ထိုစာ၌ “တိုက်ပွဲပြင်းထန်သောနေရာတွင် ဥရိယကို ရှေ့တန်းတက်စေပြီး သင်တို့က နောက်ပြန်ဆုတ်ပါ။ သူအတိုက်ခိုက်ခံရပြီး သေပါစေ”ဟု ရေးထား၏။
၂ ရာ 11:16 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ယွာဘသည် မြို့ကိုသေချာစောင့်ကြည့်ထား၍ ရဲစွမ်းသတ္တိထက်မြက်သောစစ်သည်တို့ ရှိသည့်နေရာကို သိလျှင် ဥရိယကို ထိုနေရာတွင် ချထား၏။ Common Language Bible ထို့ကြောင့်ယွာဘသည်မြို့ကိုမိမိဝိုင်းရံ လျက်နေစဉ် ဥရိယအားရန်သူအင်အား ကြီးမားသည့်စစ်မျက်နှာသို့စေလွှတ်၏။- Garrad Bible မြို့ ကို မျှော် ကြည့် လျက် နေ သော ယွာ ဘ သည် သူ ရဲ ကောင်း တို့ ခု ခံ ရာ အ ရပ် သို့ ဥရိ ယ ကို လွှတ်၍ Judson Bible အမိန့်တော်အတိုင်း ယွာဘသည် မြို့ကိုကြည့်ရှုပြီးမှ၊ ခွန်အားကြီးသော သူရဲရှိရာအရပ်၌ ဥရိယကိုခန့်ထားလေ၏။ |
ထိုစာ၌ “တိုက်ပွဲပြင်းထန်သောနေရာတွင် ဥရိယကို ရှေ့တန်းတက်စေပြီး သင်တို့က နောက်ပြန်ဆုတ်ပါ။ သူအတိုက်ခိုက်ခံရပြီး သေပါစေ”ဟု ရေးထား၏။
မြို့ထဲမှစစ်သည်တို့ ထွက်လာပြီး ယွာဘနှင့် တိုက်ခိုက်သောအခါ ဒါဝိဒ်မင်းကြီး၏စစ်မှုထမ်းထဲမှ စစ်သည်အချို့ ကျဆုံးကြ၏။ ဟိတ္တိလူမျိုး ဥရိယလည်း ကျဆုံးလေ၏။
ယေရုဗေရှက်၏သား အဘိမလက်ကို မည်သူသတ်သနည်း။ သေဗက်မြို့တွင် မိန်းမတစ်ယောက်မြို့ရိုးပေါ်မှနေ၍ကြိတ်ဆုံကျောက်ကို ပစ်ချသဖြင့် သူသေခဲ့သည်မဟုတ်လော။ သင်တို့ အဘယ်ကြောင့် မြို့ရိုးနားသို့ ကပ်သွားရသနည်း’ဟု ဆိုလျှင် ‘အရှင့်အစေအပါး ဟိတ္တိလူမျိုး ဥရိယလည်း ကျဆုံးပြီ’ဟူ၍ လျှောက်တင်လော့”ဟု ညွှန်ကြားလိုက်၏။
ဟေဗြုန်မြို့သို့ အာဗနာပြန်ရောက်လာသောအခါ ယွာဘက သူ့အား သီးခြားစကားပြောလိုသည်ဟု ဆို၍ သူ့ကိုမြို့တံခါးအတွင်းသို့ ခေါ်သွားပြီးလျှင် သူ့ဗိုက်ကို ဓားနှင့်ထိုးလိုက်လေ၏။ ယွာဘညီ အာသဟေလကို သတ်သောသွေးကြွေးအတွက် အာဗနာသေရလေ၏။
ယခု ဇေရုယာ၏သားယွာဘသည် ငါ့အား မည်သို့ပြုခဲ့သည်ကိုလည်းကောင်း၊ အစ္စရေးစစ်သူကြီးနှစ်ဦးဖြစ်သော နေရ၏သားအာဗနာနှင့် ယေသာ၏သားအာမသတို့အား မည်သို့ပြုခဲ့သည်ကိုလည်းကောင်း သင်သိ၏။ သူသည် တိုင်းပြည်အေးချမ်းချိန်တွင်ပင် ထိုသူတို့ကို တိုက်ခိုက်သတ်ဖြတ်ပြီး သူ့ခါးမှခါးဝတ်တန်ဆာ၊ သူ့ခြေမှခြေနင်းတို့ကို စစ်သွေးစွန်းစေခဲ့၏။
ယေဟုကလည်း သူတို့ထံ ဒုတိယအကြိမ်စာရေးလိုက်ပြန်၏။ စာထဲ၌ “သင်တို့သည် ငါ့စကားကိုနားထောင်ပြီး ငါ့ဘက်၌နေမည်ဆိုလျှင် သင်တို့သခင်၏သားများ၏ခေါင်းကိုဖြတ်ပြီး မနက်ဖြန်ဤသို့သောအချိန်၌ ငါရှိရာယေဇရေလမြို့သို့ ယူဆောင်လာကြလော့”ဟု ရေးထား၏။ ဘုရင့်သားတော်အပါးခုနစ်ဆယ်တို့သည် အထိန်းတော်များဖြစ်သောမြို့မိမြို့ဖများနှင့်အတူ ရှိနေ၏။
အုပ်စိုးသူမင်းသည် မုသားစကားကိုအာရုံစိုက်လျှင် သူ၏အမှုထမ်းအပေါင်းတို့သည် ဆိုးယုတ်သောသူများဖြစ်လာကြလိမ့်မည်။
ဧဖရိမ်သည် ရုပ်တုနောက်သို့ ကောက်ကောက်ပါအောင်လိုက်သောကြောင့် နှိပ်စက်ခြင်းကိုခံရ၍ တရားစီရင်ခြင်းကြောင့် ကျိုးပဲ့ကြေမွလေပြီ။
သို့သော် ပေတရုနှင့်တမန်တော်တို့က “လူတို့၏စကားကို နားထောင်သည်ထက် ဘုရားသခင်၏စကားကို နားထောင်သင့်ပါ၏။