အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၁ သက် 5:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အကြောင်းမူကား သင်​တို့​အားလုံး​သည် အလင်း​၏​သားသမီး​များ၊ နေ့​၏​သားသမီး​များ​ဖြစ်​ကြ​၏။ ငါ​တို့​သည် ည​နှင့်​ဖြစ်စေ၊ အမှောင်​နှင့်​ဖြစ်စေ စပ်ဆိုင်​ကြ​သည်​မ​ဟုတ်။

အခန်းကိုကြည့်ပါ။

Common Language Bible

သင်​တို့​အား​လုံး​ပင်​အ​လင်း​တွင်​လည်း​ကောင်း၊ နေ့ တွင်​လည်း​ကောင်း​ကျင်​လည်​သူ​များ​ဖြစ်​ကြ​၏။ ငါ တို့​သည်​ညဥ့်​တွင်​လည်း​ကောင်း​မှောင်​မိုက်​တွင်​လည်း ကောင်း​ကျင်​လည်​သူ​များ​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။

Garrad Bible

ရှိ သ မျှ ပင် အ လင်း ရောက် သူ၊ နေ့ ရောက် သူ များ ဖြစ် ကြ၏။ ညဉ့် နှင့် သော် လည်း ကောင်း၊ မှောင် နှင့် သော် လည်း ကောင်း၊ ငါ တို့ မ ဆိုင် သည် ဖြစ်၍၊

အခန်းကိုကြည့်ပါ။

Judson Bible

သင်​တို့​အ​ပေါင်း​သည် အ​လင်း၏​သား၊ နေ့၏​သား​ဖြစ်​ကြ၏။ ည၏​သား၊ မှောင်​မိုက်၏​သား မ​ဟုတ်။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

အဘယ်ကြောင့်ဆိုသော် သင်တို့​သည် အလင်း​၏​သားသမီးများ၊ နေ့​၏​သားသမီးများ​ဖြစ်​သောကြောင့်​ပင်။ ကျွန်ုပ်တို့​သည် ည​၏​သားသမီးများ၊ အမှောင်​၏ သားသမီးများ​မဟုတ်။

အခန်းကိုကြည့်ပါ။



၁ သက် 5:5
7 ပူးပေါင်းရင်းမြစ်များ  

ငှက်ကုလားအုတ်​၊ မြေဝပ်ငှက်​၊ စင်ရော်ငှက်​၊ သိမ်းငှက်​အမျိုးမျိုး​၊


ထိုအခါ သခင်​သည် မတရား​သော​ဘဏ္ဍာစိုး​၏ ပါးနပ်​သည့်​လုပ်ဆောင်​မှု​အတွက် သူ့​ကို​ချီးမွမ်း​လေ​၏။ အကြောင်းမူကား ဤ​လောက​၏​သားသမီး​များ​သည် မိမိ​တို့​ခေတ်ကာလ​လူ​တို့​နှင့်​ဆက်ဆံ​ရာ​တွင် အလင်း​၏​သားသမီး​များ​ထက် လိမ္မာ​ပါးနပ်​ကြ​၏။


သင်​တို့​သည် အလင်း​၏​သား​များ​ဖြစ်​ကြ​ရန် သင်​တို့​တွင် အလင်း​ရှိ​ခိုက် အလင်း​ကို​ယုံကြည်​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ ယေရှု​သည် ဤ​အရာ​များ​ကို ဟောပြော​တော်မူ​ပြီးနောက် ထွက်သွား​၍ သူ​တို့​ကို တိမ်းရှောင်​လျက်​နေ​တော်မူ​၏။


ဤသည်ကား သူ​တို့​၏​မျက်စိ​ကို​ဖွင့်​ပေး​၍ သူ​တို့​ကို အမှောင်​မှ အလင်း​သို့​လည်းကောင်း၊ စာတန်​၏​အခွင့်​အာဏာ​မှ ဘုရားသခင်​ထံသို့​လည်းကောင်း ပြောင်းလဲ​စေ​သဖြင့် သူ​တို့​သည် ငါ့​ကို​ယုံကြည်​ခြင်း​အားဖြင့် အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​ကို​ခံစားရ​ကာ သန့်ရှင်း​စေ​ခြင်း​ခံရ​သော​သူ​တို့​ထဲတွင် ပါဝင်​ရ​မည့်​အကြောင်း​တည်း’​ဟု မိန့်​တော်မူ​ခဲ့​ပါ​သည်။


အဘယ်ကြောင့်​ဆိုသော် တစ်ချိန်က သင်​တို့​သည် အမှောင်​ဖြစ်​ခဲ့​သော်လည်း ယခု​အခါ သခင်​ဘုရား​၌ အလင်း​ဖြစ်​ကြ​၏။ အလင်း​၏​သားသမီး​များ​ကဲ့သို့ အသက်ရှင်​လျှောက်လှမ်း​ကြ​လော့။


ငါ​တို့​မူကား နေ့​နှင့်စပ်ဆိုင်​ကြ​သည်​ဖြစ်​၍ ယုံကြည်​ခြင်း​နှင့်​ချစ်​ခြင်း​မေတ္တာ​တို့​ကို ရင်အုပ်​တန်ဆာ​အဖြစ်​ဝတ်ဆင်​လျက် ကယ်တင်​ခြင်း​၌​မျှော်လင့်​ခြင်း​ကို သံခမောက်​အဖြစ်​ဆောင်း​ကာ သမ္မာသတိ​ရှိ​ကြ​ကုန်စို့။


တစ်ဖန် ခရစ်တော်​၌​လည်းကောင်း၊ သင်​တို့​၌​လည်းကောင်း မှန်ကန်​သော​ပညတ်​သစ်​ကို သင်​တို့​ထံသို့ ငါ​ရေး​လိုက်​၏။ အကြောင်းမူကား မှောင်မိုက်​သည် ရွေ့လျား​ကွယ်ပျောက်​သွား​၍ စစ်မှန်​သော​အလင်း​သည် ထွန်းတောက်​ပြီ​ဖြစ်​၏။