မိက္ခာယကလည်း “ကြည့်ပါ။ အခန်းထဲ သင်ဝင်ပုန်းနေရသောနေ့ရောက်သောအခါ သိမြင်ရလိမ့်မည်”ဟု ပြန်ပြော၏။
၂ တိ 3:9 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် နောက်ထပ်တိုး၍ တက်လှမ်းနိုင်ကြလိမ့်မည်မဟုတ်။ အကြောင်းမူကား သူတို့၏မိုက်မဲမှုသည် ထိုသူနှစ်ဦးတို့၏မိုက်မဲမှုကဲ့သို့ လူအပေါင်းတို့ရှေ့၌ ပေါ်လွင်ထင်ရှားလာလိမ့်မည်။ Common Language Bible သို့ရာတွင်သူတို့၏အောင်မြင်မှုသည်တာရှည်ခံ လိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်ယန္နေနှင့် ယံဗြေတို့၏မိုက်မဲမှုကဲ့သို့သူတို့၏မိုက်မဲမှု ကိုလူအပေါင်းတို့တွေ့ရှိလာမည်ဖြစ်သော ကြောင့်တည်း။ Garrad Bible သို့ ရာ တွင် ဆို ခဲ့ သူ နှစ် ယောက်၏ မိုက် မဲ ခြင်း သည် ထင် ရှား သ ကဲ့ သို့၊ ဤ သူ တို့ မိုက် မဲ ခြင်း လည်း လူ ခပ် သိမ်း တို့ ရှေ့ ထင် ရှား မည် ဖြစ်၍ သူ တို့ သြ ဇာ တိုး တက် တော့ မည် မ ဟုတ်။ Judson Bible ထိုသူနှစ်ယောက်တို့၏ မိုက်မဲခြင်းသည် လူအပေါင်းတို့ရှေ့မှာ ထင်ရှားသကဲ့သို့၊ ဤသူတို့၏ မိုက်မဲ ခြင်းသည်လည်း ထင်ရှားလိမ့်မည်။ သို့ဖြစ်၍ သူတို့သည် တိုး၍ မလွန်မသွားရကြ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် သူတို့သည် များစွာ ရှေ့ဆက်တိုးနိုင်လိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ မိုက်မဲမှုသည် ယန္နေနှင့် ယံဗြေတို့၏ မိုက်မဲမှုကဲ့သို့ လူအပေါင်းတို့ရှေ့တွင် ထင်ရှားမည် ဖြစ်သောကြောင့်ပင်။ |
မိက္ခာယကလည်း “ကြည့်ပါ။ အခန်းထဲ သင်ဝင်ပုန်းနေရသောနေ့ရောက်သောအခါ သိမြင်ရလိမ့်မည်”ဟု ပြန်ပြော၏။
အကယ်စင်စစ် လူတို့၏အမျက်ဒေါသသည် ကိုယ်တော်ကိုချီးမွမ်းလိမ့်မည်။ ကိုယ်တော်သည် အမျက်ဒေါသအကြွင်းအကျန်များဖြင့် မိမိကိုယ်မိမိပတ်စည်းတော်မူလိမ့်မည်။
ထိုအခါ ဖာရောမင်းကြီးသည် ပညာရှိများနှင့်မှော်ဆရာများကိုခေါ်၍ ထိုအီဂျစ်နတ်ဝိဇ္ဇာဆရာတို့သည်လည်း မိမိတို့၏နတ်ဝိဇ္ဇာအတတ်များဖြင့် ထိုနည်းတူပြုကြ၏။
သူတို့သည် အသီးသီးမိမိတို့၏တောင်ဝှေးကို ပစ်ချကြသောအခါ မြွေနဂါးများဖြစ်သွား၏။ သို့ရာတွင် အာရုန်၏တောင်ဝှေးသည် သူတို့၏တောင်ဝှေးများကိုမျိုလေ၏။
နတ်ဝိဇ္ဇာဆရာများနှင့် အီဂျစ်လူမျိုးအားလုံးတို့၌ အနာစိမ်းပေါက်သဖြင့် နတ်ဝိဇ္ဇာဆရာတို့သည် အနာစိမ်းကြောင့် မောရှေ၏ရှေ့၌ မရပ်နိုင်ကြပေ။
‘ဘေဘီလုံဘုရင်သည် သင်တို့နှင့်သင်တို့ပြည်ကို လာတိုက်မည်မဟုတ်’ဟု ပရောဖက်ပြုဟောပြောခဲ့သော သင်တို့၏ပရောဖက်တို့ကား အဘယ်မှာနည်း။
ထိုအခါ သူတို့သည် ဒေါသစိတ်မွှန်၍ ယေရှုအား မည်သို့ပြုရမည်ကို အချင်းချင်းတိုင်ပင်ကြ၏။
ကြည့်လော့။ ထာဝရဘုရား၏လက်တော်သည် ယခုပင် သင့်အပေါ်သို့ကျရောက်သဖြင့် သင်သည် မျက်စိကွယ်လျက် ကာလအတန်ကြာ နေကိုမမြင်ဘဲနေလိမ့်မည်”ဟု ဆို၏။ ထိုခဏချင်းတွင် မှုန်ဝါးခြင်းနှင့်မှောင်မိုက်ခြင်းတို့သည် သူ့အပေါ်ကျရောက်သဖြင့် သူသည် လက်ဆွဲ၍လမ်းပြမည့်သူကို စမ်းတဝါးဝါးလိုက်ရှာလေ၏။
ယန္နေနှင့်ယံဗြေတို့သည် မောရှေကိုဆန့်ကျင်ခဲ့သည့်နည်းတူ ထိုသူတို့သည်လည်း သမ္မာတရားကိုဆန့်ကျင်ကြ၏။ သူတို့သည် စိတ်နှလုံးပျက်စီးယိုယွင်းလျက် ယုံကြည်ခြင်းအရာ၌ ကျရှုံးသောသူများဖြစ်ကြ၏။