လူများစွာတို့သည် ဇာတိသဘောဖြင့် ဝါကြွားကြသည်ဖြစ်၍ ငါသည်လည်း ဝါကြွားမည်။
သို့သော်လူအများကလောကီအရာများ အတွက်ကြွားဝါတတ်ကြသည်ဖြစ်ရာ ငါ သည်လည်းကြွားဝါမည်။-
အ များ တို့ က ရုပ် ခ န္ဓာ အ လျောက် ဂုဏ် တင် ကြ သည် ဖြစ်၍ ငါ လည်း ဂုဏ် တင် ဦး အံ့။
လူများတို့သည် လောကီအခြင်းအရာ၌ ဝါကြွားသောကြောင့် ငါသည်လည်းဝါကြွားရ၏။-
များစွာသောသူတို့သည် လောကီစံနှုန်းအတိုင်း ကြွားဝါကြသောကြောင့် ကျွန်ုပ်သည်လည်း ကြွားဝါမည်။
ငါတို့သည် ခရစ်တော်အတွက် မိုက်မဲသောသူဖြစ်ကြ၏။ သင်တို့မူကား ခရစ်တော်၌ ပညာသတိရှိသောသူဖြစ်ကြ၏။ ငါတို့သည် အားနည်းသောသူဖြစ်ကြ၏။ သင်တို့မူကား ခွန်အားကြီးသောသူဖြစ်ကြ၏။ သင်တို့သည် ဂုဏ်သရေရှိသောသူဖြစ်ကြ၏။ ငါတို့မူကား ဂုဏ်သရေမဲ့သောသူဖြစ်ကြ၏။
ဤသို့စီစဉ်သောအခါ ငါသည် ပေါ့ပေါ့တန်တန်စီစဉ်ခဲ့သလော၊ သို့မဟုတ် ငါစီစဉ်သောအရာများကို ဇာတိသဘောဖြင့်စီစဉ်ခဲ့သောကြောင့် ငါ့စကားသည် တစ်ချိန်တည်းတွင် “ဟုတ်ပါ၏။ ဟုတ်ပါ၏” နှင့် “မဟုတ်ပါ။ မဟုတ်ပါ”ဟူ၍ ဖြစ်ခဲ့သလော။
သို့ရာတွင် ငါတို့ကဲ့သို့ ဝါကြွားစရာအကြောင်းရှိစေမည့်အခွင့်ကို ရယူလိုသောသူတို့ထံမှ ထိုအခွင့်ကိုဖြတ်တောက်ရန် ငါပြုနေသည့်အရာကို ဆက်၍ပြုဦးမည်။
ငါသည် ဝါကြွားရမည်ဖြစ်၍ အကျိုးမရှိသော်လည်း သခင်ဘုရားပေးတော်မူသော ရူပါရုံနှင့်ဗျာဒိတ်တော်အကြောင်းများကို ဆက်၍ပြောပါမည်။
ငါသည် မိုက်မဲသောသူဖြစ်ခဲ့လေပြီ။ သင်တို့သည် ငါ့ကို အတင်းအကျပ် ထိုသို့ဖြစ်စေကြ၏။ အမှန်စင်စစ် ငါသည် သင်တို့၏ထောက်ခံချီးကျူးမှုကို ခံထိုက်၏။ အကြောင်းမူကား ငါသည် မပြောပလောက်သောသူဖြစ်သော်လည်း ထိပ်တန်းတမန်တော်များထက် အနည်းငယ်မျှမညံ့ပေ။
သို့သော် ကိုယ်တော်က“ငါ၏ကျေးဇူးတော်သည် သင့်အတွက်လုံလောက်ပေ၏။ အကြောင်းမူကား ငါ၏တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ ပြည့်စုံတတ်၏”ဟု ငါ့အား မိန့်တော်မူ၏။ ထို့ကြောင့် ခရစ်တော်၏တန်ခိုးသည် ငါ့အပေါ်တည်နေမည့်အကြောင်း ငါသည် ငါ၏အားနည်းခြင်း၌ သာ၍ဝမ်းမြောက်စွာဝါကြွားမည်။
ထို့ကြောင့် ယခုမှစ၍ ငါတို့သည် မည်သူ့ကိုမျှ သွေးသားဇာတိသဘောဖြင့် မသိမှတ်တော့ပေ။ ငါတို့သည် ခရစ်တော်ကို သွေးသားဇာတိသဘောဖြင့် သိမှတ်ခဲ့လျှင်လည်း ယခုတွင် ထိုသို့မသိမှတ်တော့ပေ။
အဘယ်ကြောင့်ဆိုသော် လူအပေါင်းတို့သည် မြက်ပင်ကဲ့သို့ဖြစ်၍ သူတို့၏ဘုန်းအသရေရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ်၏။ မြက်ပင်သည် ညှိုးနွမ်းခြောက်သွေ့သွား၍ အပွင့်သည်လည်း ကြွေတတ်၏။