အလုပ်လုပ်သူတို့ကို ပေးရန် ငွေလက်ခံယူသောသူတို့သည် သစ္စာရှိစွာလုပ်ဆောင်ကြသောကြောင့် စာရင်းရေးမှတ်ပြုစုရန်မလိုပေ။
၂ ကော 8:20 - မြန်မာ့စံမီသမ္မာကျမ်း ငါတို့ပြုစုနေသည့် ဤရက်ရောစွာပေးလှူခြင်းအမှုနှင့်ပတ်သက်၍ မည်သူမျှ ငါတို့ကို ပြစ်တင်ဝေဖန်ခြင်းမပြုနိုင်ရန် ငါတို့သတိပြုကြ၏။ Common Language Bible ဤသို့ရက်ရောစွာပေးလှူကြသောအလှူ ငွေကိုကိုင်တွယ်ရာတွင် ငါတို့သည်သူတစ် ပါးတို့၏အပြစ်တင်ခြင်းနှင့်ကင်းလွတ် စေရန်သတိနှင့်ဆောင်ရွက်လျက်ရှိကြ၏။- Garrad Bible ထို သို့ ငါ တို့ သည် ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် သာ မ က လူ တို့ ရှေ့ လည်း သင့် လျော် စွာ ပြု မူ ကြံ စည် လေ့ ရှိ သည် နှင့် အ ညီ ထို သင်္ဂ ဟ ဝတ် ကို ဆောင် ရွက် မှု နှင့် စပ်၍ ငါ တို့ ကို မည် သူ မျှ အ ပြစ် တင် ခွင့် မ ရှိ စေ ရန် ဂ ရု ပြု ကြ ၏။ Judson Bible ငါတို့သည် ထိုများစွာသော အလှူကျေးဇူးကို ပြုစုရာတွင် အပြစ်တင်စရာအကြောင်း အလျှင်းမရှိ စေခြင်းငှာ သတိပြုကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤသို့ ရက်ရောစွာ လှူဒါန်းကြသော အလှူငွေကို ကိုင်တွယ်စီမံခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့ကို မည်သူမျှ အပြစ်မတင်စေရန် ကျွန်ုပ်တို့သတိနှင့် ဆောင်ရွက်လျက် ရှိကြ၏။ |
အလုပ်လုပ်သူတို့ကို ပေးရန် ငွေလက်ခံယူသောသူတို့သည် သစ္စာရှိစွာလုပ်ဆောင်ကြသောကြောင့် စာရင်းရေးမှတ်ပြုစုရန်မလိုပေ။
နားထောင်ကြလော့။ ဝံပုလွေများထဲသို့ သိုးတို့ကိုစေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။ ထို့ကြောင့် မြွေကဲ့သို့လိမ္မာပါးနပ်လျက် ချိုးငှက်ကဲ့သို့ရိုးသားဖြူစင်ကြလော့။
ငါရောက်လာသောအခါ သင်တို့၏လက်ဆောင်ကို ဂျေရုဆလင်မြို့သို့ယူဆောင်သွားရန် သင်တို့အသိအမှတ်ပြုသောသူကို စာနှင့်တကွ ငါစေလွှတ်မည်။
သို့ရာတွင် ငါတို့ကဲ့သို့ ဝါကြွားစရာအကြောင်းရှိစေမည့်အခွင့်ကို ရယူလိုသောသူတို့ထံမှ ထိုအခွင့်ကိုဖြတ်တောက်ရန် ငါပြုနေသည့်အရာကို ဆက်၍ပြုဦးမည်။
သခင်ဘုရားကိုယ်တော်တိုင်၏ဘုန်းတော်နှင့် ငါတို့၏စေတနာစိတ်တို့ကိုထင်ရှားစေရန် ငါတို့ပြုစုနေသော ဤကျေးဇူးပြုခြင်းအမှု၌ ငါတို့နှင့်အတူလိုက်ပါရန် အသင်းတော်များထံမှ ခန့်ထားခြင်းခံရသူလည်းဖြစ်၏။
အကြောင်းမူကား ငါတို့သည် သခင်ဘုရားရှေ့တော်၌သာမက လူတို့ရှေ့၌လည်း တင့်တယ်လျောက်ပတ်သောအမှုကို ပြုမူကျင့်ကြံကြ၏။
ထို့ကြောင့် သင်တို့သည် မည်သို့အသက်ရှင်လျှောက်လှမ်းသည်ကို သေချာစွာဆင်ခြင်ကြလော့။ ပညာမဲ့ကဲ့သို့မဟုတ်ဘဲ ပညာရှိကဲ့သို့ လျှောက်လှမ်း၍