ဘုရားသခင်၏လူတစ်ဦးသည် ထာဝရဘုရား၏အမိန့်တော်အတိုင်း ယုဒပြည်မှ ဗေသလမြို့သို့ ရောက်လာ၏။ ထိုအချိန်တွင် ယေရောဗောင်မင်းကြီးသည် နံ့သာပေါင်းကို မီးရှို့ပူဇော်ရန် ယဇ်ပလ္လင်နားတွင် ရပ်နေ၏။
၁ သက် 4:15 - မြန်မာ့စံမီသမ္မာကျမ်း သခင်ဘုရား၏စကားတော်အားဖြင့် သင်တို့အား ငါတို့ဆိုသည်မှာ သခင်ဘုရားကြွလာတော်မူသည့်တိုင်အောင် အသက်ရှင်လျက်ကျန်ရစ်သောငါတို့သည် အိပ်ပျော်သောသူတို့ထက် လုံးဝရှေ့ကျလိမ့်မည်မဟုတ်။ Common Language Bible သခင်ဘုရားသွန်သင်တော်မူချက်ကိုယခု ငါတို့ဖော်ပြပေအံ့။ သခင်ဘုရားကြွလာတော် မူသောနေ့၌အသက်ရှင်လျက်ရှိကြသူငါတို့ သည်သေလွန်သူတို့ထက်အလျင်ရောက်ကြလိမ့် မည်မဟုတ်။- Garrad Bible အ ရှင် ဘု ရား၏ ဗျာ ဒိတ် တော် အ တိုင်း ငါ တို့ ပြော ဆို သည် ကား၊ အ ရှင် ဘု ရား ကြွ လာ သည့် တိုင် အောင် အ သက် ရှင် လျက် ကျန် ကြွင်း သော ငါ တို့ သည် အိပ် ပျော် သူ တို့ အ ရင် ရောက် ရ မည် မ ဟုတ်။ Judson Bible သခင်ဘုရား၏ ဗျာဒိတ်တော်အားဖြင့် တစ်ဖန် ငါတို့ဆိုသည်ကား၊ သခင်ဘုရား ကြွလာတော်မူသောအခါ၊ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အိပ်ပျော်ပြီးသောသူတို့၏ အရင်အဦး နေရာကျရကြမည်မဟုတ်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သခင်ဘုရား၏ စကားတော်ဖြင့် ကျွန်ုပ်တို့သည် သင်တို့ကို ပြောပြလို၏။ သခင်ဘုရားပြန်လည်ကြွလာသည့်တိုင်အောင် ကျန်ရစ်သော ကျွန်ုပ်တို့သည် သေဆုံးသွားသူများထက် စော၍ ခရစ်တော်ကို တွေ့ဆုံကြမည်မဟုတ်။ |
ဘုရားသခင်၏လူတစ်ဦးသည် ထာဝရဘုရား၏အမိန့်တော်အတိုင်း ယုဒပြည်မှ ဗေသလမြို့သို့ ရောက်လာ၏။ ထိုအချိန်တွင် ယေရောဗောင်မင်းကြီးသည် နံ့သာပေါင်းကို မီးရှို့ပူဇော်ရန် ယဇ်ပလ္လင်နားတွင် ရပ်နေ၏။
“အစာလည်း မစားရ၊ ရေလည်း မသောက်ရ”ဟု သင့်အား ငါမှာထားသောနေရာသို့ ပြန်သွားပြီး စားသောက်လေပြီ။ ထို့ကြောင့် သင့်အလောင်းသည် သင့်ဘိုးဘေးတို့၏သင်္ချိုင်းသို့ ရောက်ရမည်မဟုတ်’ဟူ၍ မိန့်တော်မူ၏”ဟု အော်ဟစ်ပြောဆိုလေ၏။
အကြောင်းမူကား ထာဝရဘုရားက ‘သင်သည် အစာကို မစားရ၊ ရေကိုလည်း မသောက်ရ၊ လာသောလမ်းအတိုင်းလည်း မပြန်ရ’ဟူသောစကားကို ငါ့အား မှာထားတော်မူပြီ”ဟု ပြန်ပြော၏။
