ထိုသူတို့ဝန်းကျင်၌ရှိသောလူအပေါင်းတို့သည်လည်း မိမိတို့စေတနာအလျောက် ရွှေငွေအသုံးအဆောင်များ၊ ပစ္စည်းဥစ္စာများ၊ တိရစ္ဆာန်များ၊ အဖိုးတန်လက်ဆောင်များဖြင့် ပါဝင်ပေးလှူကြ၏။
၂ တိ 2:20 - မြန်မာ့စံမီသမ္မာကျမ်း ကြီးမားသောအိမ်၌ ရွှေငွေဖြင့်ပြုလုပ်ထားသော အိုးခွက်များသာမက သစ်သားနှင့်မြေကြီးတို့ဖြင့်ပြုလုပ်ထားသော အိုးခွက်များလည်းရှိ၍ အချို့တို့ကို အသရေရှိသောအရာအတွက်သုံးလျက် အချို့တို့ကို အသရေမရှိသောအရာအတွက်သုံးကြ၏။ Common Language Bible မည်သည့်အိမ်ကြီး၌မဆိုရွှေ၊ ငွေအသုံး အဆောင်များသာလျှင်ရှိသည်မဟုတ်။ သစ် သားနှင့်ရွှံ့မြေဖြင့်လုပ်သောအသုံးအဆောင် များလည်းရှိပေသည်။ အချို့ကိုအခါကြီး ရက်ကြီးများ၌အသုံးပြု၍အချို့ကို နေ့တိုင်းအသုံးပြုသည်။- Garrad Bible ကြီး ကျယ် သော အိမ်၌ ရွှေ ငွေ အ သုံး အ ဆောင် သာ မ ဟုတ်၊ သစ် သား မြေ အ သုံး အ ဆောင် များ လည်း ရှိ ရာ အ ချို့ အ မြတ်၊ အ ချို့ အ ယုတ် ဖြစ် ၏။ Judson Bible ကြီးစွာသောအိမ်၌ ရွှေတန်ဆာ၊ ငွေတန်ဆာသာ ရှိသည်မဟုတ်၊ သစ်သားတန်ဆာ၊ မြေတန်ဆာရှိ၏။ အသရေရှိသောတန်ဆာ၊ အသရေမရှိသော တန်ဆာရှိ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း စံအိမ်ကြီးတစ်အိမ်တွင် ရွှေငွေအသုံးအဆောင်များသာမက သစ်နှင့် မြေထည်အသုံးအဆောင်များလည်း ရှိ၏။ အချို့အသုံးအဆောင်များကို ဂုဏ်သရေရှိသောအရာအတွက် အသုံးပြု၍ အချို့ကို ဂုဏ်သရေမဲ့သောအရာအတွက် အသုံးပြု၏။ |
ထိုသူတို့ဝန်းကျင်၌ရှိသောလူအပေါင်းတို့သည်လည်း မိမိတို့စေတနာအလျောက် ရွှေငွေအသုံးအဆောင်များ၊ ပစ္စည်းဥစ္စာများ၊ တိရစ္ဆာန်များ၊ အဖိုးတန်လက်ဆောင်များဖြင့် ပါဝင်ပေးလှူကြ၏။
ဂျေရုဆလင်မြို့ရှိ ဗိမာန်တော်မှ ဘေဘီလုံမြို့သို့ နေဗုခဒ်နေဇာမင်းကြီး သိမ်းယူသွားသည့် ရွှေဖလား၊ ငွေဖလားစသော ဘုရားသခင်၏အိမ်တော်အသုံးအဆောင်များကိုလည်း ဂျေရုဆလင်မြို့ရှိ ဗိမာန်တော်သို့ ပြန်လည်ယူဆောင်လာ၍ ဘုရားသခင်၏အိမ်တော်၊ မိမိနေရာတွင် ပြန်ထားစေ’ဟူ၍ အမိန့်ထုတ်ပြန်၏။
