ထိုပူဇော်သက္ကာသည် တွေ့ဆုံစည်းဝေးရာတဲတော်၌ သင်တို့ထမ်းဆောင်ရသောအမှုအတွက် လုပ်အားခဖြစ်သောကြောင့် သင်နှင့် သင်၏အိမ်သူအိမ်သားတို့သည် ထိုအရာကို မည်သည့်နေရာတွင်မဆို စားခွင့်ရှိ၏။
၂ ကော 12:13 - မြန်မာ့စံမီသမ္မာကျမ်း ငါကိုယ်တိုင်သည် သင်တို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ခဲ့ခြင်းမှတစ်ပါး သင်တို့၌ အခြားသောအသင်းတော်များထက် ပို၍ဂုဏ်ငယ်စရာအကြောင်း တစ်စုံတစ်ခုရှိသလော။ ဤမမျှတမှုအတွက် ငါ့ကိုခွင့်လွှတ်ကြလော့။ Common Language Bible သင်တို့အားငွေရေးကြေးရေးတာဝန်ကို မပေးခဲ့သည်မှအပ ငါသည်သင်တို့အား အခြားအသင်းတော်များနှင့်တန်းတူထား ၍ဆက်ဆံခဲ့၏။ ဤသို့မမျှမတပြုမိ သည့်အတွက်ငါ့အားခွင့်လွှတ်ကြရန် တောင်းပန်ပါ၏။ Garrad Bible သင် တို့ အ ပေါ် တွင် ငါ ကိုယ် တိုင် မ ဖိ စီး မိ သည့် ပြင် မည် သည့် အ ရာ၌ အ ခြား အ သင်း တော် တို့ အောက် ယုတ် စေ သ နည်း။ ထို အ ဓ မ္မ မှု အ တွက် ချမ်း သာ ပေး ကြ လော့။ Judson Bible ငါသည်သင်တို့ကို မနှောင့်ယှက်သော အရာတစ်ခုကို ထားလျှင်၊ သင်တို့သည် အခြားသော အသင်းတော်ထက် အဘယ်သို့ယုတ်ညံ့သနည်း။ ထိုသို့ ငါပြစ်မှားသောအပြစ်ကို သည်းခံကြလော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်အား ငွေကြေးထောက်ပံ့ရသော ဝန်ထုပ်ဝန်ပိုးကို သင်တို့အား မပေးခဲ့ခြင်းမှလွဲ၍ သင်တို့သည် အခြားအသင်းတော်များထက် ဂုဏ်ငယ်စရာအကြောင်းမရှိ။ ဤသို့ မမျှမတပြုခဲ့သည့်အတွက် ကျွန်ုပ်ကို ခွင့်လွှတ်ကြပါလော့။ |
ထိုပူဇော်သက္ကာသည် တွေ့ဆုံစည်းဝေးရာတဲတော်၌ သင်တို့ထမ်းဆောင်ရသောအမှုအတွက် လုပ်အားခဖြစ်သောကြောင့် သင်နှင့် သင်၏အိမ်သူအိမ်သားတို့သည် ထိုအရာကို မည်သည့်နေရာတွင်မဆို စားခွင့်ရှိ၏။
အလုပ်ချင်းတူသောကြောင့် သူတို့နှင့်အတူနေလျက် အလုပ်လုပ်လေ၏။ အကြောင်းမူကား အလုပ်အကိုင်အရ သူတို့သည် ရွက်ထည်တဲချုပ်သူများဖြစ်ကြ၏။
အခြားသောသူတို့သည် သင်တို့ထံမှ ဤအခွင့်ကို ခံစားရကြလျှင် ငါတို့သည် သာ၍ခံစားထိုက်သည်မဟုတ်လော။ သို့သော် ငါတို့သည် ဤအခွင့်ကိုမသုံးဘဲ ခရစ်တော်၏ကောင်းမြတ်သောသတင်းအတွက် မည်သည့်အဟန့်အတားမျှမရှိစေရန် အရာရာ၌ သည်းခံကြ၏။
ယခု ငါသည် သင်တို့ထံသို့ တတိယအကြိမ်လာရန် အသင့်ရှိ၏။ သို့သော် သင်တို့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည်မဟုတ်။ အကြောင်းမူကား ငါသည် သင်တို့၏ဥစ္စာများကို အလိုရှိသည်မဟုတ်။ သင်တို့ကိုသာ အလိုရှိ၏။ သားသမီးတို့သည် မိဘတို့အတွက် စုဆောင်းရသည်မဟုတ်ဘဲ မိဘတို့ကသာ သားသမီးတို့အတွက် စုဆောင်းရ၏။