သင်သည် သူခိုးနှင့်တွေ့သောအခါ သူ့ကိုလက်ခံ၏။ အိမ်ထောင်ရေးဖောက်ပြန်သောသူတို့နှင့်လည်း ပေါင်းသင်းဆက်ဆံ၏။
၂ ယော 1:11 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ထိုသို့သောသူကိုနှုတ်ခွန်းဆက်လျှင် သူ၏ဆိုးညစ်သောအမှု၌ ပါဝင်ရာရောက်၏။ Common Language Bible အဘယ်ကြောင့်ဆိုသော်ထိုသူအားနှုတ်ခွန်း ဆက်သူသည်ထိုသူနှင့်အပေါင်းအပါဖြစ်၍ ဆိုးယုတ်မှုကိုပြုကျင့်ရာရောက်သောကြောင့် တည်း။ Garrad Bible နှုတ် ခွန်း ဆက် သူ သည် ချင်း ဆိုး သွမ်း မှု များ နှင့် ဆက် ဆံ ရာ ရောက်၏။ Judson Bible မင်္ဂလာရှိစေသောဟု ထိုသူကိုနှုတ်ဆက်လျှင်၊ သူ၏ဆိုးယုတ်သောအကျင့်တို့နှင့် ဆက်ဆံရာသို့ ရောက်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူတို့အား နှုတ်ခွန်းဆက်သောသူသည် ထိုသူ၏ ဆိုးညစ်သောအမှုတွင် ပါဝင်ရာရောက်၏။ |
သင်သည် သူခိုးနှင့်တွေ့သောအခါ သူ့ကိုလက်ခံ၏။ အိမ်ထောင်ရေးဖောက်ပြန်သောသူတို့နှင့်လည်း ပေါင်းသင်းဆက်ဆံ၏။
အကျိုးမဲ့သောမှောင်မိုက်ခြင်း၏အမှုတို့၌ မပါဝင်ကြသည်သာမက ထိုအမှုတို့၏အပြစ်ကို ဖော်ပြကြလော့။
မည်သူ့အပေါ်၌မျှ လက်တင်ခြင်းအမှုကို အလျင်စလိုမပြုနှင့်။ အခြားသူတို့၏အပြစ်၌လည်း ပါဝင်ခြင်းမရှိနှင့်။ သင့်ကိုယ်သင် ဖြူစင်သန့်ရှင်းအောင်စောင့်ထိန်းလော့။
နို့ရည်ကိုသောက်သုံးနေသောသူတိုင်းသည် ကလေးသူငယ်ဖြစ်သောကြောင့် ဖြောင့်မတ်ခြင်းနှင့်ဆိုင်သောနှုတ်ကပတ်တော်နှင့် ရင်းနှီးကျွမ်းဝင်ခြင်းမရှိ။
အချို့သောသူတို့ကို မီးထဲမှဆွဲထုတ်ကယ်တင်ကြလော့။ အချို့တို့ကိုမူ သူတို့၏သွေးသားဇာတိဖြင့်ညစ်ညူးစွန်းထင်းနေသောအင်္ကျီကိုပင် ရွံမုန်းလျက် ကြောက်ရွံ့သောစိတ်နှင့်တကွ သူတို့ကိုကရုဏာထားကြလော့။
ထို့နောက် ကောင်းကင်မှအခြားသောအသံက “ငါ့လူမျိုးတို့၊ သင်တို့သည် သူ၏အပြစ်များ၌ မပါဝင်စေရန်လည်းကောင်း၊ သူခံရမည့်ဘေးဒဏ်တစ်စုံတစ်ခုကိုမျှ မခံရစေရန်လည်းကောင်း သူ့ထံမှ ထွက်လာခဲ့ကြလော့။