သူပြုသောအမှုသည် ထာဝရဘုရားမျက်မှောက်တော်၌ ဆိုးသောအမှုဖြစ်၏။ ထို့ကြောင့် ထာဝရဘုရားသည် သူ့ကိုလည်း ကွပ်မျက်တော်မူ၏။
၂ ရာ 11:27 - မြန်မာ့စံမီသမ္မာကျမ်း ငိုကြွေးမြည်တမ်းချိန်လွန်သောအခါ ဒါဝိဒ်မင်းကြီးသည် လူလွှတ်၍ သူ့ကို နန်းတော်သို့ ခေါ်လာစေ၏။ သူသည် မိဖုရားဖြစ်လာပြီး သားကိုမွေးဖွား၏။ သို့သော် ဤသို့ ဒါဝိဒ်မင်းကြီးပြုသောအမှုသည် ထာဝရဘုရားရှေ့တော်၌ ဆိုးညစ်သောအမှုဖြစ်၏။ Common Language Bible ငိုကြွေးမြည်တမ်းချိန်ကုန်လွန်သောအခါဒါဝိဒ် သည် သူ့အားနန်းတော်သို့ခေါ်စေ၍မိဖုရားမြှောက် ရာသားတော်ကိုဖွားမြင်လေသည်။ သို့ရာတွင် ထာဝရဘုရားသည်ဒါဝိဒ်ပြုခဲ့သည့်အမှု ကိုနှစ်သက်တော်မမူ။ Garrad Bible ထို သို့ ငို ကြွေး မြည် တမ်း ခြင်း ကိ စ္စ ပြီး မှ ဒါ ဝိဒ် မင်း သည် ထို မိန်း မ ကို နန်း တော် သို့ ခေါ် စေ၍ မိ ဖု ရား မြှောက် ရာ သား ယောက်ျား ကို မီး ရှူး မြင် လေ၏။ ဒါ ဝိဒ် မင်း ပြု သော အ မှု ကား ထာ ဝ ရ ဘု ရား မျက် မှောက် တော်၌ ဆိုး သွမ်း သော အ မှု ဖြစ် သ တည်း။ Judson Bible ငိုကြွေးမြည်တမ်းချိန်လွန်မှ၊ ဒါဝိဒ်သည် လူကိုစေလွှတ်၍ ထိုမိန်းမကို နန်းတော်သို့ခေါ်စေသဖြင့်၊ သူသည် မိဖုရားအဖြစ်သို့ရောက်၍ သားယောက်ျားကို ဖွားမြင်လေ၏။ သို့ရာတွင် ဒါဝိဒ်ပြုသောအမှုသည် ထာဝရဘုရားရှေ့တော်၌ ဆိုးသောအမှုဖြစ်သတည်း။ |
သူပြုသောအမှုသည် ထာဝရဘုရားမျက်မှောက်တော်၌ ဆိုးသောအမှုဖြစ်၏။ ထို့ကြောင့် ထာဝရဘုရားသည် သူ့ကိုလည်း ကွပ်မျက်တော်မူ၏။
ယခုမှာ သင်သည် အဘယ်ကြောင့် ထာဝရဘုရား၏စကားတော်ကို မထီမဲ့မြင်ပြုပြီး မျက်မှောက်တော်၌ မကောင်းမှုကို ပြုရသနည်း။ သင်သည် ဟိတ္တိလူမျိုး ဥရိယကို ဓားနှင့်သတ်ပြီး သူ့မယားကို သင့်မိဖုရားအဖြစ် သိမ်းယူပြီ။ သင်သည် သူ့ကို အမ္မုန်အမျိုးသားတို့၏ဓားဖြင့် သတ်လေပြီတကား။
ထိုသို့မဟုတ်ဘဲ ကိုယ်တော်က ‘သင့်ကို ငါအလိုမရှိ’ဟု မိန့်ဆိုလျှင်လည်း ငါအသင့်ရှိပါသည်။ အလိုတော်အတိုင်းသာ ငါ့ကို ပြုတော်မူပါစေသော”ဟု မိန့်ဆို၏။
နာဗုတ်သေပြီဟု အာဟပ်မင်းကြီးကြားလျှင် ယေဇရေလမြို့သားနာဗုတ်၏စပျစ်ခြံကို သိမ်းယူရန် ထသွားလေ၏။
ထိုအခါ အာဟပ်မင်းကြီးက ဧလိယအား “အို ငါ့ရန်သူ၊ သင်သည် ငါ့ကိုတွေ့ပြီလော”ဟု ဆိုလျှင် ဧလိယက “သင်သည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုပြုရန် သင့်ကိုယ်သင်ရောင်းစားသောကြောင့် သင့်ကိုငါတွေ့ပြီ။
ဤအမှုသည် ဘုရားသခင်ရှေ့တွင် ဆိုးညစ်သောအမှုဖြစ်သောကြောင့် အစ္စရေးလူမျိုးကို ဒဏ်ခတ်တော်မူရာ
လိမ်လည်ပြောဆိုသောသူတို့ကိုဖျက်ဆီးတော်မူ၏။ ထာဝရဘုရားသည် လူအသက်ကိုသတ်သောသူနှင့် လိမ်လည်လှည့်ဖြားသောသူတို့ကို စက်ဆုပ်ရွံရှာတော်မူ၏။
မိမိအိမ်နီးချင်း၏မယားထံသို့ ဝင်သောသူသည်လည်း ထိုနည်းတူဖြစ်၏။ ထိုမိန်းမနှင့်ထိတွေ့သောသူမှန်သမျှ အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည်မဟုတ်။
ထာဝရဘုရားမသိအောင် မိမိတို့အကြံအစည်ကို အစွမ်းကုန်ဖုံးကွယ်၍ မိမိတို့၏အမှုကို မှောင်မိုက်ထဲ၌ပြုလျက် “ငါတို့ကိုမည်သူမြင်မည်နည်း။ မည်သူသိမည်နည်း”ဟု ပြောဆိုသောသူတို့သည် အမင်္ဂလာရှိကြ၏။
အမှုကိစ္စများကို တရားမျှတစွာမစီရင်ခြင်း စသည်တို့ကို ဘုရားရှင် နှစ်သက်တော်မမူ။
ယေရှဲသည် သားဒါဝိဒ်မင်းကြီးကိုရ၏။ ဒါဝိဒ်သည် ဥရိယ၏မယားအားဖြင့် သားရှောလမုန်ကိုရ၏။
ထိုမိန်းကလေးနှင့်အိပ်သောယောက်ျားသည် ထိုမိန်းကလေးကို ကာမကျူးလွန်သောကြောင့် မိန်းကလေး၏ဖခင်အား ငွေရှယ်ကယ်ငါးဆယ်ပေးရမည်။ ထိုမိန်းကလေးသည် သူ၏မယားဖြစ်ရမည်။ သူသည် ထိုမိန်းကလေးကို တစ်သက်လုံး မကွာရှင်းရ။
မင်္ဂလာဆောင်ခြင်းအမှုကို လူတိုင်းလေးစားမြတ်နိုးရမည်။ ထိမ်းမြားခြင်းအိပ်ရာကိုလည်း ညစ်ညူးခြင်းမရှိစေရ။ အကြောင်းမူကား တရားနှင့်မညီမေထုန်ပြုသူနှင့် အိမ်ထောင်ရေးဖောက်ပြန်မှုကျူးလွန်သူတို့ကို ဘုရားသခင်စီရင်တော်မူလိမ့်မည်။