၂ ကော 1:17 - မြန်မာ့စံမီသမ္မာကျမ်း
ဤသို့စီစဉ်သောအခါ ငါသည် ပေါ့ပေါ့တန်တန်စီစဉ်ခဲ့သလော၊ သို့မဟုတ် ငါစီစဉ်သောအရာများကို ဇာတိသဘောဖြင့်စီစဉ်ခဲ့သောကြောင့် ငါ့စကားသည် တစ်ချိန်တည်းတွင် “ဟုတ်ပါ၏။ ဟုတ်ပါ၏” နှင့် “မဟုတ်ပါ။ မဟုတ်ပါ”ဟူ၍ ဖြစ်ခဲ့သလော။
အခန်းကိုကြည့်ပါ။
ယင်းသို့ကြံစည်ခဲ့ခြင်းမှာငါ၌စိတ်နှစ်ခွရှိ လေသလော။ ငါကြံစည်ဆုံးဖြတ်သည့်အခါ များ၌တစ်ကိုယ်ကောင်းသဘောအရကြံစည် ဆုံးဖြတ်လေသလော။ တစ်ချိန်တည်းမှာပင် ဟုတ်မှန်သည်ဟူ၍လည်းကောင်း၊ မဟုတ်မမှန် ဟူ၍လည်းကောင်းစကားနှစ်ခွဆိုလေ သလော။-
အခန်းကိုကြည့်ပါ။
ထို သို့ အ ကြံ ရှိ သည် မှာ ငါ ပေါ့ ဆ ရာ ရောက် သ လော။ ငါ့ အ ကြံ အ ရွယ် တွင် လည်း လော ကီ ဘာ ဝ အ လိုက် ဧ ကန် အ နေ ကန် ဟူ၍ ဆို ရာ ရောက် လျက် ကြံ ရွယ် တတ် သ လော။
အခန်းကိုကြည့်ပါ။
ထိုသို့အကြံရှိသောအခါ လျှပ်ပေါ်သော စိတ်ရှိသလော။ သို့မဟုတ် ငါ့စကားမှာ ဟုတ်မှန်၏၊ ဟုတ်မှန်၏ ဟူ၍လည်းကောင်း၊ မဟုတ်မမှန်၊ မဟုတ်မမှန် ဟူ၍လည်းကောင်း၊ ဖြစ်စေခြင်းငှာ ငါကြံစည်သောအရာကို ဇာတိပကတိအတိုင်း ကြံစည်သလော။-
အခန်းကိုကြည့်ပါ။
ဤသို့ စီစဉ်သောအခါ ကျွန်ုပ်သည် ပေါ့ပေါ့တန်တန်စီစဉ်သည်ဟု သင်တို့ထင်သလော။ ကျွန်ုပ်သည် အစီအစဉ်များကို ချမှတ်ရာတွင် တစ်ချိန်တည်း၌ “ဟုတ်၏” ဟူ၍လည်းကောင်း၊ “မဟုတ်ပါ” ဟူ၍လည်းကောင်း စကားနှစ်ခွဖြင့် ပြောဆိုတတ်သော လောကီသားများနှင့် တူသလော။
အခန်းကိုကြည့်ပါ။