သင်တို့ပြုသော ဤအမှုကြောင့် ထာဝရဘုရားသည် မေတ္တာကရုဏာနှင့် သမ္မာတရားကို သင်တို့အား ပြတော်မူပါစေသော။ ငါသည်လည်း သင်တို့ကို ကျေးဇူးပြုပါမည်။
၂ တိ 1:16 - မြန်မာ့စံမီသမ္မာကျမ်း သခင်ဘုရားသည် ဩနေသိဖော်၏မိသားစုအပေါ် ကရုဏာသက်တော်မူပါစေသော။ အဘယ်ကြောင့်ဆိုသော် သူသည် ငါ့ကို အကြိမ်ကြိမ်နှစ်သိမ့်လန်းဆန်းစေပြီး သံကြိုးဖြင့် ငါချည်နှောင်ထားခြင်းခံရသည်ကို ရှက်ကြောက်ခြင်းမရှိဘဲ Common Language Bible သခင်ဘုရားသည်သြနေသိဖော်၏အိမ် ထောင်အားကရုဏာထားတော်မူပါစေ သော။ ထိုသူသည်အကြိမ်ကြိမ်အဖန်ဖန် ငါ့အားစိတ်သက်သာစေ၏။ ငါသည်အကျဉ်း သားဖြစ်လျက်နေသော်လည်းသူသည်ငါ့ အတွက်မရှက်ဘဲ၊- Garrad Bible သြ နေ သိ ဖော့် အိမ် သူ အိမ် သား တို့ အ ပေါ် တွင် အ ရှင် ဘု ရား သည် က ရု ဏာ သက် တော် မူ ပါ စေ သော။ သူ သည် ကြိမ် ဖန် များ စွာ ငါ့ ကို အား ပေး ပြု စု သည့် ပြင်၊ ငါ့ သံ ကြိုး အ တွက် မ ရှက် ဘဲ၊ Judson Bible ထာဝရဘုရား၏ ကရုဏာတော်သည် ဩနေသိဖော်၏အိမ်၌ သက်ရောက်ပါစေသော။ သူသည်ငါ့ကို အဖန်ဖန်သက်သာစေပြီ။ ငါ၌သံကြိုးချည်နှောင်လျက် ရှိသော်လည်း၊ သူသည် ရှက်ကြောက်ခြင်းမရှိဘဲ၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဩနေသိဖော်၏မိသားစုအပေါ် သခင်ဘုရား၏ ကရုဏာတော်သက်ရောက်ပါစေသော။ အဘယ်ကြောင့်ဆိုသော် သူသည် ကျွန်ုပ်အကျဉ်းချခံရသည်ကိုပင် မရှက်မကြောက်ဘဲ အမြဲ အားပေးနှစ်သိမ့်သောကြောင့် ဖြစ်၏။ |
သင်တို့ပြုသော ဤအမှုကြောင့် ထာဝရဘုရားသည် မေတ္တာကရုဏာနှင့် သမ္မာတရားကို သင်တို့အား ပြတော်မူပါစေသော။ ငါသည်လည်း သင်တို့ကို ကျေးဇူးပြုပါမည်။
အို အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်ပြုခဲ့သောအမှုအတွက် အကျွန်ုပ်ကိုအောက်မေ့တော်မူပါ။ ဘုရားသခင်၏အိမ်တော်နှင့်အမှုတော်အတွက် အကျွန်ုပ်ကောင်းစွာလုပ်ဆောင်ခဲ့သည်ကို လျစ်လျူရှုတော်မမူပါနှင့်။
