Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ကော 9:5 - Common Language Bible

5 သို့​ဖြစ်​၍​သင်​တို့​က​တိ​ပြု​ခဲ့​သည့်​အ​တိုင်း​ဤ အ​လှူ​ကို​ပြင်​ဆင်​နိုင်​ရေး​အ​တွက် ဤ​ညီ​အစ်​ကို တို့​အား​သင်​တို့​ထံ​သို့​ကြို​တင်​စေ​လွှတ်​ရန် လို​အပ်​သည်​ဟု​ငါ​ထင်​မှတ်​၏။ ငါ​ရောက်​ရှိ လာ​သော​အ​ခါ​အ​လှူ​အ​သင့်​ပြင်​ဆင်​ထား ပြီး​ဖြစ်​၍ သင်​တို့​က​ဝတ္တရား​အ​ရ​ပေး​လှူ သည်​မ​ဟုတ်​ဘဲ​စေ​တ​နာ​အ​ရ​ပေး​လှူ ကြောင်း​ပေါ်​လွင်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 သို့ ဖြစ်၍ တွန့် တို ခြင်း ကင်း လျက် စေ တ နာ အ လျောက် အ လှူ အ ဖြစ် အ သင့် ရှိ စေ ရန် ဆို ခဲ့ သော ညီ အစ် ကို တို့ ကို သင် တို့ ထံ တင် ရင် သွား စေ ပြီး လျှင် ဂ တိ ထား ပြီး အ လှူ ငွေ ကို ပြင် ဆင် နှင့် ကြ မည့် အ ကြောင်း နှိုး ဆော် သင့် သည် ဟု ငါ သ ဘော ရှိ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 ထို​ကြောင့် အ​ထက်​က ကြား​ပြော​သော သင်​တို့၏ အ​လှူ​ကျေး​ဇူး​သည် အ​နိုင်​အ​ထက်​လှူ​ရ​သော ဥ​စ္စာ​ကဲ့​သို့​မ​ဟုတ်။ အ​လှူ​ကျေး​ဇူး​ကဲ့​သို့ အ​သင့်​ရှိ​စေ​ခြင်း​ငှာ၊ ညီ​အစ်​ကို​တို့​သည် သင်​တို့​ဆီ​သို့ အ​ရင်​သွား​စေ၍ ထို​အ​လှူ​ကျေး​ဇူး​ကို အ​ရင်​ပြည့်​စုံ​စေ​ခြင်း​ငှာ၊ ငါ​သည် မ​တိုက်​တွန်း​ဘဲ မ​နေ​ကောင်း​ဟု သ​ဘော​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 ထို့ကြောင့် သင်​တို့​ပေးလှူ​သော​အရာ​သည် အတင်း​ကောက်ခံ​ခြင်း​မျိုး​မ​ဟုတ်​ဘဲ ရက်ရော​စွာ​ပေးလှူ​သော​အရာ​အဖြစ် အသင့်​ရှိ​မည့်အကြောင်း ငါ​သည် ညီအစ်ကို​များ​ကို သင်​တို့​ထံသို့ ဦးစွာ​လာ​ရန် တိုက်တွန်း​၍ ယခင်​ကတည်းက သင်​တို့​ကတိ​ပေး​ထား​သည့် ရက်ရော​စွာ​ပေးလှူ​သော​အရာ​ကို သင်​တို့​အား​ကြိုတင်​ပြင်ဆင်​ထား​စေရန် လိုအပ်​သည်​ဟု ယူဆ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

5 ထို့ကြောင့် သင်တို့​ကတိပေးထားသည့်​အတိုင်း လှူဒါန်းခြင်း​ကို အသင့်​ပြင်ဆင်​စေရန် တိုက်တွန်း​၍ ဤ​ညီအစ်ကိုများ​ကို သင်တို့​ထံ ကြိုတင်​စေလွှတ်​သင့်သည်​ဟု ကျွန်ုပ်​ယူဆမိ၏။ သို့မှသာ ဖိအားပေးခြင်း​ကြောင့် လှူဒါန်းခြင်း​မဟုတ်ဘဲ ရက်ရောသော​စေတနာစိတ်​ဖြင့် လှူဒါန်းခြင်း ဖြစ်​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 9:5
11 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​ထံ​သို့​ယ​ခု​ကျွန်​တော်​ယူ​ဆောင်​လာ သော​လက်​ဆောင်​များ​ကို​လက်​ခံ​ပါ။ ဘု​ရား​သ​ခင်​သည်​ကျွန်​တော်​လို​သ​မျှ​ကို​ပေး​သ​နား တော်​မူ​ပါ​ပြီ'' ဟု​မ​နေ​မ​နား​တိုက်​တွန်း သ​ဖြင့်​ဧ​သော​သည်​လက်​ဆောင်​များ​ကို လက်​ခံ​လိုက်​လေ​သည်။


သူ​သည်​မိ​မိ​၏​နောက်​လိုက်​နောက်​ပါ​အ​ပေါင်း​နှင့် အ​တူ ဧ​လိ​ရှဲ​ထံ​သို့​ပြန်​သွား​ပြီး​လျှင်'' ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​မှ​တစ်​ပါး အ​ခြား​ဘု​ရား မ​ရှိ​ကြောင်း​ကို​ယ​ခု​အ​ကျွန်ုပ်​သိ​ပါ​ပြီ။ သို့​ဖြစ်​၍ အ​ရှင်၊ အ​ကျွန်ုပ်​ပေး​လှူ​သော​လက်​ဆောင်​ကို​လက်​ခံ တော်​မူ​ပါ'' ဟု​ပြော​၏။


