အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၂ ပေ 2:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို့ပြင် သောဒုံ​နှင့်​ဂေါမောရ​မြို့​တို့​ကို ပြစ်ဒဏ်​စီရင်​လျက် ပြာ​ပုံ​အဖြစ်​သို့ ပျက်သုဉ်း​စေ​ကာ ဘုရား​တရား​မဲ့​ဖြစ်လာ​မည့်​သူ​တို့​အတွက် နမူနာ​ဖြစ်စေ​တော်မူ​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ဘု​ရား​သ​ခင်​သည်​သော​ဒုံ​နှင့်​ဂေါ​မော​ရ​မြို့ တို့​ကို​မီး​လောင်​ကျွမ်း​စေ​သော​အား​ဖြင့်​အ​ပြစ် ဒဏ်​စီ​ရင်​တော်​မူ​၏။ ဤ​နည်း​အား​ဖြင့်​ကိုယ်​တော် သည်​နောင်​အ​ခါ​တွင် ဆိုး​သွမ်း​ယုတ်​မာ​သူ​တို့ မည်​ကဲ့​သို့​အ​ပြစ်​ဒဏ်​ခံ​ရ​မည်​ကို​န​မူ​နာ အ​ဖြစ်​ပြ​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ဘု ရား တ ရား မဲ့ နေ သူ တို့ အား ပုံ စံ ထား ရန် သော ဒုံ နှင့် ဂေါ မော ရ မြို့ များ ကို ဒဏ် ခတ် သ ဖြင့် ပြာ ပုံ အ ဖြစ် ဖြို လှဲ တော် မူ သည့် ကာ လ၊

အခန်းကိုကြည့်ပါ။

Judson Bible

သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​တို့​ကို မီး​ရှို့၍ ဖျက်​ဆီး​ရာ၊ ဒဏ်​စီ​ရင်​တော်​မူ​သ​ဖြင့် နောင်၌ မ​တ​ရား​သော အ​ကျင့်​ကို ကျင့်​အံ့​သော​သူ​တို့​အား ပုံ​သက်​သေ​ကို ထား​တော်​မူ၏။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ထို့နောက် သောဒုံ​နှင့် ဂေါမောရမြို့​တို့​ကို ပြာကျသည့်​တိုင် မီးရှို့​လျက် ပြစ်ဒဏ်​စီရင်တော်မူ​၍ ဘုရားတရားမဲ့သော​သူတို့​ထံ ကျရောက်မည့်​ဘေး​၏ နမူနာ​အဖြစ် ဖော်ပြတော်မူ၏။

အခန်းကိုကြည့်ပါ။



၂ ပေ 2:6
20 ပူးပေါင်းရင်းမြစ်များ  

သောဒုံ​မြို့​နှင့်​ဂေါမောရ​မြို့​မှစ၍ မြစ်ဝှမ်း​တစ်ဝှမ်းလုံး​ကို အပေါ်စီး​မှ​ကြည့်​လေ​ရာ ထို​အရပ်​မှ​မီးခိုး​သည် မီးပြင်းဖို​မှ​မီးခိုး​ကဲ့သို့ တက်​နေ​သည်​ကို​မြင်​လေ​၏​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် ငါ​တို့​တွင် အသက်ရှင်​ကျန်ရစ်​သူ​အနည်းငယ်​ကို​မျှ ချန်ထား​တော်​မ​မူ​ခဲ့​လျှင် ငါ​တို့​သည် သောဒုံ​မြို့​ကဲ့သို့​ဖြစ်၍ ဂေါမောရ​မြို့​နှင့်​တူ​ပေ​လိမ့်မည်​။


တိုင်းနိုင်ငံ​တို့​၏​ဂုဏ်သရေ​၊ ခါလဒဲ​လူမျိုး​တို့​ဂုဏ်ယူ​ဝါကြွား​ရာ​ဖြစ်​သော ဘေဘီလုံ​မြို့​သည် ဘုရားသခင်​ဖြိုဖျက်​ခဲ့​သော သောဒုံ​မြို့​နှင့်​ဂေါမောရ​မြို့​ကဲ့သို့​ဖြစ်​လိမ့်မည်​။


ထာဝရဘုရား​က “​ထို​ပြည်​သည် ဘုရားသခင်​ဖျက်ဆီး​ပစ်​သည့် သောဒုံ​မြို့​၊ ဂေါမောရ​မြို့​နှင့် အိမ်နီးချင်း​မြို့​တို့​ကဲ့သို့ ဖြစ်​မည်​။ မည်သူ​မျှ ထို​ပြည်​၌ နေထိုင်​တော့​မည်​မ​ဟုတ်​။ တည်းခို​သော​သူ ရှိ​တော့​မည်​မ​ဟုတ်​။


