သဖန်းပင်ကိုထိန်းသိမ်းစောင့်ရှောက်သောသူသည် သဖန်းသီးကိုစားရလိမ့်မည်။ မိမိ၏သခင်ကို စောင့်ရှောက်သောသူသည် ဂုဏ်ပြုချီးမွမ်းခြင်းခံရလိမ့်မည်။
၂ တိ 2:6 - မြန်မာ့စံမီသမ္မာကျမ်း ကြိုးစားလုပ်ဆောင်သောခြံသမားသည် အသီးအနှံများ၏အဦးဆုံးသောဝေစုကို ခံစားသင့်၏။ Common Language Bible ပင်ပန်းစွာအလုပ်လုပ်ခဲ့သောလယ်သမား သည်သီးနှံကိုဦးစွာစားသုံးသင့်သည်။- Garrad Bible လယ် ယာ လုပ် သူ သည် အ သီး အ နှံ ကို ဦး စွာ သုံး ဆောင် သင့်၏။ Judson Bible လယ်လုပ်သောသူသည်လည်း အရင်လုပ်ပြီးမှ အသီးအနှံကိုခံရမည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အလုပ်ကြိုးစားသော လယ်သမားသည် သီးနှံဝေစုကို အဦးဆုံး ရသင့်သူဖြစ်၏။ |
သဖန်းပင်ကိုထိန်းသိမ်းစောင့်ရှောက်သောသူသည် သဖန်းသီးကိုစားရလိမ့်မည်။ မိမိ၏သခင်ကို စောင့်ရှောက်သောသူသည် ဂုဏ်ပြုချီးမွမ်းခြင်းခံရလိမ့်မည်။
ကောင်းကင်နိုင်ငံတော်သည် မိမိ၏စပျစ်ခြံအတွက် အလုပ်သမားများကိုငှားရန် နံနက်စောစောထွက်သွားသည့် ခြံပိုင်ရှင်နှင့်တူ၏။
ငါးတာလန်ရသောသူသည် ချက်ချင်းသွား၍ ထိုငွေများဖြင့်ကုန်သွယ်လျက် နောက်ထပ် ငါးတာလန်အမြတ်ရလေ၏။
ကိုယ်တော်သည် ထိုသူတို့အား“ရိတ်သိမ်းစရာများစွာရှိသော်လည်း လုပ်သားသည်နည်းလှ၏။ ထို့ကြောင့် ရိတ်သိမ်းခြင်းအတွက် လုပ်သားများကိုစေလွှတ်ပေးတော်မူရန် ရိတ်သိမ်းခြင်း၏အရှင်ထံ ဆုတောင်းကြလော့။
ငါသည် ကောင်းမြတ်သောသတင်း၏အကျိုးကျေးဇူးကို မျှဝေခံစားသူဖြစ်ရန် အမှုခပ်သိမ်းတို့ကို ထိုသတင်းအတွက် ဆောင်ရွက်၏။
ငါပြောဆိုသောအရာကို ဆင်ခြင်လော့။ သခင်ဘုရားသည် အရာခပ်သိမ်းတို့၌ သင့်အား ဉာဏ်စွမ်းကိုပေးတော်မူလိမ့်မည်။
ဘုရားသခင်၏အလိုတော်ကိုဆောင်ရွက်ပြီး ကတိတော်ကိုခံစားရရှိနိုင်ရန် သင်တို့၌လိုအပ်သောအရာမှာ သည်းခံခြင်းဖြစ်၏။
အကြောင်းမူကား မြေကြီးသည် မိမိအပေါ်အကြိမ်ကြိမ်ကျသောမိုးရေကိုသောက်လျက် ထွန်ယက်စိုက်ပျိုးသောသူတို့အတွက် အသုံးဝင်သည့်အသီးအနှံများကိုဖြစ်ထွန်းစေပါက ဘုရားသခင်ထံမှကောင်းချီးမင်္ဂလာကိုခံစားရ၏။