ထို့နောက် သူတို့သည် ပြန်လှည့်လာ၍ ကာဒေရှတည်းဟူသော အင်မိရှပတ်အရပ်သို့ရောက်လာကြပြီးလျှင် အာမလက်လူမျိုး၏နယ်မြေတစ်ခုလုံးနှင့် ဟာဇဇုန္တာမာမြို့၌နေထိုင်သောအာမောရိလူမျိုးကို တိုက်ခိုက်ကြ၏။
၂ ရာ 1:8 - မြန်မာ့စံမီသမ္မာကျမ်း သူက အကျွန်ုပ်အား ‘သင်ကား မည်သူနည်း’ဟု မေးလျှင် ‘အကျွန်ုပ်သည် အာမလက်လူမျိုး ဖြစ်ပါသည်’ဟု ပြောပြပါ၏။ Common Language Bible မင်းကြီးသည်ကျွန်တော်အားမည်သူဖြစ် သည်ကိုမေးတော်မူသဖြင့် ကျွန်တော်က အာမလက်ပြည်သားဖြစ်ကြောင်းဖြေ ကြားလျှောက်ထားပါ၏။- Garrad Bible သင် ကား မည် သူ နည်း ဟု မေး တော် မူ သော် ကျွန် တော် အာ မ လက် လူ မျိုး ဖြစ် ပါ သည် ဟု ပြန် လျှောက် ရာ တွင် Judson Bible ကျွန်တော်ရှိပါသည်ဟု လျှောက်သောအခါ၊ သင်သည် အဘယ်သူနည်းဟုမေးလျှင်၊ ကျွန်တော်သည် အာမလက်လူဖြစ်ပါသည်ဟု ပြန်လျှောက်ပါ၏။ |
ထို့နောက် သူတို့သည် ပြန်လှည့်လာ၍ ကာဒေရှတည်းဟူသော အင်မိရှပတ်အရပ်သို့ရောက်လာကြပြီးလျှင် အာမလက်လူမျိုး၏နယ်မြေတစ်ခုလုံးနှင့် ဟာဇဇုန္တာမာမြို့၌နေထိုင်သောအာမောရိလူမျိုးကို တိုက်ခိုက်ကြ၏။
ထို့နောက် ဒါဝိဒ်က မိမိကိုသတင်းကြားပြောသောလူငယ်အား “သင် အဘယ်ကနည်း”ဟု မေးလျှင် သူက “အကျွန်ုပ်သည် တိုင်းတစ်ပါးသားအာမလက်လူမျိုး ဖြစ်ပါသည်”ဟု ပြန်ဖြေ၏။
ရှောလုမင်းကြီးသည် အနောက်ကိုလှည့်ကြည့်၍ အကျွန်ုပ်ကို မြင်လျှင် လှမ်းခေါ်ပါ၏။ အကျွန်ုပ်ကလည်း ‘အကျွန်ုပ်ရှိပါ၏’ဟု ထူးပါ၏။
သူကလည်း ‘ငါ့နားသို့လာပြီး ငါ့ကို သတ်လိုက်ပါ။ ငါသည် ဝေဒနာ မချိမဆံ့ခံနေရပါ၏။ အသက်လည်း မထွက်နိုင်သေးပါ’ဟု ဆို၏။
တစ်ဖန် ဗာလမ်သည် အာမလက်လူမျိုးကိုရှုမြင်၍ ပရောဖက်ပြုသည်မှာ “အာမလက်လူမျိုးသည် လူမျိုးတို့၏အထွတ်အထိပ်ဖြစ်သော်လည်း အဆုံး၌ သူသည်ပျက်စီးလိမ့်မည်”ဟု ဆို၏။
ယခု သွား၍ အာမလက်လူမျိုးတို့ကို တိုက်ခိုက်လော့။ သူတို့ပိုင်ဆိုင်သောအရာအားလုံးကို ဖျက်ဆီးပစ်လော့။ မနှမြောနှင့်။ ယောက်ျား၊ မိန်းမ၊ ကလေးမှစ၍ နို့စို့ကလေးသူငယ်များအပါအဝင် နွား၊ သိုး၊ ကုလားအုတ်၊ မြည်းတို့ကို သတ်ဖြတ်လော့’ဟူ၍ မိန့်တော်မူပြီ”ဟု ဆို၏။
ထိုသို့နေစဉ်တွင် ဒါဝိဒ်နှင့် သူ့နောက်လိုက်တို့သည် ဂေရှုရိလူမျိုး၊ ဂေရဇိလူမျိုးနှင့် အာမလက်လူမျိုးတို့ ရှေးကတည်းကပင် နေထိုင်ရာဖြစ်သော ရှုရအရပ်တစ်လျှောက် အီဂျစ်ပြည်အထိ ချီတက်တိုက်ခိုက်လေ့ရှိ၏။
သုံးရက်မြောက်သောနေ့တွင် ဒါဝိဒ်နှင့်သူ့နောက်လိုက်တို့သည် ဇိကလတ်မြို့သို့ ပြန်ရောက်လာကြ၏။ ထိုအချိန်တွင် အာမလက်လူမျိုးတို့သည် နေဂေ့အရပ်နှင့် ဇိကလတ်မြို့ကို ဝင်ရောက်စီးနင်းပြီး ဇိကလတ်မြို့ကို တိုက်ခိုက်မီးရှို့ကာ
ထိုအခါ ဒါဝိဒ်က သူ့အား “သင်သည် မည်သူ၏လူ ဖြစ်သနည်း။ မည်သည့်အရပ်က လာသနည်း”ဟု မေးလျှင် သူက “အကျွန်ုပ်သည် အီဂျစ်ပြည်မှလာပါ၏။ အာမလက်အမျိုးသားတစ်ဦး၏ကျွန် ဖြစ်ပါ၏။ လွန်ခဲ့သောသုံးရက်က အကျွန်ုပ်ဖျားနာသဖြင့် အကျွန်ုပ်၏သခင်သည် အကျွန်ုပ်ကို ပစ်ထားခဲ့ပါ၏။
ဒါဝိဒ်သည် မှောင်ရီပျိုးချိန်မှစ၍ နောက်တစ်နေ့ နေဝင်ချိန်ထိ ထိုသူတို့ကို တိုက်ခိုက်ရာ ကုလားအုတ်စီး၍ ထွက်ပြေးသွားသောလူငယ်လေးရာမှလွဲ၍ ကျန်တစ်ဦးတစ်ယောက်မျှ မလွတ်ပေ။