၂ ကော 2:16 - မြန်မာ့စံမီသမ္မာကျမ်း
အချို့သောသူတို့အတွက် သေခြင်းသို့ပို့ဆောင်သည့် သေခြင်း၏ရနံ့ဖြစ်ကြပြီး အချို့သောသူတို့အတွက်ကား အသက်ရှင်ခြင်းသို့ပို့ဆောင်သည့် အသက်ရှင်ခြင်း၏ရနံ့ဖြစ်ကြ၏။ သို့ဖြစ်လျှင် ဤအမှုအရာများနှင့် မည်သူသည် ထိုက်တန်သနည်း။
အခန်းကိုကြည့်ပါ။
ပျက်စီးဆုံးပါးဆဲဖြစ်သူတို့အတွက်ထို ရနံ့သည်သေစေတတ်သောအပုပ်နံ့ဖြစ်၍ ကယ်တင်ခြင်းခံရဆဲဖြစ်သူတို့အတွက် အသက်ရှင်စေတတ်သည့်အမွှေးအကြိုင် ဖြစ်ပေသည်။ သို့ဖြစ်၍ဤကဲ့သို့သောအမှု ကိုအဘယ်သူဆောင်ရွက်နိုင်မည်နည်း။-
အခန်းကိုကြည့်ပါ။
တစ် ဖက် သား တို့၌ သေ ခြင်း ကို အ ထပ် ထပ် တိုး တက် စေ သော ရ နံ့၊ တစ် ဖက် သား တို့၌ ရှင် ခြင်း ကို အ ထပ် ထပ် တိုး တက် စေ သော ရ နံ့ ဖြစ် ကြ၏။ ထို သို့ ဆောင် ရွက် ရန် မည် သူ တတ် စွမ်း သ နည်း ဟု မေး လျှင်၊
အခန်းကိုကြည့်ပါ။
ဆုံးရှုံးသောသူတို့၌ကား၊ သေခြင်းတိုင်အောင် သေခြင်း၏အမွှေးအကြိုင် ဖြစ်ကြ၏။ ကယ်တင်သော သူတို့၌ကား၊ အသက်ရှင်ခြင်းတိုင်အောင် အသက်ရှင်ခြင်း၏အမွှေးအကြိုင် ဖြစ်ကြ၏။ သို့ဖြစ်၍ ဤအမှုအရာတို့နှင့် အဘယ်သူ ထိုက်တန်သနည်း။-
အခန်းကိုကြည့်ပါ။
ကျွန်ုပ်တို့သည် ဖျက်ဆီးခြင်းခံရသောသူတို့အတွက် သေစေတတ်သော သေခြင်းတရား၏ရနံ့ဖြစ်ပြီး ကယ်တင်ခြင်းခံရသောသူများအတွက်မှာမူ အသက်ရှင်စေတတ်သော အသက်ရှင်ခြင်း၏ရနံ့ဖြစ်ကြ၏။ သို့ဖြစ်၍ ဤကဲ့သို့သော တာဝန်ကို မည်သူထမ်းဆောင်နိုင်မည်နည်း။
အခန်းကိုကြည့်ပါ။