သခင့်ထံ အကျွန်ုပ်ယူဆောင်လာသော အကျွန်ုပ်၏ကောင်းချီးမင်္ဂလာကို လက်ခံပါလော့။ အကြောင်းမူကား ဘုရားသခင်သည် အကျွန်ုပ်အားပေးသနားတော်မူသည်ဖြစ်၍ အကျွန်ုပ်၌ အလုံးစုံရှိပါ၏”ဟု ဆိုလျက် သူ့ကိုတိုက်တွန်းသဖြင့် သူသည်လက်ခံလေ၏။
၂ ကော 9:5 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သင်တို့ပေးလှူသောအရာသည် အတင်းကောက်ခံခြင်းမျိုးမဟုတ်ဘဲ ရက်ရောစွာပေးလှူသောအရာအဖြစ် အသင့်ရှိမည့်အကြောင်း ငါသည် ညီအစ်ကိုများကို သင်တို့ထံသို့ ဦးစွာလာရန် တိုက်တွန်း၍ ယခင်ကတည်းက သင်တို့ကတိပေးထားသည့် ရက်ရောစွာပေးလှူသောအရာကို သင်တို့အားကြိုတင်ပြင်ဆင်ထားစေရန် လိုအပ်သည်ဟု ယူဆ၏။ Common Language Bible သို့ဖြစ်၍သင်တို့ကတိပြုခဲ့သည့်အတိုင်းဤ အလှူကိုပြင်ဆင်နိုင်ရေးအတွက် ဤညီအစ်ကို တို့အားသင်တို့ထံသို့ကြိုတင်စေလွှတ်ရန် လိုအပ်သည်ဟုငါထင်မှတ်၏။ ငါရောက်ရှိ လာသောအခါအလှူအသင့်ပြင်ဆင်ထား ပြီးဖြစ်၍ သင်တို့ကဝတ္တရားအရပေးလှူ သည်မဟုတ်ဘဲစေတနာအရပေးလှူ ကြောင်းပေါ်လွင်လိမ့်မည်။ Garrad Bible သို့ ဖြစ်၍ တွန့် တို ခြင်း ကင်း လျက် စေ တ နာ အ လျောက် အ လှူ အ ဖြစ် အ သင့် ရှိ စေ ရန် ဆို ခဲ့ သော ညီ အစ် ကို တို့ ကို သင် တို့ ထံ တင် ရင် သွား စေ ပြီး လျှင် ဂ တိ ထား ပြီး အ လှူ ငွေ ကို ပြင် ဆင် နှင့် ကြ မည့် အ ကြောင်း နှိုး ဆော် သင့် သည် ဟု ငါ သ ဘော ရှိ ၏။ Judson Bible ထိုကြောင့် အထက်က ကြားပြောသော သင်တို့၏ အလှူကျေးဇူးသည် အနိုင်အထက်လှူရသော ဥစ္စာကဲ့သို့မဟုတ်။ အလှူကျေးဇူးကဲ့သို့ အသင့်ရှိစေခြင်းငှာ၊ ညီအစ်ကိုတို့သည် သင်တို့ဆီသို့ အရင်သွားစေ၍ ထိုအလှူကျေးဇူးကို အရင်ပြည့်စုံစေခြင်းငှာ၊ ငါသည် မတိုက်တွန်းဘဲ မနေကောင်းဟု သဘောရှိ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် သင်တို့ကတိပေးထားသည့်အတိုင်း လှူဒါန်းခြင်းကို အသင့်ပြင်ဆင်စေရန် တိုက်တွန်း၍ ဤညီအစ်ကိုများကို သင်တို့ထံ ကြိုတင်စေလွှတ်သင့်သည်ဟု ကျွန်ုပ်ယူဆမိ၏။ သို့မှသာ ဖိအားပေးခြင်းကြောင့် လှူဒါန်းခြင်းမဟုတ်ဘဲ ရက်ရောသောစေတနာစိတ်ဖြင့် လှူဒါန်းခြင်း ဖြစ်လိမ့်မည်။ |
