သင်တို့၏ယုံကြည်ခြင်းသည် ကမ္ဘာတစ်ဝန်းလုံးတွင် ကျော်ကြားလျက်ရှိသည်ဖြစ်၍ ငါသည် သင်တို့အားလုံးအတွက် ငါ၏ဘုရားသခင်ကို ယေရှုခရစ်တော်အားဖြင့် ပထမဦးစွာကျေးဇူးတင်၏။
၂ ကော 3:2 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့ကိုယ်တိုင်သည် ငါတို့စိတ်နှလုံးထဲ၌ရေးထားသည့် လူတိုင်းဖတ်ရှုလျက်သိရှိသော ငါတို့၏စာဖြစ်ကြ၏။ Common Language Bible သင်တို့ကိုယ်တိုင်ပင်လျှင်ငါတို့၏ထောက်ခံ စာဖြစ်ကြ၏။ ထိုစာကိုလူတိုင်းဖတ်ရှုသိ ရှိနိုင်ရန်ငါတို့၏နှလုံးသားတွင်ရေးသား ထားပေသည်။- Garrad Bible လူ ခပ် သိမ်း တို့ ဖတ် ကြည့် သိ သာ ဖွယ် ငါ တို့ စိတ် နှ လုံး တွင် အ က္ခ ရာ တင် ပြီး သော လက် မှတ် မှာ သင် တို့ ပင် တည်း။ Judson Bible သင်တို့သည် ငါတို့စိတ်နှလုံးပေါ်၌ ရေးထားသောစာ၊ လူအပေါင်းတို့သိ၍ ဖတ်တတ်သော ငါတို့စာပင် ဖြစ်ကြသတည်း။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့ကိုယ်တိုင်သည် ကျွန်ုပ်တို့၏နှလုံးသား၌ ရေးထားသည့် လူတိုင်းဖတ်ရှု၍ သိနိုင်သော ကျွန်ုပ်တို့၏ထောက်ခံစာဖြစ်၏။ |
သင်တို့၏ယုံကြည်ခြင်းသည် ကမ္ဘာတစ်ဝန်းလုံးတွင် ကျော်ကြားလျက်ရှိသည်ဖြစ်၍ ငါသည် သင်တို့အားလုံးအတွက် ငါ၏ဘုရားသခင်ကို ယေရှုခရစ်တော်အားဖြင့် ပထမဦးစွာကျေးဇူးတင်၏။
ငါ့အား ဘုရားသခင်ပေးအပ်တော်မူသော ကျေးဇူးတော်နှင့်အညီ ပညာရှိသောဗိသုကာကဲ့သို့ ငါသည် အုတ်မြစ်ကိုချထားခဲ့ပြီး အခြားသောသူသည် ၎င်းအပေါ်တွင်တည်ဆောက်၏။ သို့သော် မည်ကဲ့သို့တည်ဆောက်သည်ကို လူတိုင်းသတိပြုရမည်။
အဘယ်ကြောင့်နည်း။ ငါသည် သင်တို့ကိုမချစ်သောကြောင့်လော။ ငါချစ်ကြောင်း ဘုရားသခင်သိတော်မူ၏။
ငါသည် သင်တို့၏စိတ်ဝိညာဉ်အတွက် ဝမ်းမြောက်စွာ ငါ့ဥစ္စာကိုအသုံးပြု၍ ငါ့ကိုယ်ကိုလည်း အကုန်အစင်အသုံးပြုမည်။ သင်တို့အပေါ် ငါ၏ချစ်ခြင်းမေတ္တာတိုးပွားလာလျှင် ငါ့အပေါ် သင်တို့၏ချစ်ခြင်းမေတ္တာလျော့ပါးသွားမည်လော။
ငါတို့သည် တစ်ဖန် မိမိကိုယ်ကိုထောက်ခံချီးကျူးနေကြသလော။ သို့မဟုတ်လျှင် ငါတို့သည် အခြားသောသူများကဲ့သို့ သူတစ်ပါးထောက်ခံပေးသောစာ၊ သို့မဟုတ် သင်တို့ထောက်ခံပေးသောစာကို လိုအပ်သလော။
သင်တို့အား အပြစ်တင်လို၍ ဤသို့ ငါပြောသည်မဟုတ်။ အကြောင်းမူကား ယခင်က ငါပြောခဲ့သည့်အတိုင်း သင်တို့သည် ငါတို့၏စိတ်နှလုံးထဲ၌ သေအတူရှင်မကွာရှိနေကြ၏။
သင်တို့အားလုံးနှင့်ပတ်သက်၍ ဤကဲ့သို့ ငါသဘောထားသည်မှာ သင့်မြတ်ပေ၏။ အကြောင်းမူကား သင်တို့အားလုံးသည် ငါအချုပ်အနှောင်ခံရသောအရာ၌လည်းကောင်း၊ ကောင်းမြတ်သောသတင်းအတွက် ဖြေရှင်းချက်ပေး၍ အတည်ပြုပြောဆိုရာ၌လည်းကောင်း ငါနှင့်အတူ ကျေးဇူးတော်ကိုမျှဝေခံစားသူများဖြစ်ကြသဖြင့် သင်တို့သည် ငါ၏စိတ်နှလုံး၌ရှိကြ၏။
အဘယ်ကြောင့်ဆိုသော် သခင်ဘုရား၏နှုတ်ကပတ်တရားသည် သင်တို့ထံမှ မာကေဒေါနိပြည်နှင့်အခါယပြည်သို့ ပဲ့တင်ထပ်သွားခဲ့သည်သာမက ဘုရားသခင်အပေါ်၌ရှိသော သင်တို့၏ယုံကြည်ခြင်းအကြောင်းသည်လည်း နေရာအနှံ့သို့ ပျံ့နှံ့လေပြီဖြစ်သောကြောင့် ငါတို့၌ပြောစရာတစ်စုံတစ်ခုမျှမရှိ။