Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 9:23 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 ငါ​သည် ကောင်းမြတ်​သော​သတင်း​၏​အကျိုးကျေးဇူး​ကို မျှဝေ​ခံစား​သူ​ဖြစ်​ရန် အမှု​ခပ်သိမ်း​တို့​ကို ထို​သတင်း​အတွက် ဆောင်ရွက်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

23 သ​တင်း​ကောင်း​၏​ကောင်း​ချီး​မင်္ဂ​လာ​များ​ကို ဝေ​မျှ​နိုင်​ရန် ငါ​သည်​သ​တင်း​ကောင်း​အ​ကျိုး​ငှာ ဤ​အ​မှု​ခပ်​သိမ်း​ကို​ပြု​ခြင်း​ဖြစ်​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 ငါ သည် သ တင်း တော် မြတ် အ ကျိုး ကို ဆက် ဆံ ခွင့် ရ ရန် လည်း ထို သ တင်း တော် အ တွက် အ ရာ ရာ ကို ပြု ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 သင်​တို့​နှင့်​အ​တူ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဆက်​ဆံ​ခြင်း​အ​လို​ငှာ၊ ဧ​ဝံ​ဂေ​လိ​တ​ရား​ကြောင့် ထို​သို့​ငါ​ပြု​လေ့​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

23 သတင်းကောင်း​ပျံ့နှံ့​ရန်အတွက် အရာ​အားလုံး​ကို လုပ်ဆောင်​ပြီး ထို​သတင်းကောင်း​၏ အကျိုး​ကျေးဇူးများ​ကို မျှဝေခံစား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 9:23
14 ပူးပေါင်းရင်းမြစ်များ  

အကြောင်းမှာ မိမိ​အသက်​ကို​ကယ်တင်​လို​သော​သူ​သည် အသက်​ကို​ဆုံးရှုံး​ရ​လိမ့်မည်။ ငါ​နှင့်​ကောင်းမြတ်​သော​သတင်း​အတွက် မိမိ​အသက်​ကို ဆုံးရှုံး​ရ​သော​သူ​မူကား မိမိ​အသက်​ကို​ကယ်တင်​လိမ့်မည်။


သို့သော် အကိုင်းအခက်​အချို့​တို့​သည် ခုတ်ဖြတ်​ခြင်း​ခံရ​၍ သံလွင်​ပင်​အရိုင်း​ဖြစ်​သော​သင်​သည် ထို​အကိုင်းအခက်​များ​ကြား​၌ ကိုင်းဆက်ကူး​ခံရ​ပြီး သံလွင်​ပင်​အမြစ်​မှ​အဆီအနှစ်​ကို မျှဝေ​ခံစား​သူ​ဖြစ်လာ​လျှင်


အခြား​သော​သူ​တို့​သည် သင်​တို့​ထံမှ ဤ​အခွင့်​ကို ခံစား​ရ​ကြ​လျှင် ငါ​တို့​သည် သာ၍​ခံစား​ထိုက်​သည်​မ​ဟုတ်​လော။ သို့သော် ငါ​တို့​သည် ဤ​အခွင့်​ကို​မ​သုံး​ဘဲ ခရစ်တော်​၏​ကောင်းမြတ်​သော​သတင်း​အတွက် မည်သည့်​အဟန့်အတား​မျှ​မ​ရှိ​စေရန် အရာရာ​၌ သည်းခံ​ကြ​၏။


အားနည်း​သော​သူ​တို့​ကို​ရရှိ​နိုင်​ရန် အားနည်း​သော​သူ​တို့​တွင် အားနည်း​သော​သူ​ဖြစ်​၏။ လူ​အချို့​တို့​ကို တစ်နည်းနည်း​ဖြင့် ကယ်တင်​နိုင်​ရန် လူ​အမျိုးမျိုး​တို့​တွင် အမျိုးမျိုး​ဖြစ်​ခဲ့​၏။


အားကစားကွင်း​ထဲ၌ အပြေးပြိုင်​သော​သူ​တို့​သည် အားလုံး​ပြေး​ကြ​သည်​မှန်​သော်လည်း တစ်ဦးတည်း​သာ ဆု​ရရှိ​ကြောင်း​ကို သင်​တို့​မ​သိ​ကြ​သလော။ ထို့ကြောင့် သင်​တို့​သည် ဆု​ရရှိ​မည့်​အကြောင်း ပြေး​ကြ​လော့။


