၂ ကော 4:2 - မြန်မာ့စံမီသမ္မာကျမ်း
ငါတို့သည် ကွယ်ဝှက်ထားသည့် ရှက်ဖွယ်ရာများကိုစွန့်ပယ်၍ ပရိယာယ်၌ကျင်လည်ခြင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို မလိမ့်တပတ်လုပ်ခြင်းတို့မရှိဘဲ သမ္မာတရားကို အတိအလင်းဖော်ပြခြင်းအားဖြင့် ဘုရားသခင်၏ရှေ့တော်၌ လူအပေါင်းတို့၏အသိစိတ်တွင် မိမိတို့ကိုယ်ကိုထင်ရှားစေကြ၏။
အခန်းကိုကြည့်ပါ။
ငါတို့သည်ရှက်ဖွယ်ရာလျှို့ဝှက်မှုအပေါင်း တို့ကိုစွန့်ပယ်ကြ၏။ ငါတို့သည်ကောက်ကျစ် စဉ်းလဲမှုကိုမပြု။ ဘုရားသခင်၏နှုတ်ကပတ် တရားတော်ကိုမှောက်လှန်၍မဟောမပြော။ ငါတို့သည်ဘုရားသခင်၏မျက်မှောက်တော် ၌သမ္မာတရားတော်၏အလင်းတွင် သက်ရှင် လှုပ်ရှား၍လူအပေါင်းတို့သြတ္တပ္ပစိတ် ကြည်လင်အောင်ပြုမူဆောင်ရွက်ကြ၏။-
အခန်းကိုကြည့်ပါ။
ရှက် ဖွယ် ရာ လျှို့ ဝှက် မှု များ ကို စွန့် ပယ် ပြီး လျှင် စဉ်း လဲ စွာ ကျင် လည် ခြင်း၊ ဘု ရား သ ခင့် တ ရား တော် ကို ရော စပ် ခြင်း မ ပြု ဘဲ သ မ္မာ တ ရား တော် ကို ဖော် ပြ ခွင့် အား ဖြင့် သာ ဘု ရား သ ခင့် မျက် မှောက် တော် တွင် လူ တိုင်း၏ သြတ္တ ပ္ပ စိတ် ရှေ့ ကိုယ် ကို ထောက် ခံ ကြ၏။
အခန်းကိုကြည့်ပါ။
ဆိတ်ကွယ်ရာအရပ်၌ပြုသော ရှက်ဖွယ်သော အမှုများကိုပယ်ကြ၏။ ပရိယာယ်ကိုမသုံး၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ထိမ်ဝှက်မှောက်လှန်ခြင်း မရှိ။ သမ္မာတရားကို အတည့်အလင်း ဖော်ပြ၍၊ ဘုရားသခင့်ရှေ့တော်၌ လူအပေါင်းတို့၏ စိတ်အထင်အတိုင်း ချီးမွမ်းဖွယ်သော အကျင့်ဓလေ့ကို ကျင့်ကြ၏။-
အခန်းကိုကြည့်ပါ။
ကျွန်ုပ်တို့သည် ဆိတ်ကွယ်ရာ၌ ပြုသော ရှက်ရွံ့ဖွယ်အမှုတို့ကို ရှောင်ကြဉ်ကြ၏။ ပရိယာယ်ကို မသုံးကြ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုလည်း မှောက်လှန်၍ မဟောပြောကြ။ ဘုရားသခင်ရှေ့တော်၌ ကျွန်ုပ်တို့မှာ မည်သို့သောသူများဖြစ်သည်ကို သူတို့စိတ်ထဲက သိနိုင်ရန် အမှန်တရားကိုသာ အတိအလင်းဖော်ပြကြ၏။
အခန်းကိုကြည့်ပါ။