ဤအချက်သည် ငြင်းဆို၍မရနိုင်သည့်အချက်ဖြစ်သောကြောင့် သင်တို့သည် မည်သည့်အမှုကိုမျှ မဆင်မခြင်မပြုဘဲ တိတ်ဆိတ်စွာနေသင့်၏။
၂ တိ 3:4 - မြန်မာ့စံမီသမ္မာကျမ်း သစ္စာဖောက်သောသူ၊ မဆင်မခြင်ပြုသောသူ၊ မောက်မာသောသူ၊ ဘုရားသခင်ကိုနှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကို သာ၍နှစ်သက်သောသူ၊ Common Language Bible သစ္စာဖောက်သူ၊ အရမ်းမဲ့ပြုမူသူ၊ မာနကြီးသူ၊ ဘုရားသခင်ကိုနှစ်သက်သည်ထက်ကာမဂုဏ် ခံစားမှုကိုပို၍နှစ်သက်သူ၊- Garrad Bible သ စ္စာ ဖျက် သူ၊ အ ဆော တ လျင် ပြု သူ၊ စော် ကား သူ၊ ဘု ရား ကို မြတ် နိုး သည် ထက် အ ပျော် အ မွေ့ ကို နှစ် သက် သူ။ Judson Bible သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကို မခံသောသူ၊ မာန်မနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ၍ နှစ်သက်သောသူ၊ ဘုရားဝတ်၌ မွေ့လျော်ယောင်ဆောင်၍၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း သစ္စာဖောက်သူ၊ ဆင်ခြင်တုံတရားကင်းမဲ့သူ၊ ဘဝင်မြင့်သူ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ်ခံစားမှုကို နှစ်သက်သူ၊ |
ဤအချက်သည် ငြင်းဆို၍မရနိုင်သည့်အချက်ဖြစ်သောကြောင့် သင်တို့သည် မည်သည့်အမှုကိုမျှ မဆင်မခြင်မပြုဘဲ တိတ်ဆိတ်စွာနေသင့်၏။
သင်တို့ဘိုးဘေးများ မညှဉ်းဆဲခဲ့သောပရောဖက်တစ်ပါးပါးရှိသလော။ သူတို့သည် ဖြောင့်မတ်သောအရှင်ကြွလာမည့်အကြောင်း ကြိုတင်ဟောပြောသောသူများကိုသတ်ခဲ့ကြ၏။ ယခု သင်တို့သည် ထိုဖြောင့်မတ်သောအရှင်ကို သစ္စာဖောက်သောသူနှင့် သတ်ဖြတ်သောသူများဖြစ်ကြပြီ။
မှန်ပေ၏။ သူတို့သည် မယုံကြည်မှုကြောင့် ခုတ်ဖြတ်ခြင်းခံရပြီး သင်မူကား ယုံကြည်ခြင်းကြောင့်တည်နေ၏။ ထောင်လွှားသောသဘောမရှိဘဲ ကြောက်ရွံ့ခြင်းရှိလော့။
အကြောင်းမူကား ထိုသို့သောသူတို့သည် ငါတို့၏သခင်ခရစ်တော်ကို အစေမခံဘဲ မိမိတို့၏ဝမ်းဗိုက်ကိုသာ အစေခံ၍ ချိုသာသောစကားနှင့် မြှောက်ပင့်သောစကားတို့ဖြင့် ရိုးစင်းသောသူတို့၏စိတ်နှလုံးကို လှည့်ဖြားတတ်ကြ၏။
သူသည် ယုံကြည်ခါစလူမဖြစ်ရ။ သို့မဟုတ်လျှင် ဘဝင်မြင့်လျက် မာရ်နတ်နှင့်တူညီသောပြစ်ဒဏ်စီရင်ခြင်းထဲသို့ ကျရောက်မည်ဟု စိုးရိမ်စရာရှိ၏။
ဤလောက၌ ချမ်းသာသောသူတို့သည် စိတ်နေမြင့်ခြင်း၊ မမြဲသောစည်းစိမ်များအပေါ်၌ မျှော်လင့်အားထားခြင်းမရှိဘဲ ပျော်ရွှင်မှုအတွက် အလုံးစုံတို့ကို ငါတို့အား ကြွယ်ဝစွာပေးသနားတော်မူသော ဘုရားသခင်အပေါ်၌ မျှော်လင့်အားထားကြရန်လည်းကောင်း၊
ထိုသူတို့သည် ကွဲပြားမှုကိုဖြစ်စေသောသူ၊ ဇာတိနှင့်ဆိုင်သောသူ၊ ဝိညာဉ်တော်ကိုမရသောသူများဖြစ်ကြ၏။
အကြောင်းမူကား ငါတို့ဘုရားသခင်၏ကျေးဇူးတော်ကို ကာမဂုဏ်လိုက်စားခြင်းအဖြစ်သို့ ပြောင်းလဲစေ၍ တစ်ပါးတည်းသောအရှင်ဖြစ်တော်မူသော ငါတို့၏သခင်ယေရှုခရစ်တော်ကို ငြင်းပယ်ကြသည့် ဘုရားတရားမဲ့သောသူအချို့တို့သည် တိတ်တခိုးဝင်ရောက်လာကြ၏။ သူတို့သည် ဤပြစ်ဒဏ်စီရင်ခြင်းကိုခံရမည်ဟု ရှေးယခင်ကပင် ရေးထားလေပြီ။