လေဝိအမျိုးတို့ကိုလည်း ဥပုသ်နေ့သန့်ရှင်းအောင် ကိုယ့်ကိုယ်ကိုယ် စင်ကြယ်စေပြီး မြို့တံခါးတို့တွင် သွား၍စောင့်ကြပ်ကြလော့ဟု ငါမှာကြား၏။ အို အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်ပြုခဲ့သောအမှုအတွက် အကျွန်ုပ်ကိုအောက်မေ့တော်မူပါ။ မေတ္တာကရုဏာကြွယ်ဝသည့်အတိုင်း အကျွန်ုပ်ကို သနားတော်မူပါ။
သတ်မှတ်ထားသောအချိန်တွင် လှူရမည့်ထင်းနှင့် အဦးဆုံးသီးနှံများကို စီမံပေး၏။ အို အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်ကို အောက်မေ့တော်မူပါ။ ကျေးဇူးပြုတော်မူပါ။
အို အကျွန်ုပ်၏ဘုရားသခင်၊ ဤလူမျိုးအတွက် အကျွန်ုပ်ပြုသောကောင်းမှုအလုံးစုံကို သတိရတော်မူပါ။
ကိုယ်တော်သည် မေတ္တာကရုဏာရှိသောသူအား မိမိမေတ္တာကရုဏာရှိကြောင်းကို ပြတော်မူ၏။ အပြစ်ကင်းသောသူအား မိမိအပြစ်ကင်းကြောင်းကို ပြတော်မူ၏။
သူသည် အစဉ်အမြဲသနားတတ်၍ ချေးငှားပေးတတ်၏။ သူ၏သားမြေးတို့သည်လည်း ကောင်းချီးမင်္ဂလာ ဖြစ်ကြ၏။
ထာဝရဘုရားက ထိုနေ့၌ သင့်ကို ငါကယ်နုတ်မည်။ သင်ကြောက်သောသူတို့လက်သို့ သင်မရောက်ရ။
သနားကြင်နာတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် သနားကြင်နာခြင်းကိုခံရကြလိမ့်မည်။
ထိုအခါ တပ်မှူးကြီးသည် အနီးသို့ရောက်လာ၍ ပေါလုကိုဖမ်းဆီးကာ သံကြိုးနှစ်ချောင်းဖြင့်ချည်နှောင်ထားရန် အမိန့်ပေးပြီးလျှင် ပေါလုသည် မည်သူဖြစ်ကြောင်းနှင့် မည်သည့်အမှုပြုခဲ့ကြောင်းကို မေးမြန်းလေ၏။
ဤအကြောင်းကြောင့် အကျွန်ုပ်သည် သင်တို့နှင့်တွေ့ဆုံ၍ စကားပြောရန် သင်တို့ကိုဖိတ်ခေါ်ခြင်းဖြစ်သည်။ အမှန်စင်စစ် အကျွန်ုပ်သည် အစ္စရေးလူမျိုး၏မျှော်လင့်ခြင်းအကြောင်းကြောင့် ဤသံကြိုးဖြင့် ချည်နှောင်ထားခြင်းခံရသည်”ဟု ဆိုလေ၏။
ငါ၏စိတ်ဝိညာဉ်နှင့် သင်တို့၏စိတ်ဝိညာဉ်တို့အား ငြိမ်သက်ချမ်းသာမှုကိုပေးကြ၏။ သို့ဖြစ်၍ ထိုသို့သောသူတို့ကို အသိအမှတ်ပြုကြလော့။
ငါသည် ဤကောင်းမြတ်သောသတင်းအတွက် သံကြိုးဖြင့်ချည်နှောင်ထားခြင်းခံရသော သံတမန်ဖြစ်၏။ ဤသို့ချည်နှောင်ထားခြင်းခံရသော်လည်း ငါသည် ဟောပြောသင့်သည့်အတိုင်း ရဲရင့်စွာဟောပြောနိုင်ရန် ဆုတောင်းပေးကြလော့။
