၂ ကော 11:7 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့ချီးမြှောက်ခြင်းခံရဖို့ရန် ငါသည် မိမိကိုယ်ကိုနှိမ့်ချလျက် ဘုရားသခင်၏ကောင်းမြတ်သောသတင်းကို သင်တို့အား အခမဲ့ဟောပြောခြင်းဖြင့် အပြစ်ကျူးလွန်ခဲ့သလော။ Common Language Bible ငါသည်သင်တို့၏ဂုဏ်ကိုမြှင့်တင်ရန် မိမိကိုယ် ကိုနှိမ့်ချလျက် ဘုရားသခင်၏သတင်းကောင်း ကိုသင်တို့အားအခမဲ့ကြေညာခြင်းသည် မှားယွင်းပါသလော။- Garrad Bible ငါ သည် ဘု ရား သ ခင့် သ တင်း တော် မြတ် ကို အ ခ မဲ့ ကြား ပြော လျက် သင် တို့ ကို ချီး မြှောက် ရန် ကိုယ် ကို နှိမ့် ချ သည် မှာ ပြစ် မှား သ လော။ Judson Bible သင်တို့ကို ချီးမြှောက်ခြင်းငှာ၊ ကိုယ်ကိုကိုယ်နှိမ့်ချလျက်၊ ကျေးဇူးဆပ်ခြင်းကို မခံဘဲ၊ သင်တို့အား ဘုရားသခင်၏ ဧဝံဂေလိတရားကို ဟောပြောသည်အရာမှာ ငါသည် အပြစ်ရှိသလော။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့ကို ချီးမြှောက်ရန် မိမိကိုယ်ကိုယ် နှိမ့်ချလျက် ဘုရားသခင်၏ သတင်းကောင်းကို သင်တို့အား အခမဲ့ဟောပြောခြင်းသည် ကျွန်ုပ်အတွက် အပြစ်ဖြစ်သလော။ |
ငါသည် ဤလက်များဖြင့် ငါမှစ၍ ငါနှင့်အတူရှိသောသူတို့၏လိုအပ်ချက်များအတွက် လုပ်ဆောင်ခဲ့ကြောင်း သင်တို့ကိုယ်တိုင်သိကြ၏။
ဘုရားသခင်၏ကောင်းမြတ်သောသတင်းအတွက် သီးသန့်ရွေးချယ်ထားခြင်းခံရ၍ တမန်တော်အဖြစ်ခေါ်ယူတော်မူခြင်းခံရသော ခရစ်တော်ယေရှု၏အစေအပါးငါပေါလုသည် စာရေးလိုက်ပါ၏။
အခြားသောသူတို့သည် သင်တို့ထံမှ ဤအခွင့်ကို ခံစားရကြလျှင် ငါတို့သည် သာ၍ခံစားထိုက်သည်မဟုတ်လော။ သို့သော် ငါတို့သည် ဤအခွင့်ကိုမသုံးဘဲ ခရစ်တော်၏ကောင်းမြတ်သောသတင်းအတွက် မည်သည့်အဟန့်အတားမျှမရှိစေရန် အရာရာ၌ သည်းခံကြ၏။
သင်တို့နှင့် လူချင်းတွေ့သောအခါ နှိမ့်ချ၍ ကွဲကွာနေစဉ် သင်တို့အပေါ် ရဲဝံ့ပြတ်သားစွာပြုမူတတ်သော ငါပေါလုသည် ခရစ်တော်၏နူးညံ့သိမ်မွေ့ခြင်းနှင့်ညင်သာခြင်းတို့ဖြင့် သင်တို့အား မေတ္တာရပ်ခံပါ၏။
သင်တို့ကိုကျော်လွန်သောအရပ်ဒေသများသို့ ကောင်းမြတ်သောသတင်းကိုဟောပြောနိုင်ရန် ငါတို့မျှော်လင့်ထား၏။ အခြားသူ၏နယ်ပယ်အတွင်း ဆောင်ရွက်ပြီးစီးခဲ့သောအရာ၌ ငါတို့ဝါကြွားခြင်းမပြုပေ။
ငါကိုယ်တိုင်သည် သင်တို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ခဲ့ခြင်းမှတစ်ပါး သင်တို့၌ အခြားသောအသင်းတော်များထက် ပို၍ဂုဏ်ငယ်စရာအကြောင်း တစ်စုံတစ်ခုရှိသလော။ ဤမမျှတမှုအတွက် ငါ့ကိုခွင့်လွှတ်ကြလော့။
ငါသည် ခရစ်တော်၏ကောင်းမြတ်သောသတင်းအတွက် တရောမြို့သို့ရောက်သောအခါ သခင်ဘုရားသည် ငါ့အတွက်တံခါးဖွင့်ပေးခဲ့သော်လည်း
ညီအစ်ကိုတို့၊ ငါတို့၏ကြိုးပမ်းအားထုတ်မှုနှင့်ပင်ပန်းခက်ခဲမှုတို့ကို သင်တို့မှတ်မိကြ၏။ ငါတို့သည် သင်တို့ထဲမှ မည်သူ့အပေါ်၌မျှ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် နေ့ရောညပါအလုပ်လုပ်လျက် ဘုရားသခင်၏ကောင်းမြတ်သောသတင်းကို သင်တို့အား ဟောပြောကြ၏။
မည်သူ၏အစားအစာကိုမျှ အလကားမစားဘဲ သင်တို့ထဲမှ မည်သူ့အပေါ်၌မျှ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် ကြိုးပမ်းအားထုတ်လျက် ပင်ပန်းခက်ခဲစွာဖြင့် နေ့ရောညပါအလုပ်လုပ်ကြ၏။