အို ဧဖရိမ်​၊ သင့်​ကို မည်သို့​စွန့်ပစ်​နိုင်​မည်နည်း​။ အို အစ္စရေး​၊ သင့်​ကို မည်သို့​အပ်နှံ​နိုင်​မည်နည်း​။ အာဒမာ​မြို့​ကဲ့သို့ သင့်​ကို​မည်သို့​ဖြစ်​စေ​နိုင်​မည်နည်း​။ ဇေဘိုင်​မြို့​ကဲ့သို့ သင့်​ကို​မည်သို့​ဖြစ်​စေ​နိုင်​မည်နည်း​။ ငါ​သည် စိတ်ပြောင်း​ပြီး သနားကြင်နာစိတ် တစ်စတစ်စ​တိုးပွား​လာ​ပြီ​။


“သောဒုံ​မြို့​နှင့် ဂေါမောရ​မြို့​ကို ဘုရားသခင် ဖျက်ဆီး​ပစ်​သကဲ့သို့ သင်​တို့​ကို ငါ​ဖျက်ဆီး​ပစ်​၏​။ သင်​တို့​သည် မီး​ထဲမှ ဆွဲထုတ်​လိုက်​သော​ထင်းစ​ကဲ့သို့​ဖြစ်​ခဲ့​ရ​၏​။ ထိုသို့​ဖြစ်​သော်လည်း သင်​တို့​သည် ငါ့​ထံသို့ ပြန်​မ​လာ​ကြ”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


ထို့ကြောင့် ငါ​အသက်ရှင်​သည်​နှင့်အညီ စင်စစ် မောဘ​ပြည်​သည် သောဒုံ​မြို့​ကဲ့သို့ ဖြစ်​လိမ့်မည်​။ အမ္မုန်​အမျိုးသား​တို့​သည် ဂေါမောရ​မြို့​ကဲ့သို့ ဆူးတော​၊ ဆား​တွင်း​၊ လူသူကင်းမဲ့​ရာ အစဉ်​ဖြစ်​လိမ့်မည်​။ ကြွင်းကျန်​သော ငါ့​လူမျိုး​တော်​တို့​သည် သူ​တို့​ကို တိုက်ခိုက်​ကြ​လိမ့်မည်​။ အသက်ရှင်​ကျန်ရစ်​သော ငါ့​လူမျိုး​တော်​တို့​သည်​လည်း ထို​ပြည်​တို့​ကို ပိုင်ဆိုင်​ရ​ကြ​လိမ့်မည်”​ဟု အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


အသက်​ဆုံးရှုံး​သွား​သော ထို​အပြစ်သား​တို့​၏​မီးကျီးခံဗန်း​တို့​သည် ထာဝရဘုရား​ရှေ့​တော်​၌ ပူဇော်​ပြီး​ဖြစ်၍ သန့်ရှင်း​သောကြောင့် အပြား​ခတ်​ပြီး ယဇ်ပလ္လင်​ကို​အုပ်​ထား​ရ​မည်​။ ၎င်း​သည် အစ္စရေး​အမျိုးသား​တို့​အတွက် အမှတ်လက္ခဏာ​အဖြစ်​ရှိ​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။


ထို့ကြောင့် မြေကြီး​သည် မိမိ​ခံတွင်း​ကို ဖွင့်​၍ ကောရ​နှင့်အတူ သူ​တို့​ကို​မျို​၏​။ ထိုသို့ ကောရ​နှင့်​သူ​၏​အပေါင်းပါ​များ​သေ​ကြ​၏​။ လူ​အယောက်​နှစ်ရာ့​ငါးဆယ်​ကို​လည်း မီး​လောင်ကျွမ်း​လေ​၏​။ ထို​သူ​တို့​သည် သတိပြုစရာ​သက်သေ​ဖြစ်​ကြ​၏​။


သင်​တို့​အား ငါ​အမှန်​ဆို​မည်။ တရား​စီရင်​တော်မူ​ရာ​နေ့​၌ သောဒုံ​နှင့်​ဂေါမောရ​မြို့​တို့​သည် ထို​မြို့​ထက် ခံသာ​ကြ​လိမ့်မည်။


ကပေရနောင်​မြို့၊ သင်​သည် ကောင်းကင်​အထိ ချီးမြှောက်​ခြင်း​ကို​ခံရ​ပါ​မည်​လော။ သင်​သည် မရဏာ​နိုင်ငံ​တိုင်အောင် ကျဆင်း​ရ​လိမ့်မည်။ အကြောင်းမူကား သင်​၌​ပြု​ခဲ့​သော​တန်ခိုး​လက္ခဏာ​များ​ကို သောဒုံ​မြို့​၌ ပြု​ခဲ့​လျှင် ထို​မြို့​သည် ယနေ့​တိုင်အောင် တည်ရှိ​ခဲ့​ပေ​လိမ့်မည်။


