ထိုအခါ သူ၏အမှုထမ်းတို့က သူ့အား “မင်းကြီးသည် သူငယ်အသက်ရှင်သေးစဉ်က အစာရှောင်လျက်၊ ငိုကြွေးလျက်နေ၏။ သူငယ်ဆုံးသွားသောအခါမူကား ထ၍စားသောက်၏။ မင်းကြီး ဤသို့ ပြုသည်မှာ အဘယ်အကြောင်းကြောင့်နည်း”ဟု မေးလျှောက်ကြ၏။
၂ ရာ 12:22 - မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်မင်းကြီးက “သူငယ်အသက်ရှင်သေးစဉ်က အစာရှောင်ငိုကြွေးသည်မှာ ‘ထာဝရဘုရားသည် ငါ့ကို သနားသောအားဖြင့် သူငယ်ကို အသက်ရှင်ခွင့်ပေးမည် မပေးမည်ကို မည်သူသိနိုင်မည်နည်း’ဟု ငါတွေးမိသဖြင့် ဤသို့ပြုခြင်း ဖြစ်၏။ Common Language Bible ဒါဝိဒ်ကလည်း``ကလေးအသက်ရှင်နေစဉ် အခါ၌ငါသည်အစာရှောင်လျက်ငိုယို လျက်နေသည်မှာမှန်ပါ၏။ ထာဝရဘုရား သည်ငါ့ကိုသနားသဖြင့် ကလေး၏အသက် ကိုချမ်းသာပေးလိမ့်မည်ဟုငါထင်မှတ်ခဲ့၏။- Garrad Bible သူ ငယ် အ သက် ရှင် စဉ် အ ခါ ဘု ရား သ ခင် သည် ငါ့ ကို သ နား၍ သူ ငယ် အ သက် ရှင် စေ တော် မူ မည် မ မူ မည် ကို မည် သူ သိ နိုင် သ နည်း ဟု အောက် မေ့ လျက် ပွဲ တော် မ သုံး ဘဲ ငါ ငို ကြွေး၏။ Judson Bible ဒါဝိဒ်က၊ သူငယ်အသက်ရှင်စဉ်အခါ ဘုရားသခင်သည် ငါ့ကိုသနားတော်မူ၍၊ သူငယ်အသက်ကို ချမ်းသာပေးတော်မူမည် မမူမည်ကို အဘယ်သူ ဆိုနိုင်သနည်းဟု အောက်မေ့လျက် ငါသည်အစာရှောင်၍ ငိုကြွေးလျက်နေ၏။ |
ထိုအခါ သူ၏အမှုထမ်းတို့က သူ့အား “မင်းကြီးသည် သူငယ်အသက်ရှင်သေးစဉ်က အစာရှောင်လျက်၊ ငိုကြွေးလျက်နေ၏။ သူငယ်ဆုံးသွားသောအခါမူကား ထ၍စားသောက်၏။ မင်းကြီး ဤသို့ ပြုသည်မှာ အဘယ်အကြောင်းကြောင့်နည်း”ဟု မေးလျှောက်ကြ၏။
“အို ထာဝရဘုရား၊ အကျွန်ုပ်သည် ရှေ့တော်၌ စိတ်နှလုံးအကြွင်းမဲ့ သစ္စာရှိရှိအသက်ရှင်လျှောက်လှမ်းခဲ့သည်ကိုလည်းကောင်း၊ ရှေ့တော်၌ ကောင်းသောအမှု ပြုခဲ့သည်ကိုလည်းကောင်း အောက်မေ့တော်မူပါ”ဟု ထာဝရဘုရားထံ ဆုတောင်းပြီး ခါးသီးစွာအော်ဟစ်ငိုကြွေးလေ၏။
“သင်သည် ဟေဇကိမင်းကြီးထံသို့သွား၍ သင့်ဘိုးဘေးဒါဝိဒ်မင်းကြီး၏ဘုရားသခင် ထာဝရဘုရားက ‘သင်၏ဆုတောင်းသံကို ငါကြားပြီ။ သင်၏မျက်ရည်ကိုလည်း ငါမြင်ပြီ။ ကြည့်ရှုလော့။ ငါသည် သင့်အား တစ်ဆယ့်ငါးနှစ် ထပ်၍အသက်ရှင်စေမည်။
အစာရှောင်ဖို့ အသင့်ပြင်ကြလော့။ ဓမ္မစည်းဝေးပွဲကို ဆင့်ခေါ်ကြလော့။ သက်ကြီးဝါကြီးများ၊ ပြည်သူပြည်သားများအားလုံး သင်တို့ဘုရားသခင်ထာဝရဘုရား၏အိမ်တော်၌ စုရုံး၍ ထာဝရဘုရားထံ အော်ဟစ်ကြလော့။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် စိတ်တော်ပြေ၍ ကိုယ်တော်အား ဘောဇဉ်ပူဇော်သက္ကာနှင့် သွန်းလောင်းရာပူဇော်သက္ကာတို့ပူဇော်ခွင့်ကောင်းချီးကို ချန်ထားပေးမည်၊ မပေးမည်ကို မည်သူသိနိုင်မည်နည်း။
မကောင်းမှုကို မုန်း၍ ကောင်းမှုကို မြတ်နိုးလော့။ မြို့တံခါးတွင် တရားမျှတမှု ရှိစေလော့။ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားသည် ကြွင်းကျန်သောယောသပ်အမျိုးကို သနားကောင်း သနားတော်မူလိမ့်မည်။
မာလိန်မှူးသည် သူ့ထံသို့သွား၍ “သင် အဘယ်ကြောင့် အိပ်မောကျနေသနည်း။ ထပြီး သင့်ဘုရားထံ ဆုတောင်းပါလော့။ ငါတို့ သေကျေပျက်စီးမသွားအောင် သင့်ဘုရားသည် ငါတို့ကို ကယ်တင်ကောင်းကယ်တင်လိမ့်မည်”ဟု ဆို၏။