သင့်နှုတ်မဟုတ်ဘဲ အခြားသောသူကလည်းကောင်း၊ သင့်နှုတ်ခမ်းမဟုတ်ဘဲ သူတစ်ပါးကလည်းကောင်း သင့်ကိုချီးမွမ်းပါစေ။
၂ ကော 12:11 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် မိုက်မဲသောသူဖြစ်ခဲ့လေပြီ။ သင်တို့သည် ငါ့ကို အတင်းအကျပ် ထိုသို့ဖြစ်စေကြ၏။ အမှန်စင်စစ် ငါသည် သင်တို့၏ထောက်ခံချီးကျူးမှုကို ခံထိုက်၏။ အကြောင်းမူကား ငါသည် မပြောပလောက်သောသူဖြစ်သော်လည်း ထိပ်တန်းတမန်တော်များထက် အနည်းငယ်မျှမညံ့ပေ။ Common Language Bible ငါသည်လူမိုက်ကဲ့သို့ပြုလေပြီ။ သို့ရာတွင် သင်တို့ကငါ့ကိုလူမိုက်ဖြစ်အောင်ပြုကြ၏။ သင်တို့သည်ငါ့ကိုထောက်ခံသင့်သူများ ဖြစ်ပေသည်။ ငါသည်မရေရာသောသူဖြစ် စေကာမူသင်တို့၏ထူးမြတ်သည့်တမန် တော်များထက်အဘယ်နည်းနှင့်မျှမညံ့။- Garrad Bible ငါ သည် သင် တို့ ကြောင့် ဉာဏ် မဲ့ သူ မ ဖြစ် ဘဲ မ နေ နိုင်။ မ ရေ ရာ သူ ဖြစ် စေ ဦး၊ မည် သည့် အ ရာ၌ မျှ ထို သို့ ထူး ချွန် သော တ မန် တော် တို့ အောက် မ နိမ့် သော ကြောင့် သင် တို့ ထောက် ခံ သင့် ကြ၏။ Judson Bible ငါသည် ဝါကြွားတတ်သော သူရူးဖြစ်သလော။ ထိုသို့ဖြစ်လျှင်၊ သင်တို့သည် ငါ့ကို အနိုင်အထက်ဖြစ်စေကြပြီ။ အဘယ်သို့နည်း ဟူမူကား၊ သင်တို့ချီးမွမ်းခြင်းကို ငါခံသင့်၏။ ငါသည် ဘာမျှမဟုတ်သော်လည်း၊ အကြီးဆုံးသော တမန်တော်အောက် အလျှင်းမယုတ်မညံ့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် ကျွန်ုပ်ကို မိုက်မဲသောသူဖြစ်စေရန် တွန်းပို့သဖြင့် ကျွန်ုပ်သည် မိုက်မဲသောသူဖြစ်လာရပြီ။ အမှန်တွင်မူ သင်တို့သည် ကျွန်ုပ်ကို ချီးမွမ်းသင့်၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် သာမညလူဖြစ်သော်လည်း ထိပ်တန်းတမန်တော်များထက် အနည်းငယ်မျှ မညံ့သောကြောင့် ဖြစ်၏။ |
သင့်နှုတ်မဟုတ်ဘဲ အခြားသောသူကလည်းကောင်း၊ သင့်နှုတ်ခမ်းမဟုတ်ဘဲ သူတစ်ပါးကလည်းကောင်း သင့်ကိုချီးမွမ်းပါစေ။
ထိုနည်းတူ သင်တို့သည်လည်း သင်တို့အားစေခိုင်းသည့်အရာအားလုံးကို ဆောင်ရွက်ပြီးသောအခါ ‘အကျွန်ုပ်တို့သည် အကျိုးမပြုသောအစေအပါးများဖြစ်ကြပါ၏။ ဆောင်ရွက်ရမည့်အမှုကို ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ပါ၏’ဟု ဆိုကြလော့”ဟူ၍ မိန့်တော်မူ၏။
