လင်းယုန်ငှက်ထက် လျင်မြန်ပြီး ခြင်္သေ့ထက် ခွန်အားကြီးသော၊ ချစ်ခင်နှစ်သက်ရပါသော ရှောလုနှင့် ယောနသန်တို့သည် ရှင်အတူ သေမကွာပါတကား။
၂ ရာ 1:24 - မြန်မာ့စံမီသမ္မာကျမ်း အို အစ္စရေးသမီးပျိုတို့၊ သင်တို့ကို ကတ္တီပါနီနှင့် ဝတ်ကောင်းစားလှများဖြင့် ဆင်ယင်ပေးခဲ့သော၊ သင်တို့၏အဝတ်များတွင် ရွှေထည်များကို တန်ဆာဆင်ပေးခဲ့သော ရှောလုမင်းကြီးအဖို့ ငိုကြွေးကြလော့။ Common Language Bible ``ဣသရေလအမျိုးသမီးတို့၊ရှောလုအတွက် ငိုကြွေးမြည်တမ်းကြလော့။ သူသည်သင်တို့အားကမ္ဗလာနီထည်ကို ဝတ်ဆင်စေ၍ ကျောက်မျက်ရတနာ၊ရွှေတန်ဆာဖြင့် ဆင်ယင်ပေးတော်မူ၏။ Garrad Bible အို ဣ သ ရေ လ အ မျိုး သ မီး တို့ ရဲ ထည် ကို ဝတ် စေ သည့် ပြင် ရွှေ ရ တ နာ ဆင် ယင် ပေး တတ် သော ရှော လု မင်း အ တွက် ငို ကြွေး ကြ လော့။ Judson Bible အိုဣသရေလအမျိုးသမီးတို့၊ ရှောလုကို ငိုကြွေးကြလော့။ သင်တို့ကို လှသောကမ္ဗလာနီနှင့် ဝတ်စေ၍၊ သင်တို့အဝတ်၌လည်း ရွှေတန်ဆာနှင့် ဆင်စေတော်မူ၏။ |
လင်းယုန်ငှက်ထက် လျင်မြန်ပြီး ခြင်္သေ့ထက် ခွန်အားကြီးသော၊ ချစ်ခင်နှစ်သက်ရပါသော ရှောလုနှင့် ယောနသန်တို့သည် ရှင်အတူ သေမကွာပါတကား။
စစ်သူရဲတို့သည် စစ်ပွဲအလယ်တွင် ကျရှုံးရပါပြီတကား။ ယောနသန်သည် ကုန်းမြင့်ပေါ်တွင် အသတ်ခံရပါပြီတကား။
“ဗိုလ်ခြေများ၏ရှင်ဘုရင်တို့သည် အလျင်အမြန်ထွက်ပြေးကြ၍ အိမ်၌နေရစ်သောအမျိုးသမီးတို့သည် လုယက်ပစ္စည်းများကို ခွဲဝေကြ၏။
ပညာရှိ၏အဆုံးအမသည် နားထောင်တတ်သောသူ၏နားအတွက် ရွှေနားကွင်း၊ သို့မဟုတ် ရွှေစင်ဖြင့်ပြုလုပ်ထားသောအဆင်တန်ဆာဖြစ်၏။
သူ၏အိမ်သူအိမ်သားအားလုံးသည် ကတ္တီပါနီကိုဝတ်ဆင်ထားသည်ဖြစ်၍ နှင်းပွင့်ကျသော်လည်း သူသည် မိမိအိမ်သူအိမ်သားများအတွက် မစိုးရိမ်ရပေ။
အပျိုကညာသည် မိမိအဆင်တန်ဆာကိုလည်းကောင်း၊ သတို့သမီးသည် မိမိမင်္ဂလာဆောင်ဝတ်စုံကိုလည်းကောင်း မေ့လျော့နိုင်မည်လော။ သို့သော် ငါ၏လူတို့သည် ကာလကြာမြင့်စွာ ငါ့ကိုမေ့လျော့ကြပြီ။
‘ယောက်ျားတစ်ယောက်အတွက် မိန်းမပျိုတစ်ယောက်၊ နှစ်ယောက်၊ သိသရအတွက် တိုက်ခိုက်လုယူသောပစ္စည်းထဲမှ ရောင်စုံအဝတ်အစား၊ ငါ့အတွက် ရောင်စုံပန်းထိုးအဝတ်အစား၊ ရောင်စုံပန်းထိုးလည်စည်း စသည်တို့ကိုခွဲဝေနေကြခြင်းသာဖြစ်မည်’ဟူ၍ ဖြစ်၏။