ယဇ်ပလ္လင်မှပြာကိုဖယ်ရှားရန်အတွက် အိုး၊ ဂေါ်ပြား၊ ဇလုံ၊ ခက်ရင်းခွ၊ မီးကျီးခံဗန်းတို့ကိုလည်း လုပ်ရမည်။ ယဇ်ပလ္လင်၏တန်ဆာပလာရှိသမျှတို့ကို ကြေးနီဖြင့်လုပ်ရမည်။
ရွှေစင်သဖွယ်အဖိုးတန်သော ဇိအုန်မြို့သားတို့ကို အိုးထိန်းသည်လက်ဖြင့်လုပ်သောမြေအိုးကဲ့သို့ ထင်မှတ်ကြလေပြီတကား။
ထိုသို့ စပျစ်ဝိုင်သောက်ရင်း ဗေလရှာဇာမင်းကြီးသည် ဂျေရုဆလင်ဗိမာန်တော်မှ မိမိခမည်းတော်နေဗုခဒ်နေဇာမင်းကြီး သိမ်းယူလာခဲ့သောရွှေဖလား၊ ငွေဖလားတို့ကို ယူခဲ့ရန် အမိန့်ပေး၏။ ရှင်ဘုရင်မှစ၍ မှူးမတ်များ၊ မိဖုရားများနှင့် ကိုယ်လုပ်တော်များသည် ထိုဖလားများဖြင့် စပျစ်ဝိုင်ကို သောက်ကြ၏။
ယေရှုက“ငါ့ကိုနတ်ဆိုးပူးနေသည်မဟုတ်။ ငါသည် ငါ့ခမည်းတော်ကိုရိုသေ၏။ သင်တို့မူကား ငါ့ကိုမထီလေးစားပြုကြ၏။
သို့သော် အချင်းလူ၊ သင်သည် မည်သူဖြစ်၍ ဘုရားသခင်ကို ပြန်ခံပြောဆိုသနည်း။ ပုံသွင်းခံရသောအရာသည် ပုံသွင်းပေးသောသူအား “အဘယ်ကြောင့် ငါ့ကို ဤသို့ပြုလုပ်ခဲ့သနည်း”ဟု ပြောဆိုနိုင်ပါမည်လော။
အကြောင်းမူကား ငါတို့သည် ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်များဖြစ်ကြ၏။ သင်တို့သည် ဘုရားသခင်၏ဥယျာဉ်၊ ဘုရားသခင်၏အဆောက်အအုံဖြစ်ကြ၏။
သို့သော် အလွန်ထူးမြတ်သော ဤတန်ခိုးသည် ငါတို့ထံမှမဟုတ်ဘဲ ဘုရားသခင်ထံမှဖြစ်ကြောင်း ထင်ရှားစေရန် ငါတို့သည် ဤရတနာကို မြေအိုးထဲ၌ဆောင်ထားကြ၏။
သင်တို့သည်လည်း ဝိညာဉ်တော်အားဖြင့် ဘုရားသခင်ကိန်းဝပ်တော်မူရာအဖြစ်သို့ ထိုသခင်၌ အတူတကွတည်ဆောက်ခြင်းခံရကြ၏။
ငါနှောင့်နှေးခဲ့လျှင်ပင် သမ္မာတရား၏မဏ္ဍိုင်နှင့်အုတ်မြစ်ဖြစ်သည့် အသက်ရှင်တော်မူသောဘုရားသခင်၏အသင်းတော်တည်းဟူသော ဘုရားသခင်၏အိမ်တော်တွင် မည်ကဲ့သို့အသက်ရှင်နေထိုင်ရမည်ကို သင်သိနိုင်ရန်အတွက်ဖြစ်၏။
သင်တို့ကိုယ်တိုင်သည်လည်း အသက်ရှင်သောကျောက်ကဲ့သို့ ဝိညာဉ်ရေးဆိုင်ရာအိမ်တော်အဖြစ် တည်ဆောက်ခြင်းကိုခံကြလော့။ ဤသည်ကား သင်တို့သည် သန့်ရှင်းသောယဇ်ပုရောဟိတ်မျိုးဖြစ်လျက် ဘုရားသခင်နှစ်သက်လက်ခံတော်မူသော ဝိညာဉ်ရေးဆိုင်ရာယဇ်များကို ယေရှုခရစ်တော်အားဖြင့် ပူဇော်နိုင်ရန် ဖြစ်၏။