သခင့်ထံ အကျွန်ုပ်ယူဆောင်လာသော အကျွန်ုပ်၏ကောင်းချီးမင်္ဂလာကို လက်ခံပါလော့။ အကြောင်းမူကား ဘုရားသခင်သည် အကျွန်ုပ်အားပေးသနားတော်မူသည်ဖြစ်၍ အကျွန်ုပ်၌ အလုံးစုံရှိပါ၏”ဟု ဆိုလျက် သူ့ကိုတိုက်တွန်းသဖြင့် သူသည်လက်ခံလေ၏။
သူသည် နောက်လိုက်ဗိုလ်ပါအပေါင်းတို့နှင့်တကွ ဘုရားသခင်၏လူထံပြန်လာပြီး သူ့ရှေ့တွင် သွားရပ်လျက် “အစ္စရေးပြည်မှလွဲ၍ မြေတစ်ပြင်လုံးတွင် ဘုရားသခင် မရှိကြောင်းကို အကျွန်ုပ်သိပါပြီ။ ယခု အရှင့်အစေအပါး၏လက်ဆောင်ကို လက်ခံပါလော့”ဟု ဆို၏။
ငါလာသောအခါမှ အလှူကောက်ခံခြင်းမရှိစေရန် ရက်သတ္တပတ်၏ပထမနေ့တိုင်းတွင် သင်တို့တစ်ဦးစီသည် မိမိတို့ကြီးပွားသည့်အတိုင်း တစ်စုံတစ်ခုကိုဖယ်ထား၍ စုဆောင်းထားကြလော့။
ထို့ကြောင့် တိတုသည် ထိုကျေးဇူးပြုခြင်းအမှုကို သင်တို့တွင်အစပြုခဲ့သကဲ့သို့ ပြီးပြည့်စုံသည့်တိုင်အောင်ပြုမည့်အကြောင်း သူ့ကို ငါတို့တိုက်တွန်းကြ၏။
ထို့ကြောင့် ဤထောက်ပံ့ခြင်းအမှုနှင့်ပတ်သက်၍ သင်တို့အကြောင်း ငါတို့ဝါကြွားထားသောအရာသည် အချည်းနှီးမဖြစ်ဘဲ ငါပြောထားသည့်အတိုင်း သင်တို့သည် အသင့်ပြင်ဆင်ထားကြမည့်အကြောင်း ညီအစ်ကိုများကို ငါစေလွှတ်၏။
ငါသည် ဤသို့ဆိုလို၏။ အနည်းငယ်သာမျိုးကြဲသောသူသည် အနည်းငယ်သာရိတ်သိမ်းရမည်။ များစွာမျိုးကြဲသောသူသည် များစွာရိတ်သိမ်းရမည်။
ဤသို့ဆိုသော် လက်ဆောင်ကို ငါအလိုရှိ၍မဟုတ်။ သင်တို့၏အကျိုးအမြတ်ကို တိုးပွားစေသောအသီးအပွင့်ကိုသာ ငါအလိုရှိ၏။
သူကလည်း “လက်ဖွဲ့တစ်ခု တောင်းပါရစေ။ ကျွန်မအား နေဂေ့အရပ်မှမြေကို အဖေပေးပြီ။ စမ်းရေတွင်းကိုလည်း ပေးပါဦးလော့”ဟု ဆို၏။ ထို့ကြောင့် ကာလက်သည် သူ၏သမီးအား အထက်စမ်းရေတွင်းနှင့် အောက်စမ်းရေတွင်းတို့ကို ပေးလေ၏။
ယခု သခင့်အဖို့ သခင့်ကျွန်မ ယူလာသောလက်ဆောင်ကို သခင့်နောက်လိုက်ငယ်သားတို့အား ပေးလိုက်ပါရစေ။
ဒါဝိဒ်သည် ဇိကလတ်မြို့သို့ ရောက်လျှင် သူ၏မိတ်ဆွေ ယုဒသက်ကြီးဝါကြီးတို့အား “ကြည့်ရှုလော့။ ထာဝရဘုရား၏ရန်သူတို့ထံမှ တိုက်ရာပါပစ္စည်းများကို သင်တို့အဖို့ လက်ဆောင်ပေးလိုက်ပါ၏”ဟု ဆို၍ တိုက်ရာပါပစ္စည်းများကို ပေးလိုက်လေ၏။