ငါသည် ပရောဖက်ပြုဟောပြောနိုင်သောအခွင့်ကိုရရှိ၍ လျှို့ဝှက်နက်နဲသောအရာရှိသမျှနှင့် အသိပညာအလုံးစုံတို့ကို နားလည်သိရှိကာ တောင်များကိုရွှေ့နိုင်သည့် ယုံကြည်ခြင်းအပြည့်အဝရှိသော်လည်း မေတ္တာမရှိလျှင် အချည်းနှီးဖြစ်၏။
ပေါလုဖြစ်စေ၊ အာပေါလုဖြစ်စေ၊ ကေဖဖြစ်စေ၊ ဤလောကဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ သေခြင်းဖြစ်စေ၊ မျက်မှောက်အရာများဖြစ်စေ၊ နောင်လာမည့်အရာများဖြစ်စေ ခပ်သိမ်းသောအရာတို့သည် သင်တို့ပိုင်ဆိုင်သောအရာများဖြစ်ကြ၏။
ငါတို့သည် ဆင်းရဲဒုက္ခခံရလျှင် ၎င်းသည် သင်တို့၏နှစ်သိမ့်ခြင်းနှင့်ကယ်တင်ခြင်းအတွက်ဖြစ်၏။ ငါတို့သည် နှစ်သိမ့်ခြင်းကိုခံစားရလျှင်လည်း ၎င်းသည် သင်တို့၏နှစ်သိမ့်ခြင်းအတွက်ဖြစ်ပြီး ထိုနှစ်သိမ့်ခြင်းသည် ငါတို့ခံရသောဒုက္ခဝေဒနာမျိုး၌ သင်တို့သည်းခံနိုင်သည့်ခွန်အားကိုဖြစ်စေ၏။
ငါ၏အနည်းငယ်သောမိုက်မဲမှုအတွက် ငါ့ကိုသည်းခံစေလိုပါ၏။ မည်သို့ပင်ဖြစ်စေ သင်တို့သည် ငါ့ကိုသည်းခံကြ၏။
အမှန်စင်စစ် ငါ၏တမန်တော်ဖြစ်ခြင်း၏အမှတ်လက္ခဏာများမှာ အလုံးစုံသောသည်းခံခြင်းဖြင့် သင်တို့တွင်ပြုသော နိမိတ်လက္ခဏာများ၊ အံ့ဩဖွယ်ရာများနှင့် တန်ခိုးများပင်ဖြစ်ကြ၏။
ငါသည် ဝါကြွားရန်အလိုရှိလျှင်လည်း အမှန်ကိုသာပြောမည်ဖြစ်၍ မိုက်မဲသောသူဖြစ်မည်မဟုတ်။ သို့သော် မည်သူမျှ ငါ့ကိုမြင်ရသည်ထက်၊ သို့မဟုတ် ငါ့အကြောင်းကို ကြားရသည်ထက်ပို၍ ငါ့ကိုမထင်မြင်မိစေရန် ငါမဝါကြွားဘဲနေမည်။
ငါတို့သည် တစ်ဖန် မိမိကိုယ်ကိုထောက်ခံချီးကျူးနေကြသလော။ သို့မဟုတ်လျှင် ငါတို့သည် အခြားသောသူများကဲ့သို့ သူတစ်ပါးထောက်ခံပေးသောစာ၊ သို့မဟုတ် သင်တို့ထောက်ခံပေးသောစာကို လိုအပ်သလော။
အကြောင်းမူကား ငါတို့သည် စိတ်ဖောက်ပြန်နေသည်ဆိုလျှင် ဘုရားသခင်အတွက်ဖြစ်၍ ပကတိစိတ်ရှိလျှင် သင်တို့အတွက်ဖြစ်၏။
တစ်စုံတစ်ယောက်သည် ဘာမျှမဟုတ်ဘဲလျက် မိမိကိုယ်ကိုအရေးပါသူဟု ထင်မှတ်လျှင် သူသည် မိမိကိုယ်ကိုလှည့်ဖြား၏။
သန့်ရှင်းသူအားလုံးတို့တွင် အငယ်ဆုံးသောသူထက် သာ၍ငယ်သောငါ့အား ဤကျေးဇူးတော်ကိုပေးအပ်တော်မူခြင်းမှာ ချင့်မျှော်တွေးဆ၍မရနိုင်သော ခရစ်တော်၏ကြွယ်ဝမှုကို လူမျိုးခြားတို့အားဟောပြောစေရန်နှင့်