မြွေသည် ထာဝရအရှင်ဘုရားသခင် ဖန်ဆင်းတော်မူသော တောရိုင်းတိရစ္ဆာန်အားလုံးတို့ထက် လိမ္မာပါးနပ်၏။ မြွေက မိန်းမအား “ဥယျာဉ်ထဲရှိ မည်သည့်အပင်၏အသီးကိုမျှ မစားရဟူ၍ ဘုရားသခင်သည် အမှန်ပင်မိန့်တော်မူသလော”ဟု မေးလေ၏။
၂ ရာ 13:3 - မြန်မာ့စံမီသမ္မာကျမ်း အာမနုန်တွင် ယောနဒပ်အမည်ရှိသော မိတ်ဆွေတစ်ဦး ရှိ၏။ ယောနဒပ်သည် ဒါဝိဒ်မင်းကြီး၏အစ်ကို ရှိမာ၏သား ဖြစ်ပြီး အလွန်ဉာဏ်များသူဖြစ်၏။ Common Language Bible သို့ရာတွင်သူ့မှာယောနဒပ်အမည်တွင်သော မိတ်ဆွေရှိ၏။ ယောနဒပ်သည်ဒါဝိဒ်၏အစ်ကို ရှိမာ၏သားဖြစ်၏။ သူသည်အလွန်ပါးနပ် လိမ္မာသူတည်း။- Garrad Bible အာ မ နုန့် အ ဆွေ ဖြစ် သော ဘ ကြီး တော် ရှိ မာ၏ သား၊ လှည့် ဖြား ဉာဏ် ကောင်း သူ ယော န ဒပ် က Judson Bible ဒါဝိဒ်အစ်ကို ရှိမာသား ယောနဒပ်သည် အာမနုန်၏အဆွေခင်ပွန်းဖြစ်၏။ ထိုယောနဒပ်သည် လိမ္မာသောသူဖြစ်၏။ |
မြွေသည် ထာဝရအရှင်ဘုရားသခင် ဖန်ဆင်းတော်မူသော တောရိုင်းတိရစ္ဆာန်အားလုံးတို့ထက် လိမ္မာပါးနပ်၏။ မြွေက မိန်းမအား “ဥယျာဉ်ထဲရှိ မည်သည့်အပင်၏အသီးကိုမျှ မစားရဟူ၍ ဘုရားသခင်သည် အမှန်ပင်မိန့်တော်မူသလော”ဟု မေးလေ၏။
ထိုကာလတွင် ယုဒသည် မိမိညီအစ်ကိုတို့ထံမှထွက်သွား၍ ဟိရအမည်ရှိသော အဒုလံမြို့သားတစ်ယောက်နှင့်အတူနေထိုင်လေ၏။
ထို့နောက် ယုဒသည် ထိုမိန်းမလက်မှ အာမခံပစ္စည်းကိုပြန်ယူရန် ဆိတ်သငယ်တစ်ကောင်ကို မိမိ၏မိတ်ဆွေအဒုလံမြို့သားနှင့်ပို့လိုက်၏။ သို့ရာတွင် သူသည် ထိုမိန်းမကိုရှာမတွေ့သဖြင့်
ထိုသို့ အာမနုန်သည် နှမတာမာကို ချစ်သောစိတ်ဖြင့် စိတ်ဖိစီးကာဖျားလေ၏။ နှမတော်သည် အပျိုစင်ဖြစ်သောကြောင့် သူ့အား မည်သို့ရယူရမည်ကို အာမနုန်တွေးမရဘဲ အခက်တွေ့နေ၏။
ဒါဝိဒ်မင်းကြီး၏အစ်ကို ရှိမာ၏သား ယောနဒပ်က “အကျွန်ုပ်၏သခင်၊ ရှင်ဘုရင်၏သားတော် မင်းညီမင်းသားအားလုံး အသတ်ခံရပြီဟု မထင်လိုက်ပါနှင့်။ အာမနုန်တစ်ဦးတည်းသာ အသတ်ခံရပါပြီ။ အဗရှလုံသည် မိမိနှမတာမာအဓမ္မပြုခံရသည့်နေ့မှစ၍ ဤအမှုကို ကြံစည်ထားနှင့်ပါပြီ။
သူက အာမနုန်အား “အို ဘုရင့်သားတော်၊ အဘယ်ကြောင့် တစ်နေ့ထက်တစ်နေ့ ပိန်လာသနည်း။ အကျွန်ုပ်အား ပြောပြ၍မရသလော”ဟု ဆိုလျှင် အာမနုန်က “ငါ့ညီ အဗရှလုံ၏နှမ တာမာကို ငါချစ်မိနေပါပြီ”ဟု ပြန်ပြော၏။
ထို့ကြောင့် ယွာဘသည် တေကောမြို့သို့ လူလွှတ်၍ ထိုမြို့မှ လိမ္မာပါးနပ်သောအမျိုးသမီးတစ်ဦးကို ခေါ်လာစေပြီးလျှင် “ယခု သင်သည် ဆီမလိမ်းဘဲ ငိုကြွေးမြည်တမ်းရာဝတ်စုံကိုဝတ်ပြီး လူသေအတွက် နေ့ရက်များစွာငိုကြွေးမြည်တမ်းနေသောမိန်းမကဲ့သို့ ဟန်ဆောင်ငိုကြွေးလျက်
