တစ်ဖန် သူတို့အား“သင်တို့သည် မိမိတို့၏ဓလေ့ထုံးတမ်းကိုတည်စေရန် ဘုရားသခင်၏ပညတ်တော်ကို ကောင်းစွာပစ်ပယ်ကြသည်တကား။
၂ ကော 11:4 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား တစ်စုံတစ်ယောက်သောသူသည်လာ၍ ငါတို့မဟောပြောခဲ့သည့် အခြားသောယေရှုအကြောင်းကို ဟောပြောလျှင်ဖြစ်စေ၊ သင်တို့မရရှိဖူးသော အခြားဝိညာဉ်ကို သင်တို့ရရှိလျှင်ဖြစ်စေ၊ သင်တို့မခံယူခဲ့သော အခြားကောင်းမြတ်သောသတင်းကို သင်တို့ခံယူလျှင်ဖြစ်စေ သင်တို့သည် ကောင်းစွာသည်းခံနေကြ၏။ Common Language Bible လူတစ်စုံတစ်ယောက်သည်သင်တို့ထံရောက်လာ၍ ငါတို့မကြေညာဘူးသည့်အခြားတစ်ပါးသော ယေရှု၏အကြောင်းကိုဟောပြောကြေညာသော အခါ သင်တို့သည်ဝမ်းမြောက်စွာလက်ခံခွင့်ပြု ကြ၏။ သင်တို့သည်ငါတို့ထံမှကြားသိရသည့် သတင်းကောင်းနှင့်လုံးဝမတူသည့်သတင်း ကောင်းကိုလည်းကောင်း၊ ယခင်ကခံယူရရှိ သည့်ဝိညာဉ်တော်နှင့်လုံးဝကွဲပြားခြားနား သည့်ဝိညာဉ်ကိုလည်းကောင်းလက်ခံကြ၏။ Garrad Bible ငါ တို့ မ ဟော သော တ ပါး ယေ ရှု အ ကြောင်း အ ခြား သူ လာ ရောက် ဟော ပြော သ ဖြင့် သင် တို့ သည် ခံ ရင်း မ ဟုတ် သော တ ပါး ဝိ ညာဉ် ကို သော်လည်း ကောင်း၊ နာ ယူ ရင်း မ ဟုတ် သော တ ပါး သ တင်း ကို သော်လည်း ကောင်း ခံ ယူ လျှင် သည်း ခံ ခြင်း ကောင်း လေ စွ တ ကား။ Judson Bible သင်တို့ရှိရာသို့ ရောက်လာသောသူသည် ငါတို့ မဟောမပြောသေးသော ယေရှုတစ်ပါးကို ဟောပြောသော်လည်းကောင်း၊ သင်တို့သည် မခံရသေးသော ဝိညာဉ်တော်တစ်ပါးကို ခံရသော်လည်းကောင်း၊ နားမထောင်သေးသော ဧဝံဂေလိတရားစကားကို နားထောင်သော်လည်းကောင်း၊ ထိုသူကို သည်းခံကောင်း၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ယောက်သည် သင်တို့ထံ လာ၍ ကျွန်ုပ်တို့ မဟောပြောခဲ့ဖူးသည့် အခြားယေရှုအကြောင်းကို ဟောပြောသောအခါ၌ ဖြစ်စေ၊ သင်တို့လက်ခံရရှိထားသော ဝိညာဉ်တော်မဟုတ်သည့် အခြားဝိညာဉ်ကို သင်တို့လက်ခံရရှိသောအခါ၌ ဖြစ်စေ၊ သင်တို့လက်ခံခဲ့သောသတင်းကောင်းမဟုတ်သည့် အခြားသတင်းကို သင်တို့ဟောပြောခံရသောအခါ၌ဖြစ်စေ သင်တို့သည် ဝမ်းမြောက်စွာပင် သည်းခံကြသောကြောင့်ဖြစ်၏။ |
တစ်ဖန် သူတို့အား“သင်တို့သည် မိမိတို့၏ဓလေ့ထုံးတမ်းကိုတည်စေရန် ဘုရားသခင်၏ပညတ်တော်ကို ကောင်းစွာပစ်ပယ်ကြသည်တကား။
ကယ်တင်ခြင်းသည် အခြားမည်သူ၌မျှမရှိ။ အကြောင်းမူကား ထိုနာမမှတစ်ပါး ငါတို့အားကယ်တင်မည့်အခြားသောနာမကို ကောင်းကင်အောက် လူတို့၌ပေးအပ်ထားခြင်းမရှိ”ဟု သူတို့အားဆိုလေ၏။
သင်တို့သည် ကြောက်ရွံ့ခြင်းသို့ တစ်ဖန်ရောက်စေသော ကျွန်၏ဝိညာဉ်ကိုခံယူရရှိကြသည်မဟုတ်ဘဲ သားသမီးအရာကိုပေးသောဝိညာဉ်တော်ကို ခံယူရရှိကြ၏။ ထိုဝိညာဉ်တော်အားဖြင့် “အဗ္ဗ၊ အဖ”ဟု ငါတို့ခေါ်ကြ၏။
အကြောင်းမူကား ယေရှုခရစ်တော်တည်းဟူသော ချထားပြီးဖြစ်သည့်အုတ်မြစ်မှတစ်ပါး အခြားသောအုတ်မြစ်ကို မည်သူမျှမချနိုင်။
ငါ၏အနည်းငယ်သောမိုက်မဲမှုအတွက် ငါ့ကိုသည်းခံစေလိုပါ၏။ မည်သို့ပင်ဖြစ်စေ သင်တို့သည် ငါ့ကိုသည်းခံကြ၏။
ငါသည် ခရစ်တော်၏ကောင်းမြတ်သောသတင်းအတွက် တရောမြို့သို့ရောက်သောအခါ သခင်ဘုရားသည် ငါ့အတွက်တံခါးဖွင့်ပေးခဲ့သော်လည်း
ဤအချက်ကိုသာ သင်တို့ထံမှ ငါသိလို၏။ သင်တို့သည် ဝိညာဉ်တော်ကို ပညတ်တရားနှင့်ဆိုင်သောအကျင့်အားဖြင့် ခံယူရရှိကြသလော၊ သို့မဟုတ် ကြားနာ၍ယုံကြည်သောအားဖြင့် ခံယူရရှိကြသလော။
မာကေဒေါနိပြည်သို့သွားစဉ်က သင့်ကို ငါတိုက်တွန်းနှိုးဆော်ခဲ့သည့်အတိုင်း သင်သည် ဧဖက်မြို့၌နေရစ်၍ လူအချို့တို့အား ခြားနားသောဩဝါဒကို မသွန်သင်ကြရန်လည်းကောင်း၊
အကြောင်းမူကား ဘုရားသခင်တစ်ဆူတည်းရှိတော်မူ၍ ဘုရားသခင်နှင့်လူတို့စပ်ကြားတွင် ကြားဝင်စေ့စပ်သူလည်း တစ်ပါးတည်းရှိတော်မူ၏။ ထိုအရှင်ကား လူဖြစ်သောခရစ်တော်ယေရှုပေတည်း။