ထိုအကြောင်းကြောင့် ငါသည် ဤဒုက္ခဝေဒနာများကိုလည်း ခံစားနေရ၏။ သို့သော် ငါသည် ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား ငါသည် မိမိယုံကြည်သောအရှင်ကိုသိ၍ ကိုယ်တော်ထံ၌ ငါအပ်ထားသောအရာကို ထိုနေ့ရက်တိုင်အောင် ကိုယ်တော်စောင့်ထိန်းနိုင်သည်ဟု ငါယုံကြည်စိတ်ချ၏။
ထိုနေ့ရက်၌ သခင်ဘုရားထံတော်မှ ကရုဏာတော်ခံစားရသောအခွင့်ကို သခင်ဘုရားသည် သူ့အားပေးတော်မူပါစေသော။ ဧဖက်မြို့၌ရှိစဉ်ကလည်း သူသည် ငါ့ကို မည်မျှလုပ်ကျွေးပြုစုခဲ့သည်ကို သင်ကောင်းစွာသိ၏။
ထို့ကြောင့် ငါတို့၏သခင်ဘုရားအကြောင်း သက်သေခံသည်ကိုလည်းကောင်း၊ ငါသည် ကိုယ်တော်အတွက် အကျဉ်းသားဖြစ်သည်ကိုလည်းကောင်း ရှက်ကြောက်ခြင်းမရှိဘဲ ဘုရားသခင်၏တန်ခိုးတော်အားဖြင့် ကောင်းမြတ်သောသတင်းအတွက် ငါနှင့်အတူဆင်းရဲဒုက္ခကိုခံလော့။
ဟုတ်ပေ၏။ ငါ့ညီ၊ ငါသည် သခင်ဘုရား၌ သင့်ထံမှ အကျိုးကျေးဇူးကိုရရှိလိုပါ၏။ ခရစ်တော်အားဖြင့် ငါ၏စိတ်နှလုံးကို ငြိမ်သက်ချမ်းသာစေပါလော့။
ငါ့ညီ၊ သန့်ရှင်းသူတို့၏စိတ်နှလုံးသည် သင့်အားဖြင့် ငြိမ်သက်ချမ်းသာမှုကိုခံစားရပြီဖြစ်၍ သင်၏ချစ်ခြင်းမေတ္တာကြောင့် ကြီးစွာသောဝမ်းမြောက်ခြင်းနှင့် တိုက်တွန်းအားပေးခြင်းတို့ကို ငါခံစားရ၏။
သင်တို့သည် အကျဉ်းသားတို့အပေါ် စာနာစိတ်ရှိကြသည်သာမက သာ၍မြတ်ပြီး တည်မြဲသောအရာကို မိမိတို့ပိုင်ဆိုင်ကြောင်းသိလျက် သင်တို့ဥစ္စာပစ္စည်းများ မတရားလုယူခြင်းခံရသော်လည်း ဝမ်းမြောက်စွာသည်းခံခဲ့ကြ၏။
အကြောင်းမူကား ဘုရားသခင်သည် သင်တို့၏လုပ်ဆောင်မှုကိုလည်းကောင်း၊ သန့်ရှင်းသူတို့ကို ယခင်က သင်တို့လုပ်ကျွေးပြုစုသကဲ့သို့ ယခုလည်း လုပ်ကျွေးပြုစုလျက် ကိုယ်တော်၏နာမတော်ကိုထောက်၍ သင်တို့ပြသောချစ်ခြင်းမေတ္တာတို့ကိုလည်းကောင်း မေ့လျော့သည့်တိုင်အောင် တရားမျှတမှုကင်းမဲ့တော်မူသည်မဟုတ်။
နောမိက ချွေးမနှစ်ဦးအား “သင်တို့ ကိုယ့်မိခင်အိမ်သို့ ပြန်သွားကြလော့။ ကွယ်လွန်သွားသောသင်တို့ခင်ပွန်းနှင့် ငါ့အပေါ် သင်တို့မေတ္တာကရုဏာပြခဲ့သည့်အတိုင်း ထာဝရဘုရားသည် သင်တို့အပေါ် မေတ္တာကရုဏာ ပြတော်မူပါစေသော။