လူတို့သည်လည်း စေတနာစိတ်နှင့်ပေးလှူရသည်ကို ဝမ်းမြောက်ကြ၏။ စိတ်နှလုံးအကြွင်းမဲ့ စေတနာစိတ်ရှိသည့်အတိုင်း ထာဝရဘုရားထံပေးလှူကြ၏။ ဒါဝိဒ်မင်းကြီးလည်း အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်ရလေ၏။
၂ ကော 8:3 - မြန်မာ့စံမီသမ္မာကျမ်း ငါသက်သေခံသည်ကား သူတို့သည် မိမိတို့စိတ်ဆန္ဒအလျောက် တတ်နိုင်သည့်အတိုင်းသာမက တတ်နိုင်သည်ထက် ပို၍ပေးကမ်းလျက် Common Language Bible ထိုအသင်းတော်တို့သည်တတ်နိုင်သမျှ မိမိ တို့တွင်စွမ်းအားရှိသမျှထက်ပို၍ အလို အလျောက်ပေးလှူကြကြောင်းကိုသင်တို့ အားငါသက်သေခံနိုင်၏။ သူတို့သည်ယုဒ ပြည်ရှိဘုရားသခင်၏လူစုတော်အား ကူညီမစမှုတွင်ပါဝင်လိုကြ၏။ သို့ ဖြစ်၍ထိုသို့ပါဝင်ခွင့်ပြုရန် မိမိတို့ အလိုအလျောက်ငါတို့အားတောင်းပန် ကြ၏။- Garrad Bible ထို သူ တို့ သည် တတ် အား သ မျှ မ က တတ် အား သည် ထက် သီး သန့် ထား တော် မူ သူ တို့ အား ထောက် ပံ့ မှု ပြု ရာ တွင် ဆက် ဆံ ခွင့် ကျေး ဇူး ကို ငါ တို့ ထံ အ လို အ လျောက် အ ထပ် ထပ် ကန် တော့ တောင်း ပန် ကြ ကြောင်း ငါ သက် သေ ခံ၏။ Judson Bible အကြောင်းမူကား၊ သူတို့သည် တတ်နိုင်သမျှ ထက်မက၊ အလိုအလျောက် စွန့်ကြဲချင်သော စေတနာစိတ်ရှိကြသည်ဟု ငါသည်သက်သေခံ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့သည် တတ်နိုင်သမျှအတိုင်း ပေးကမ်းသည်သာမက မိမိတို့ဆန္ဒအလျောက် ထိုထက်ပင် ပို၍ ပေးကမ်းကြကြောင်း ကျွန်ုပ်သက်သေခံ၏။ |
လူတို့သည်လည်း စေတနာစိတ်နှင့်ပေးလှူရသည်ကို ဝမ်းမြောက်ကြ၏။ စိတ်နှလုံးအကြွင်းမဲ့ စေတနာစိတ်ရှိသည့်အတိုင်း ထာဝရဘုရားထံပေးလှူကြ၏။ ဒါဝိဒ်မင်းကြီးလည်း အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်ရလေ၏။
သင်၏တန်ခိုးထင်ရှားသောနေ့၌ သင်၏လူမျိုးသည် စေတနာစိတ်နှင့်ပါဝင်ကြလိမ့်မည်။ သင်၏ပျိုရွယ်ခြင်းနှင်းစက်သည် သန့်ရှင်းသောဘုန်းအာနုဘော်ကိုဆောင်လျက် နံနက်အချိန်ဝမ်းဗိုက်ထဲမှ သင့်ထံသို့လာလိမ့်မည်။
မောရှေအားဖြင့် ထာဝရဘုရားမိန့်မှာတော်မူသော လုပ်ဆောင်ရမည့်အလုပ်အမျိုးမျိုးအတွက် စိတ်စေတနာရှိသော အစ္စရေးအမျိုးသားယောက်ျားမိန်းမအပေါင်းတို့သည် ထာဝရဘုရားထံ စေတနာအလျောက်လှူသောအလှူပစ္စည်းကို ယူဆောင်လာကြ၏။
‘ထာဝရဘုရားထံတော်သို့ အလှူပစ္စည်းများကို သင်တို့ယူဆောင်ခဲ့ကြလော့။ စေတနာစိတ်ရှိသောသူတိုင်း ထာဝရဘုရားထံတော်သို့ အလှူပစ္စည်းအဖြစ် ရွှေ၊ ငွေ၊ ကြေးနီ၊