အစ္စရေးလူမျိုးတို့အား စိန်ခေါ်သဖြင့် ဒါဝိဒ်မင်းကြီး၏အစ်ကို ရှိမာ၏သားယောနသန်သည် သူ့ကို သတ်လိုက်လေ၏။
ဒါဝိဒ်မင်းကြီး၏ဘထွေးတော်ယောနသန်သည် သိနားလည်နိုင်စွမ်းရှိသူအတိုင်ပင်ခံအမတ်လည်း ဖြစ်၏။ ကျမ်းပြုဆရာလည်း ဖြစ်၏။ ဟခမောနိ၏သားယေဟေလသည် ဘုရင့်သားတော်တို့ကို စောင့်ရှောက်ပေးရ၏။
သို့သော် ဟာမန်သည် စိတ်ကိုထိန်း၍ အိမ်သို့ရောက်ပြီးမှ မိမိဇနီးဇေရက်နှင့် မိမိမိတ်ဆွေတို့ကို လူလွှတ်ခေါ်စေ၏။
ထိုအခါ သူ့ဇနီးဇေရက်နှင့် သူ့မိတ်ဆွေအပေါင်းတို့က “အတောင်ငါးဆယ်မြင့်သောသစ်တိုင်တစ်ခုကိုပြုလုပ်စေပြီး မော်ဒကဲကို ထိုသစ်တိုင်ပေါ်တွင်ဆွဲထားမည့်အကြောင်း မနက်ဖြန်မနက်တွင် ရှင်ဘုရင်ထံ အခွင့်တောင်းပါ။ ပြီးမှ ရှင်ဘုရင်နှင့်အတူ စားသောက်ပွဲသို့ ဝမ်းမြောက်စွာသွားပါ”ဟု အကြံပေးကြ၏။ ဟာမန်သည်လည်း ထိုအကြံကိုနှစ်သက်သဖြင့် သစ်တိုင်ကိုပြုလုပ်စေ၏။
ထို့နောက် ဟာမန်သည် မိမိဇနီးဇေရက်နှင့် မိမိမိတ်ဆွေအပေါင်းတို့အား ဖြစ်ပျက်ခဲ့သမျှတို့ကို ပြောပြရာ သူ့ဇနီးဇေရက်နှင့် သူ့ကို အကြံပေးသူတို့က “ယခု သင်သည် မော်ဒကဲကို စတင်ပြီးရှုံးနိမ့်လေပြီ။ သူသည် ဂျူးလူမျိုးမှန်လျှင် သူ့ကို သင်အနိုင်ရလိမ့်မည်မဟုတ်။ သူ့ကို သင်မုချရှုံးလိမ့်မည်”ဟု ပြန်ပြောကြ၏။
များစွာသောသူတို့သည် မင်းအရာရှိထံမှမျက်နှာရရန်ကြိုးစားတတ်ကြ၏။ လူတိုင်းသည်လည်း လက်ဆောင်ပေးသောသူနှင့်မိတ်ဆွေဖြစ်တတ်ကြ၏။
“ငါ့လူမျိုးတော်တို့သည် ဆိုးမိုက်သောသူများဖြစ်ကြ၏။ ငါ့ကိုမသိကြ။ မိုက်မဲသောသားသမီးများဖြစ်ကြ၏။ အသိဉာဏ်မရှိကြ။ ဆိုးညစ်သောအမှုကိုပြုရာ၌ ကျွမ်းကျင်၍ ကောင်းသောအမှုကိုမပြုကြ။”
အကြောင်းမူကား ဤလောက၏ဉာဏ်ပညာသည် ဘုရားသခင်ရှေ့တော်၌ မိုက်မဲသောအရာဖြစ်၏။ “ဘုရားသခင်သည် ပညာရှိတို့ကို သူတို့၏ပရိယာယ်အားဖြင့် ဖမ်းဆီးတော်မူ၏”ဟု ကျမ်းစာ၌ရေးထား၏။
ထိုသို့သောဉာဏ်ပညာသည် အထက်အရပ်မှလာသည်မဟုတ်ဘဲ လောကနှင့်လည်းကောင်း၊ ဇာတိနှင့်လည်းကောင်း၊ နတ်ဆိုးတို့နှင့်လည်းကောင်း စပ်ဆိုင်၏။
ထို့နောက် ရှမွေလက ယေရှဲအား “သင်၌ သား ကုန်ပြီလော”ဟု မေးလျှင် သူက “အငယ်ဆုံးသား ရှိပါသေး၏။ ယခု သိုးကျောင်းလျက်ရှိပါ၏”ဟု ဆို၏။ ထိုအခါ ရှမွေလက ယေရှဲအား “သူ့ကို လူလွှတ်၍ ခေါ်ပေးပါလော့။ သူမလာမချင်း ငါတို့ထိုင်၍စားသောက်ရမည်မဟုတ်”ဟု ဆို၏။
တစ်ဖန် ယေရှဲသည် ရှမ္မကို ခေါ်လာပြလျှင် ရှမွေလက “သူ့ကိုလည်း ထာဝရဘုရား ရွေးတော်မမူ”ဟု ဆို၏။