ထို့ပြင် ဟေရှာယ​က “ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရ​ဘုရား​သည် ငါ​တို့​အတွက် အမျိုးအနွယ်​ကို​ချန်ထား​တော်​မ​မူ​လျှင် ငါ​တို့​သည် သောဒုံ​မြို့​ကဲ့သို့​ဖြစ်​ခဲ့​၍ ဂေါမောရ​မြို့​နှင့်​တူ​ခဲ့​ကြ​ပေ​လိမ့်မည်”​ဟု ကြိုတင်​ပြော​ထား​သည့်​အတိုင်း​ဖြစ်​၏။


ဤ​အမှုအရာ​တို့​သည် နမူနာ​များ​အဖြစ် ထို​သူ​တို့​၌​ဖြစ်ပျက်​ခဲ့​ကြ​ပြီး ၎င်း​ကို​ရေး​ထား​ခြင်း​မှာ ကပ်​ကာလ​အဆုံး​ပိုင်း​၌ အသက်ရှင်​နေ​ကြ​သော​ငါ​တို့​ကို သတိပေး​ရန်​အတွက်​ဖြစ်​၏။


‘​ထို​ပြည်​တစ်ပြည်လုံး​သည် ကန့်​နှင့်​ဆား မီးလောင်​ထား​သကဲ့သို့​ဖြစ်၍ မျိုးကြဲ​၍​မ​ရ​၊ အစို့အညှောက်​မ​ထွက်​နိုင်​၊ မြက်ပင်​လည်း​မ​ပေါက်​နိုင်​ဘဲ ထာဝရဘုရား​၏​ပြင်း​စွာ​သော​ဒေါသအမျက်​တော်​ဖြင့်​ဖြိုလှဲ​ခဲ့​သည့် သောဒုံ​မြို့​၊ ဂေါမောရ​မြို့​၊ အာဒမာ​မြို့​၊ ဇေဘိုင်​မြို့​တို့​၏​ပျက်စီး​ခြင်း​ကဲ့သို့ ဖြစ်​လေ​ပြီ​’​ဟု ဆို​ကြ​လိမ့်မည်​။


ထို့ကြောင့် သူ​တို့​၏​မ​နာခံ​မှု​ပုံစံ​ကို​လိုက်​၍ ပြိုလဲ​မည့်သူ​တစ်စုံတစ်ဦး​မျှ​မ​ရှိ​ဘဲ ထို​ငြိမ်ဝပ်​ရာ​ချမ်းသာ​ထဲသို့ ဝင်​နိုင်​မည့်အကြောင်း ငါ​တို့​ကြိုးစား​အားထုတ်​ကြ​ကုန်​စို့။


ဤသည်ကား လူ​အပေါင်း​တို့​ကို​တရား​စီရင်​ရန်​နှင့် ဘုရား​တရား​မဲ့​စွာ​ဖြင့်​ပြု​ခဲ့​သော​သူတို့​၏​ဘုရား​တရား​မဲ့​ခြင်း​အမှု​အလုံးစုံ​အတွက်​လည်းကောင်း၊ ဘုရား​တရား​မဲ့​သော​အပြစ်သား​တို့​သည် ဘုရားသခင်​ကို​ဆန့်ကျင်​ပြောဆို​သည့် ပြင်းထန်​သော​စကား​အလုံးစုံ​အတွက်​လည်းကောင်း သူ​တို့​အားလုံး​၏​အပြစ်​ကို​ဖော်ပြ​ရန်​ဖြစ်​၏”​ဟု ဆို​ထား​၏။


ထိုကဲ့သို့ပင် သောဒုံ​မြို့၊ ဂေါမောရ​မြို့​နှင့် ၎င်း​တို့​၏​ပတ်ဝန်းကျင်​မြို့​များ​သည်​လည်း ထို​သူ​တို့​နည်းတူ တရားနှင့်မညီ​မေထုန်ပြု​ခြင်း​၌​ကျင်လည်​၍ သဘာဝ​နှင့်​ဆန့်ကျင်​သော သွေးသား​တပ်မက်​ခြင်း​အလို​သို့​လိုက်​ကြ​သဖြင့် ထာဝရ​မီး​နှင့်ဆိုင်သော အပြစ်ဒဏ်​ကို​ခံရ​လျက် သင်ခန်းစာ​ယူ​စရာ​ဖြစ်လာ​ကြ​၏။