သူသည် တတ်နိုင်သမျှကိုပြုခဲ့ပြီ။ သင်္ဂြိုဟ်ခြင်းအမှုအတွက် ငါ၏ကိုယ်ခန္ဓာကို ကြိုတင်၍ဆီမွှေးလိမ်းပြီ။
ထိုအခါ တပည့်တော်တို့သည် အသီးသီးတတ်နိုင်သည့်အတိုင်း ယုဒပြည်၌နေထိုင်ကြသော ညီအစ်ကိုတို့အား အထောက်အပံ့ပို့ပေးရန် ဆုံးဖြတ်ကြ၏။
သူတို့သည် ဘုရားသခင်အတွက် ထက်သန်သောစိတ်ရှိကြောင်း ငါသက်သေခံ၏။ သို့သော် ထိုထက်သန်သောစိတ်သည် စစ်မှန်သောအသိပညာအားဖြင့်မဟုတ်။
ငါလာသောအခါမှ အလှူကောက်ခံခြင်းမရှိစေရန် ရက်သတ္တပတ်၏ပထမနေ့တိုင်းတွင် သင်တို့တစ်ဦးစီသည် မိမိတို့ကြီးပွားသည့်အတိုင်း တစ်စုံတစ်ခုကိုဖယ်ထား၍ စုဆောင်းထားကြလော့။
ထိုအမှုကို ငါ၏ဆန္ဒအလျောက်ဆောင်ရွက်လျှင် ငါ့အတွက် ဆုလာဘ်ရှိ၏။ သို့သော် ငါ၏ဆန္ဒအလျောက်မဟုတ်လျှင်လည်း ဤစီမံခန့်ခွဲမှုကို ငါ၌ယုံကြည်အပ်နှံထားပြီဖြစ်၏။
သို့ဖြစ်လျက်ပင် သင်တို့ခံစားရသောမင်္ဂလာသည် မည်သို့ဖြစ်သွားသနည်း။ သင်တို့သည် ဖြစ်နိုင်လျှင် သင်တို့၏မျက်စိကိုပင်ထုတ်၍ ငါ့အားပေးခဲ့ကြပေလိမ့်မည်ဟု သင်တို့နှင့်ပတ်သက်၍ ငါသက်သေခံ၏။
အကြောင်းမူကား စေတနာတော်အတိုင်း ဆန္ဒရှိကြစေရန်နှင့် လုပ်ဆောင်ကြစေရန် သင်တို့အထဲ၌လုပ်ဆောင်တော်မူသောအရှင်ကား ဘုရားသခင်ပေတည်း။
အမှန်စင်စစ် သူသည် သင်တို့မှစ၍ လောဒိကိမြို့နှင့်ဟေရပေါလိမြို့၌ရှိသောသူတို့အတွက် အလွန်ပင်ပန်းစွာကြိုးစားလျက်ရှိကြောင်း ငါသက်သေခံ၏။
ထိုနည်းတူ သင်တို့သည် ငါတို့ချစ်သောသူများဖြစ်လာကြသောကြောင့် ငါတို့သည် သင်တို့ကိုချစ်ခင်တွယ်တာလျက် ဘုရားသခင်၏ကောင်းမြတ်သောသတင်းကိုသာမက ငါတို့၏အသက်ကိုပင် ဝေမျှပေးရန် စေတနာစိတ်ရှိကြ၏။
သို့သော် သင်ပြုသောကောင်းမှုသည် မလွှဲမရှောင်သာ၍ပြုရခြင်းမျိုးမဟုတ်ဘဲ မိမိဆန္ဒအလျောက်ဖြစ်စေရန် သင်၏သဘောတူညီချက်မပါလျှင် မည်သည့်အရာကိုမျှ ငါမပြုလိုပါ။
ဟောပြောသောသူသည် ဘုရားသခင်၏နှုတ်ကပတ်တရားတော်အတိုင်းဟောပြောစေ။ အမှုတော်ဆောင်ရွက်သောသူသည် ဘုရားသခင်ပြင်ဆင်ပေးတော်မူသောအစွမ်းသတ္တိအတိုင်းဆောင်ရွက်စေ။ ဤသည်ကား ဘုရားသခင်သည် ခပ်သိမ်းသောအရာတို့၌ ယေရှုခရစ်တော်အားဖြင့် ဘုန်းတော်ထင်ရှားမည့်အကြောင်းတည်း။ ထိုသခင်၌ ကမ္ဘာအဆက်ဆက် ဘုန်းအသရေနှင့်တန်ခိုးအရှိန်အဝါရှိပါစေသော။ အာမင်။
သင်တို့၌ရှိသည့် ဘုရားသခင်၏သိုးစုကို အုပ်ထိန်းကြလော့။ မလုပ်မဖြစ်လုပ်ရခြင်းမျိုးမဟုတ်ဘဲ ဘုရားသခင်၏အလိုတော်နှင့်အညီ စေတနာစိတ်ဖြင့်လည်းကောင်း၊ မစင်ကြယ်သောအကျိုးစီးပွားကိုတပ်မက်ခြင်းကြောင့်မဟုတ်ဘဲ စိတ်အားထက်သန်စွာဖြင့်လည်းကောင်း ကြည့်ရှုအုပ်ထိန်းကြလော့။