၁ ကော 3:10 - မြန်မာ့စံမီသမ္မာကျမ်း10 ငါ့အား ဘုရားသခင်ပေးအပ်တော်မူသော ကျေးဇူးတော်နှင့်အညီ ပညာရှိသောဗိသုကာကဲ့သို့ ငါသည် အုတ်မြစ်ကိုချထားခဲ့ပြီး အခြားသောသူသည် ၎င်းအပေါ်တွင်တည်ဆောက်၏။ သို့သော် မည်ကဲ့သို့တည်ဆောက်သည်ကို လူတိုင်းသတိပြုရမည်။ အခန်းကိုကြည့်ပါ။Common Language Bible10 ငါသည်ဘုရားသခင်ပေးသနားတော်မူသော ဆုကျေးဇူးကိုအသုံးပြုလျက် ကျွမ်းကျင်သော ဗိသုကာကဲ့သို့တိုက်မြစ်ကိုချခဲ့၏။ အခြား သူတစ်ဦးကထိုတိုက်မြစ်ပေါ်တွင်တည်ဆောက် ၏။ သို့ရာတွင်ထပ်ဆင့်၍တည်ဆောက်သူတိုင်း သည်မိမိအဘယ်သို့တည်ဆောက်သည်ကို သတိပြုစေ။- အခန်းကိုကြည့်ပါ။Garrad Bible10 ငါ ခံ စား ရ သော ဘု ရား သ ခင့် ကျေး ဇူး တော် နှင့် အ ညီ လက် မြောက် သော ဗိ သု ကာ အ ဖြစ် ငါ ချ ထား သော တိုက် မြစ် ပေါ် တွင် သူ တစ် ထူး တို့ တည် ဆောက်၏။ အ သီး အ သီး မည် သို့ တည် ဆောက် သည် ကို အ လေး ဂ ရု ပြု ပါ စေ။ အခန်းကိုကြည့်ပါ။Judson Bible10 ဘုရားသခင်၏ကျေးဇူးတော်ကို ငါခံရသည်နှင့်အညီ၊ လိမ္မာသော ဗိသုကာကဲ့သို့ တိုက်မြစ်ကိုချပြီ။ အခြားသောသူသည် ထပ်ဆင့်၍ တည်ဆောက်လေ၏။ သို့ရာတွင်၊ အဘယ်သို့ ထပ်ဆင့်၍ တည်ဆောက်သည်ကို လူတိုင်းသတိပြုပါစေ။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း10 ဘုရားသခင် ပေးသနားတော်မူသော ကျေးဇူးတော်အားဖြင့် ကျွန်ုပ်သည် ဗိသုကာပညာရှင်ကဲ့သို့ အုတ်မြစ်ကို ချထား၏။ ယခုတွင် အခြားသူသည် ထိုအုတ်မြစ်ပေါ်၌ တည်ဆောက်နေပြီဖြစ်၏။ သို့ရာတွင် ထိုအုတ်မြစ်ပေါ်၌ တည်ဆောက်သောသူတိုင်း အလွန် ဂရုစိုက်ရမည်ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ဟောပြောသောသူသည် ဘုရားသခင်၏နှုတ်ကပတ်တရားတော်အတိုင်းဟောပြောစေ။ အမှုတော်ဆောင်ရွက်သောသူသည် ဘုရားသခင်ပြင်ဆင်ပေးတော်မူသောအစွမ်းသတ္တိအတိုင်းဆောင်ရွက်စေ။ ဤသည်ကား ဘုရားသခင်သည် ခပ်သိမ်းသောအရာတို့၌ ယေရှုခရစ်တော်အားဖြင့် ဘုန်းတော်ထင်ရှားမည့်အကြောင်းတည်း။ ထိုသခင်၌ ကမ္ဘာအဆက်ဆက် ဘုန်းအသရေနှင့်တန်ခိုးအရှိန်အဝါရှိပါစေသော။ အာမင်။
ငါ့အားပေးအပ်တော်မူသော ကျေးဇူးတော်အားဖြင့် သင်တို့ထဲတွင်ရှိသောသူအားလုံးကို ငါမှာကြားလိုသည်မှာ သင်တို့သည် မိမိကိုယ်ကို ထင်သင့်သည်ထက် ပို၍အထင်မကြီးကြဘဲ သင်တို့အသီးသီးအား ဘုရားသခင်ခွဲဝေပေးတော်မူသော ယုံကြည်ခြင်းအတိုင်းအတာနှင့်အညီ သင့်တင့်လျောက်ပတ်စွာ ထင်မြင်ကြလော့။
သို့သော် လူမျိုးခြားတို့အတွက် ငါ့ကိုခရစ်တော်ယေရှု၏အမှုတော်ကိုထမ်းဆောင်သူဖြစ်စေ၍ ဘုရားသခင်၏ကောင်းမြတ်သောသတင်းနှင့်ဆိုင်သည့်ယဇ်ပုရောဟိတ်အမှုကိုဆောင်ရွက်စေပြီး ထိုလူမျိုးခြားတို့ကိုသန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သန့်ရှင်းစေခြင်းခံရသည့်နှစ်သက်လက်ခံဖွယ်ပူဇော်သက္ကာဖြစ်စေရန် ငါ့အား ဘုရားသခင်ပေးတော်မူသော ကျေးဇူးတော်အားဖြင့် သင်တို့ကို တစ်ဖန်သတိပေးရန် တချို့အပိုင်း၌ ငါရဲဝံ့စွာ ရေးခဲ့၏။
ထာဝရဘုရားအဖို့ အိမ်တော်နှင့် သူ၏နိုင်ငံတော်အဖို့ နန်းတော်ကို တည်ဆောက်ရန် သိနားလည်နိုင်စွမ်းရှိ၍ ဉာဏ်ပညာနှင့်ပြည့်စုံပြီး ပညာရှိသောသားတော်တစ်ပါးကို ဒါဝိဒ်မင်းကြီးအား ပေးတော်မူသော ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူသည့် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။