ငါ​ရောက်​ရှိ​လာ​သော​အ​ခါ​အ​လှူ​ငွေ​ကောက်​ခံ​ဖို့ မ​လို​စေ​ရန် တ​နင်္ဂ​နွေ​နေ့​တိုင်း​သင်​တို့​တစ်​ဦး​စီ သည် မိ​မိ​၏​ဝင်​ငွေ​နည်း​များ​အ​လိုက်​လှူ​ဒါန်း​ရန် စု​ဆောင်း​ထား​ကြ​လော့။-


သို့​ဖြစ်​၍​စ​တင်​တာ​ဝန်​ယူ​ခဲ့​သူ​တိ​တု​အား ဤ​အ​လှူ​ကိစ္စ​ပြီး​ဆုံး​အောင်​သင်​တို့​ကို​ကူ​ညီ ဆောင်​ရွက်​ပေး​ရန်​ငါ​သူ့​ကို​တိုက်​တွန်း​ခဲ့​၏။-


သို့​ရာ​တွင်​သင်​တို့​အ​ကြောင်း​ငါ​တို့​ကြွား​ဝါ ပြော​ဆို​ခဲ့​သ​မျှ​တို့​သည်​မှန်​ကန်​ကြောင်း​သိ သာ​စေ​ရန် ဤ​ညီ​အစ်​ကို​များ​ကို​သင်​တို့​ထံ သို့​စေ​လွှတ်​လိုက်​၏။ ငါ​ဖော်​ပြ​ခဲ့​သည်​အ​တိုင်း သင်​တို့​၏​အ​လှူ​ကို​အ​သင့်​ပြင်​ဆင်​ထား ကြ​လော့။-


မျိုး​စေ့​အ​နည်း​ငယ်​ကို​ကြဲ​သော​သူ​သည် စ​ပါး​အ​နည်း​ငယ်​ကို​သာ​ရိတ်​သိမ်း​ရ​လိမ့် မည်။ များ​စွာ​သော​မျိုး​စေ့​တို့​ကို​ကြဲ​သော သူ​မူ​ကား များ​စွာ​သော​စ​ပါး​တို့​ကို​ရိတ် သိမ်း​ရ​လိမ့်​မည်​ဖြစ်​ကြောင်း​သ​တိ​ပြု​လော့။-


ဤ​သို့​ဆို​သော်​ငါ​သည်​အ​လှူ​ကို​ခံ​ယူ​လို​၍ မ​ဟုတ်။ သင်​တို့​၏​ငွေ​စာ​ရင်း​တွင်​အ​မြတ်​တိုး လာ​စေ​ရန်​ငါ​အ​လို​ရှိ​၏။-


``ကျွန်​မ​အား​ဖ​ခင်​ပေး​ထား​သည့်​မြေ​ယာ သည်​ခြောက်​သွေ့​သည့်​အ​ရပ်​တွင်​တည်​ရှိ​ပါ သည်။ သို့​ဖြစ်​၍​ကျွန်​မ​အား​စမ်း​ရေ​တွင်း​တို့ ကို​လည်း​ပေး​စေ​ချင်​ပါ​သည်'' ဟု​ဆို​၏။ ထို အ​ခါ​ကာ​လက်​သည်​သူ့​အား​အ​ထက်​စမ်း ရေ​တွင်း​များ​နှင့်​အောက်​စမ်း​ရေ​တွင်း​များ ကို​ပေး​လေ​သည်။


အ​ရှင်၊ အ​ရှင်​၏​ထံ​သို့​ကျွန်​မ​ယူ​ဆောင်​လာ သော​လက်​ဆောင်​များ​ကို​ကျေး​ဇူး​ပြု​၍ လက်​ခံ​ပြီး​လျှင် အ​ရှင်​၏​လူ​တို့​အား​ပေး တော်​မူ​ပါ။-


ဒါ​ဝိဒ်​သည်​ဇိ​က​လတ်​မြို့​သို့​ပြန်​လည်​ရောက်​ရှိ လာ​သော​အ​ခါ တိုက်​ရာ​ပါ​ပစ္စည်း​အ​ချို့​တို့​ကို မိ​မိ​၏​မိတ်​ဆွေ​များ​ဖြစ်​သော​ယု​ဒ​ခေါင်း​ဆောင် များ​ထံ​သို့​အ​မှာ​စာ​ရေး​၍​ပေး​ပို့​လိုက်​လေ သည်။ အ​မှာ​စာ​တွင်``ထာ​ဝ​ရ​ဘု​ရား​၏​ရန်​သူ များ​ထံ​မှ​အ​ကျွန်ုပ်​ရ​ရှိ​ခဲ့​သည့်​တိုက်​ရာ​ပါ ပစ္စည်း​အ​ချို့​ကို​သင်​တို့​အ​တွက်​လက်​ဆောင် ပေး​ပို့​လိုက်​ပါ​သည်'' ဟု​ဖော်​ပြ​ပါ​ရှိ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