ထာဝရဘုရားမိန့်တော်မူသဖြင့် ပရောဖက်အဖွဲ့သားတစ်ဦးက မိမိအဖော်အား “ငါ့ကို ရိုက်ပါ”ဟု ဆိုလျှင် သူ့အဖော်က သူ့ကိုမရိုက်ဘဲနေ၏။
သို့သော် မိက္ခာယက “ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ ငါ့အား ထာဝရဘုရားမိန့်တော်မူသောအရာကိုသာ ငါဟောမည်”ဟု ပြန်ပြော၏။
မည်သူသည် ငါ့ကို အလျင်ပေး၍ ငါပြန်ပြီးပေးရမည်နည်း။ မိုးကောင်းကင်အောက် ရှိသမျှတို့သည် ငါ့အပိုင် ဖြစ်၏။
အို ထာဝရဘုရား၊ အကျွန်ုပ်မူကား ကိုယ်တော့်ထံ အကူအညီအော်ဟစ်တောင်းခံပါ၏။ နံနက်အချိန်၌ အကျွန်ုပ်၏ဆုတောင်းချက်သည် ကိုယ်တော့်ထံသို့ရောက်ပါ၏။
ပေတရုက “ပေးဆောင်ပါသည်”ဟု ဖြေပြီးမှ အိမ်ထဲသို့ဝင်လာရာ ယေရှုက“ရှိမုန်၊ သင်မည်သို့ထင်မြင်သနည်း။ ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့သည် မည်သူ့ထံမှ အခွန်အကောက်များကို ကောက်ခံကြသနည်း။ မိမိတို့၏သားများထံမှလော၊သို့မဟုတ် သူတစ်ပါးတို့ထံမှလော”ဟု ပေတရုကို ဆီး၍မေးတော်မူ၏။
ငါသည် ဝါကြွားရမည်ဖြစ်၍ အကျိုးမရှိသော်လည်း သခင်ဘုရားပေးတော်မူသော ရူပါရုံနှင့်ဗျာဒိတ်တော်အကြောင်းများကို ဆက်၍ပြောပါမည်။
အဘယ်ကြောင့်ဆိုသော် သခင်ယေရှုကို ထမြောက်စေတော်မူသောအရှင်သည် ငါတို့ကိုလည်း ယေရှုနှင့်အတူထမြောက်စေ၍ သင်တို့နှင့်အတူ ရှေ့တော်သို့ခေါ်သွင်းတော်မူမည်ဖြစ်ကြောင်း ငါတို့သိကြ၏။
အကြောင်းမူကား ၎င်းကို လူ့ထံမှ ငါရရှိခဲ့သည်မဟုတ်။ သင်ယူခဲ့သည်လည်းမဟုတ်။ ယေရှုခရစ်တော်၏ဗျာဒိတ်တော်အားဖြင့်သာ ငါရရှိခဲ့၏။
ငါတို့သခင်ယေရှုကြွလာတော်မူသောအခါ ကိုယ်တော်၏ရှေ့တော်၌ ငါတို့၏မျှော်လင့်စရာအကြောင်း၊ ဝမ်းမြောက်စရာအကြောင်းနှင့် ဝါကြွားစရာသရဖူဖြစ်မည့်သူမှာ မည်သူနည်း။ သင်တို့ပင်မဟုတ်လော။
ညီအစ်ကိုတို့၊ သင်တို့သည် မျှော်လင့်ခြင်းမရှိသောအခြားသူများကဲ့သို့ ဝမ်းနည်းခြင်းမရှိကြမည့်အကြောင်း အိပ်ပျော်သောသူတို့နှင့်ပတ်သက်၍ သင်တို့မသိဘဲနေရန် ငါတို့အလိုမရှိ။
ငါတို့သည် နိုးနေသည်ဖြစ်စေ၊ အိပ်ပျော်နေသည်ဖြစ်စေ ကိုယ်တော်နှင့်အတူ အသက်ရှင်မည့်အကြောင်း ကိုယ်တော်သည် ငါတို့အတွက် အသေခံတော်မူ၏။
ညီအစ်ကိုတို့၊ ငါတို့သခင် ယေရှုခရစ်တော်၏ကြွလာတော်မူခြင်းအကြောင်းနှင့် ကိုယ်တော်ထံ၌ ငါတို့အတူတကွစုဝေးခြင်းအကြောင်းတို့နှင့်ပတ်သက်၍