောက်တော့မည်ဖြစ်၍ မည်သို့ပြုရမည်ကို သခင်မ သိမြင်ပါလော့။ အကျွန်ုပ်တို့သခင်သည် ဆိုးညစ်သူဖြစ်သောကြောင့် သူ့ကိုပြော၍ရမည်မဟုတ်ပါ”ဟု ဆို၏။