Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ 12:21 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 ထိုအခါ သူ​၏​အမှုထမ်း​တို့​က သူ့​အား “​မင်းကြီး​သည် သူငယ်​အသက်ရှင်​သေး​စဉ်က အစာရှောင်​လျက်​၊ ငိုကြွေး​လျက်​နေ​၏​။ သူငယ်​ဆုံး​သွား​သောအခါ​မူကား ထ​၍​စားသောက်​၏​။ မင်းကြီး ဤသို့ ပြု​သည်​မှာ အဘယ်​အကြောင်း​ကြောင့်​နည်း​”​ဟု မေးလျှောက်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 မှူး​မတ်​များ​က``အ​ကျွန်ုပ်​တို့​သည်​အ​ရှင်​ပြု တော်​မူ​ပုံ​ကို​နား​မ​လည်​နိုင်​ကြ​ပါ။ အ​ရှင် သည်​က​လေး​အ​သက်​ရှင်​နေ​စဉ်​အ​ခါ​က ငို​ယို​လျက်​အ​စား​အ​စာ​ကို​မ​စား​ဘဲ​နေ ပါ​၏။ သို့​ရာ​တွင်​ယ​ခု​က​လေး​သေ​ဆုံး​သည် နှင့်​တစ်​ပြိုင်​နက်​ထ​၍​စား​တော်​ခေါ်​ပါ​သည် တ​ကား'' ဟု​လျှောက်​ထား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 ကျေး ကျွန် သင်း ပင်း တို့ က လည်း၊ ဘု ရင် မင်း သည် မည် သို့ ပြု တော် မူ ပါ သ နည်း။ သူ ငယ် အ သက် ရှင် သေး စဉ် သူ ငယ့် အ တွက် ပွဲ တော် မ သုံး ဘဲ ငို ကြွေး ပါ၏။ သေ မှ ထ၍ သုံး ဆောင် တော် မူ ပါ သည် တ ကား ဟု တင် လျှောက် ကြ ရာ

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 ကျွန်​တို့​က​လည်း၊ ကိုယ်​တော်​သည် အ​ဘယ်​သို့ ပြု​တော်​မူ​သ​နည်း။ သူ​ငယ်​အ​သက်​ရှင်​စဉ်​အ​ခါ၊ သူ​ငယ်​အ​တွက် အ​စာ​ရှောင်​လျက် ငို​ကြွေး​လျက် နေ​တော်​မူ၏။ သူ​ငယ်​သေ​သော​အ​ခါ ထ၍ စား​တော်​ခေါ်​ပါ​သည်​တ​ကား​ဟု လျှောက်​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ 12:21
4 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ဒါဝိဒ်​မင်းကြီး​သည် မြေ​မှ​ထ​၍ ရေချိုး​ဆီလိမ်း အဝတ်အစား​လဲ​ပြီးလျှင် ထာဝရဘုရား​၏​အိမ်​တော်​သို့​သွား​၍ ဝတ်ပြုကိုးကွယ်​လေ​၏​။ ထို့နောက် နန်းတော်​သို့​ပြန်လာ​၍ အစားအစာ​ပြင်ဆင်​ခိုင်း​ပြီး စားတော်ခေါ်​လေ​၏​။


ဒါဝိဒ်​မင်းကြီး​က “​သူငယ်​အသက်ရှင်​သေး​စဉ်က အစာရှောင်​ငိုကြွေး​သည်​မှာ ‘​ထာဝရဘုရား​သည် ငါ့​ကို သနား​သော​အားဖြင့် သူငယ်​ကို အသက်ရှင်​ခွင့်​ပေး​မည် မ​ပေး​မည်​ကို မည်သူ​သိ​နိုင်​မည်နည်း​’​ဟု ငါ​တွေးမိ​သဖြင့် ဤသို့​ပြု​ခြင်း ဖြစ်​၏​။


“​အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ရှေ့​တော်​၌ စိတ်နှလုံး​အကြွင်းမဲ့ သစ္စာရှိရှိ​အသက်ရှင်​လျှောက်လှမ်း​ခဲ့​သည်​ကို​လည်းကောင်း​၊ ရှေ့​တော်​၌ ကောင်း​သော​အမှု ပြု​ခဲ့​သည်​ကို​လည်းကောင်း အောက်မေ့​တော်မူ​ပါ​”​ဟု ထာဝရဘုရား​ထံ ဆုတောင်း​ပြီး ခါးသီးစွာ​အော်ဟစ်ငိုကြွေး​လေ​၏​။


ဝိညာဉ်​သဘော​ရှိ​သော​သူ​မူကား ခပ်သိမ်း​သော​အရာ​တို့​ကို ပိုင်းခြား​၍​သိ​တတ်​၏။ သို့သော် ထို​သူ​ကို မည်သူ​က​မျှ ပိုင်းခြား​၍​မ​သိ​နိုင်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