Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 11:4 - Common Language Bible

4 လူ​တစ်​စုံ​တစ်​ယောက်​သည်​သင်​တို့​ထံ​ရောက်​လာ​၍ ငါ​တို့​မ​ကြေ​ညာ​ဘူး​သည့်​အ​ခြား​တစ်​ပါး​သော ယေ​ရှု​၏​အ​ကြောင်း​ကို​ဟော​ပြော​ကြေ​ညာ​သော အ​ခါ သင်​တို့​သည်​ဝမ်း​မြောက်​စွာ​လက်​ခံ​ခွင့်​ပြု ကြ​၏။ သင်​တို့​သည်​ငါ​တို့​ထံ​မှ​ကြား​သိ​ရ​သည့် သ​တင်း​ကောင်း​နှင့်​လုံး​ဝ​မ​တူ​သည့်​သ​တင်း ကောင်း​ကို​လည်း​ကောင်း၊ ယ​ခင်​က​ခံ​ယူ​ရ​ရှိ သည့်​ဝိ​ညာဉ်​တော်​နှင့်​လုံး​ဝ​ကွဲ​ပြား​ခြား​နား သည့်​ဝိ​ညာဉ်​ကို​လည်း​ကောင်း​လက်​ခံ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 ငါ တို့ မ ဟော သော တ ပါး ယေ ရှု အ ကြောင်း အ ခြား သူ လာ ရောက် ဟော ပြော သ ဖြင့် သင် တို့ သည် ခံ ရင်း မ ဟုတ် သော တ ပါး ဝိ ညာဉ် ကို သော်လည်း ကောင်း၊ နာ ယူ ရင်း မ ဟုတ် သော တ ပါး သ တင်း ကို သော်လည်း ကောင်း ခံ ယူ လျှင် သည်း ခံ ခြင်း ကောင်း လေ စွ တ ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 သင်​တို့​ရှိ​ရာ​သို့ ရောက်​လာ​သော​သူ​သည် ငါ​တို့ မ​ဟော​မ​ပြော​သေး​သော ယေ​ရှု​တစ်​ပါး​ကို ဟော​ပြော​သော်​လည်း​ကောင်း၊ သင်​တို့​သည် မ​ခံ​ရ​သေး​သော ဝိ​ညာဉ်​တော်​တစ်​ပါး​ကို ခံ​ရ​သော်​လည်း​ကောင်း၊ နား​မ​ထောင်​သေး​သော ဧ​ဝံ​ဂေ​လိ​တ​ရား​စ​ကား​ကို နား​ထောင်​သော်​လည်း​ကောင်း၊ ထို​သူ​ကို သည်း​ခံ​ကောင်း၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 အကြောင်းမူကား တစ်စုံတစ်ယောက်​သော​သူ​သည်​လာ​၍ ငါ​တို့​မ​ဟောပြော​ခဲ့​သည့် အခြား​သော​ယေရှု​အကြောင်း​ကို ဟောပြော​လျှင်​ဖြစ်စေ၊ သင်​တို့​မ​ရရှိ​ဖူး​သော အခြား​ဝိညာဉ်​ကို သင်​တို့​ရရှိ​လျှင်​ဖြစ်စေ၊ သင်​တို့​မ​ခံယူ​ခဲ့​သော အခြား​ကောင်းမြတ်​သော​သတင်း​ကို သင်​တို့​ခံယူ​လျှင်​ဖြစ်စေ သင်​တို့​သည် ကောင်းစွာ​သည်းခံ​နေ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

4 အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ယောက်​သည် သင်တို့​ထံ လာ​၍ ကျွန်ုပ်တို့ မဟောပြောခဲ့ဖူးသည့် အခြား​ယေရှု​အကြောင်း​ကို ဟောပြော​သောအခါ​၌ ဖြစ်စေ၊ သင်တို့​လက်ခံရရှိထားသော ဝိညာဉ်တော်​မဟုတ်သည့် အခြား​ဝိညာဉ်​ကို သင်တို့​လက်ခံရရှိသော​အခါ​၌ ဖြစ်စေ၊ သင်တို့​လက်ခံခဲ့သော​သတင်းကောင်း​မဟုတ်သည့် အခြား​သတင်း​ကို သင်တို့​ဟောပြောခံရ​သောအခါ​၌​ဖြစ်စေ သင်တို့​သည် ဝမ်းမြောက်စွာ​ပင် သည်းခံကြ​သောကြောင့်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 11:4
12 ပူးပေါင်းရင်းမြစ်များ  

ဆက်​လက်​၍​ကိုယ်​တော်​က``သင်​တို့​သည်​မိ​မိ​တို့ ၏​ထုံး​တမ်း​စဉ်​လာ​များ​အ​တိုင်း​ကျင့်​သုံး​နိုင် ကြ​စေ​ရန် ဘု​ရား​သ​ခင်​၏​ပ​ညတ်​တို့​ကို​ပစ် ပယ်​ပုံ​မှာ​ကျွမ်း​ကျင်​လေ​စွ​တ​ကား။-