သင်​တို့​ကို​ဝမ်းနည်း​စေရန်​မ​ဟုတ်​ဘဲ သင်​တို့​အပေါ် ငါ​ထားရှိ​သော ကြွယ်ဝ​သည့်​ချစ်​ခြင်း​မေတ္တာ​ကို သင်​တို့​သိ​စေရန် ငါ​သည် ကြီးစွာ​သော​စိတ်​ဆင်းရဲ​ခြင်း​နှင့် ပူဆွေး​ခြင်း​ထဲမှ မျက်ရည်​များစွာ​ဖြင့် သင်​တို့​ထံသို့​ရေး​လိုက်​ခြင်း​ဖြစ်​၏။


သို့သော် ကောင်းမြတ်​သော​သတင်း​၏​သမ္မာတရား​သည် သင်​တို့​တွင် ဆက်၍​တည်​နေ​မည့်​အကြောင်း ငါ​တို့​သည် သူ​တို့​ကို ခေတ္တ​ခဏ​မျှ​ပင် မ​လိုက်လျော​ခဲ့​ကြ​ပေ။


ထို့ကြောင့် ရွေးကောက်​ခံရ​သော​သူ​တို့​သည် ခရစ်တော်​ယေရှု​၌​ရှိ​သော​ကယ်တင်​ခြင်း​ကို ထာဝရ​ဘုန်း​အသရေ​နှင့်တကွ ရရှိ​နိုင်​မည့်​အကြောင်း ငါ​သည် သူ​တို့​အတွက် အရာရာ​ကို​သည်းခံ​၏။


ကြိုးစား​လုပ်ဆောင်​သော​ခြံသမား​သည် အသီးအနှံ​များ​၏​အဦးဆုံး​သော​ဝေစု​ကို ခံစား​သင့်​၏။


သို့ဖြစ်၍ ကောင်းကင်​နှင့်ဆိုင်သော ခေါ်ယူ​တော်မူ​ခြင်း​၌​ပါဝင်​သည့် သန့်ရှင်း​သော​ညီအစ်ကို​တို့၊ ငါ​တို့​ယုံကြည်​ဝန်ခံ​သည့် တမန်တော်​နှင့်​ယဇ်ပုရောဟိတ်​မင်း​တည်းဟူသော ယေရှု​အကြောင်း​ကို ဆင်ခြင်​အောက်မေ့​ကြ​လော့။


အကြောင်းမူကား ငါ​တို့​သည် အစ​၌​ရှိ​သော​စိတ်ချ​မှု​ကို အဆုံး​တိုင်အောင် ခိုင်မြဲ​စွာ​စွဲကိုင်​ထား​လျှင် ခရစ်တော်​နှင့်​စပ်ဆိုင်​သော​သူ​များ​ဖြစ်​ကြ​၏။


သို့ဖြစ်၍ အသင်းတော်​အကြီးအကဲ​တစ်ဦး​ဖြစ်​ပြီး ခရစ်တော်​၏​ဒုက္ခ​ဝေဒနာ​များ​ကို​သက်သေခံ​သူ​နှင့် ထင်ရှား​လာ​တော့မည့် ကိုယ်တော်​၏​ဘုန်း​အသရေ​တော်​ကို မျှဝေ​ခံစား​သူ​ဖြစ်​သော​ငါ​သည် သင်​တို့​တွင်​ရှိ​သော​အသင်းတော်​အကြီးအကဲ​များ​ကို တိုက်တွန်း​နှိုးဆော်​ပါ​၏။


ငါ​တို့​မြင်​ရ​ကြား​ရ​သော​အရာ​ကို သင်​တို့​အား​ပြောကြား​ရ​ခြင်း​မှာ သင်​တို့​သည်​လည်း ငါ​တို့​နှင့်​မိတ်သဟာယ​ဖွဲ့​ခြင်း​ရှိ​စေရန်​ဖြစ်​၏။ ငါ​တို့​၏​မိတ်သဟာယ​ဖွဲ့​ခြင်း​သည် ခမည်းတော်​နှင့်​လည်းကောင်း၊ ခမည်းတော်​၏​သား​တော်​ယေရှု​ခရစ်တော်​နှင့်​လည်းကောင်း မိတ်သဟာယ​ဖွဲ့​ခြင်း​ဖြစ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