ထို​အ​ရှင်​တစ်​ပါး​တည်း​သာ​လျှင်​ကယ်​တင် နိုင်​၏။ ကမ္ဘာ​ပေါ်​တွင်​ထို​အ​ရှင်​မှ​တစ်​ပါး ငါ တို့​ကို​ကယ်​တင်​နိုင်​သူ​တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ'' ဟု​သူ​တို့​အား​ပြန်​လည်​ဖြေ​ကြား​လေ​၏။


ဘု​ရား​သ​ခင်​ထံ​တော်​မှ​သင်​တို့​ခံ​ယူ​ရ​ရှိ သည့်​ဝိ​ညာဉ်​တော်​သည် သင်​တို့​အား​ကျွန်​ဖြစ် စေ​သည်​မ​ဟုတ်။ ကြောက်​စိတ်​ကို​လည်း​ရှိ​စေ သည်​မ​ဟုတ်။ ဝိ​ညာဉ်​တော်​သည်​ငါ​တို့​အား ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​ဖြစ်​စေ တော်​မူ​သ​ဖြင့် ငါ​တို့​သည်​ဝိ​ညာဉ်​တော်​၏ တန်​ခိုး​ဖြင့်​ဘု​ရား​သခင်​အား``အဗ္ဗ၊ အဖ'' ဟု ခေါ်​ကြ​၏။-


ယေ​ရှု​ခ​ရစ်​တည်း​ဟူ​သော​ချ​ထား​ပြီး​တိုက် မြစ်​မှ​တစ်​ပါး အ​ခြား​တိုက်​မြစ်​ကို​အ​ဘယ် သူ​မျှ​မ​ချ​နိုင်။-


ငါ​၏​အ​နည်း​ငယ်​မိုက်​မဲ​မှု​ကို​သင်​တို့​သည်း​ခံ ကြ​လိမ့်​မည်​ဟု​မျှော်​လင့်​ပါ​၏။ ကျေး​ဇူး​ပြု​၍ သည်း​ခံ​ကြ​လော့။-


ခ​ရစ်​တော်​၏​အ​ကြောင်း​သ​တင်း​ကောင်း​ကို​ကြေ ညာ​ရန်​တ​ရော​မြို့​သို့​ငါ​ရောက်​ရှိ​လာ​သော​အ​ခါ အ​မှု​တော်​ကို​ထမ်း​ဆောင်​နိုင်​ရန်​တံ​ခါး​ကို သ​ခင်​ဘု​ရား​ဖွင့်​ပေး​တော်​မူ​၏။-


ဝိ​ညာဉ်​တော်​ကို​သင်​တို့​ခံ​ယူ​ရ​ကြ​ခြင်း​မှာ ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း​ခြင်း​ကြောင့်​လော။ သို့​တည်း​မ​ဟုတ်​သ​တင်း​ကောင်း​ကို​ကြား​၍ ယုံ​ကြည်​ကြ​သော​ကြောင့်​လော။ ဤ​မေး​ခွန်း ကို​သာ​လျှင် ငါ့​အား​ဖြေ​ကြား​ကြ​လော့။-


မာ​ကေ​ဒေါ​နိ​ပြည်​သို့​ငါ​ထွက်​ခွာ​စဉ်​အ​ခါ က သင့်​အား​ငါ​မှာ​ကြား​ခဲ့​သည်​အ​တိုင်း ဧ​ဖက် မြို့​တွင်​ဆက်​လက်​နေ​ထိုင်​စေ​လို​၏။ လူ​အ​ချို့ တို့​သည်​မိစ္ဆာ​အ​ယူ​ဝါ​ဒ​များ​ကို​ဟော​ပြော သွန်​သင်​လျက်​ရှိ​ကြ​ပေ​သည်။ မ​ကုန်​မ​ဆုံး​နိုင် သော​ဒဏ္ဍာ​ရီ​များ​နှင့်​ဆွေ​စဉ်​မျိုး​ဆက်​စာ​ရင်း များ​ကို အ​ပတ်​တ​ကုတ်​အား​ထုတ်​လေ့​လာ တတ်​သူ​တို့​အား ထို​အ​မှု​တို့​ကို​ရပ်​စဲ​ကြ စေ​ရန်​ပြော​ကြား​လော့။ ထို​အ​မှု​အ​ရာ​များ သည်​အ​ငြင်း​ပွား​မှု​များ​ကို​သာ​လျှင်​ပြု​စု ပေး​တတ်​၏။ ဘု​ရား​သ​ခင်​၏​အ​ကြံ​အ​စည် တော်​ကို​အ​ကျိုး​မ​ပြု​တတ်။ ယုံ​ကြည်​ခြင်း အား​ဖြင့်​သာ​လျှင် ထို​အ​ကြံ​အ​စည်​တော် ကို​သိ​နိုင်​လေ​သည်။-


ဘု​ရား​သည်​တစ်​ဆူ​တည်း​ရှိ​တော်​မူ​၍​ဘု​ရား နှင့်​လူ​အ​ကြား​တွင် စေ့​စပ်​ပေး​သူ​လူ​ခ​ရစ် တော်​ယေ​ရှု​တစ်​ပါး​တည်း​သာ​ရှိ​ပေ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